Colombo Plan Staff College for Technician Education (CPSC) မှ Online In-Country Program on Developing Modern TVET Curriculum သင်ကြားရေးအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနား

cpsc

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Colombo Plan Staff College for Technician Education (CPSC) တို့ ပူးပေါင်း၍In-Country Program on Developing Modern TVET Curriculum သင်ကြားရေးအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနား အား ၂၀၂၂ ခုနှစ်၊ မေလ (၃၀)ရက်နေ့၊နံနက်(၉)နာရီအချိန် တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ CPSC မှ ညွှန်ကြားရေးမှူးချုပ် Prof.G.L.D Wickramasinghe နှင့် ဖိလစ်ပိုင်နိုင်ငံရှိ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏  သံရုံးတာဝန်ခံ  ဦးအောင် ကျော်ဦးတို့မှ အမှာစကားများ အသီးသီးပြောကြားပြီး ဦးစီးဌာနနှင့် CPSC တို့၏ Video များ ပြသခဲ့ကြပါသည်။

အဆိုပါ Developing Modern TVET Curriculum သင်ကြားရေး အစီအစဉ်အား ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ  ဘာသာ ရပ်ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း(၃၀)ဦးအား သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍  (၃၀-၅-၂၀၂၂) ရက်နေ့မှ (၃-၆-၂၀၂၂) ရက်နေ့အထိ CPSC နှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် Theme Paper များ အဖြစ် Overview of the TVET System in Myanmar, Understanding Competency Based Training, Identifying Priority Occupations, Identifying Competencies, Designing CBT Programmes နှင့် Developing a Curriculum Framework တို့ပါဝင်ကြမည်ဖြစ်ပြီး Group Work များပြုလုပ်၍ အဓိက မျှော်မှန်းရလဒ်များအနေဖြင့် Post-COVID Issues and Challenges, List of Priority Skills Requirements, DACUM Chart, Program Design, Module Design နှင့် Curriculum Framework များ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။