Share this

img.share-image

အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) တွင် ဖွင့်လှစ်မည့် Food & Beverages Vocational Training (F&BVT) စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းအပတ်စဉ်(၄)အတွက် သင်တန်းသားများခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားအခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကျောင်း အမှတ်စဉ်(၄)ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်။
(၁) သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၂၀ပြည့်နှစ် ဧပြီလ(၂၇)ရက်
(၂) သင်တန်းဖွင့်လှစ်မည့်နေရာ - အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း (မီးခွက်စျေးအနီး၊ မီးခွက်စျေးမှတ်တိုင်၌ ဆင်းရပါမည်)
(၃) ပို့ချမည့်သင်တန်းများ
•    ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း (Baking & Confectionery Course) - သင်တန်းသား (၂၀)ဦး၊
•    အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း (Food Service & Culinary Course) - သင်တန်းသား(၂၀)ဦး၊
•    ကော်ဖီနှင့်ဖျော်ရည်သင်တန်း (Beverage Course)- သင်တန်းသား(၂၀)ဦး၊
(၄) သင်ကြားမည့်ကာလ (စုစုပေါင်း(၁၆)ပတ်)
(၅) လျှောက်လွှာတင်ရန် လိုအပ်သောစာရွက်စာတမ်းများ-
      (၁) ဝင်ခွင့်လျှောက်လွှာ၊ (၂) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ (၃) ပတ်စ်ပို့ ဓါတ်ပုံတစ်ပုံ၊ (၄) ပညာအရည်အချင်း(အဌမတန်း)အောင်မြင်ကြောင်းထောက်ချက် (၅)ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်(မြို့နယ်ကျန်းမာရေးဦးစီးဌာန)။
      ဝင်ခွင့်လျှောက်လွှာကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ရုံးခန်းနှင့် WITH-မေတ္တာအလင်းအသင်းရုံးခန်းတို့တွင် ရယူနိုင်ပြီး Facebook Page: F&BVT မှလည်း download ရယူနိုင်ပါသည်။ အောက်ပါလင့်ခ်တွင်လည်း download ရယူနိုင်ပါသည်။

(၆) ဆက်သွယ်စုံစမ်းရန်

      ဝင်ခွင့်လျှောက်လွှာကို

      -အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)၊ဗိုလ်အောင်ကျော်လမ်း၊ လှိုင်သာယာမြို့နယ်၊ ဖုန်း ၀၉-၂၆၆၀၈၀၅၃၈။

      -WITH-Myanmar -မေတ္တာအလင်းအသင်းရုံးခန်း၊ အမှတ် (၁၂၉-A1) အေးသိဒ္ဓိလမ်း၊ သီရိလမ်းသွယ်၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း ၀၉-၄၄၇၄၆၂၆၈၈ တို့တွင် ရယူနိုင်ပြီး Facebook Page: F&BVT မှလည်း download ရယူနိုင်ပါသည်။
        အသေးစိတ်အချက်အလက်များသိရှိလိုပါက အထက်ပါရုံးခန်းများသို့ ရုံးချိန်တွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

      -အပတ်စဉ်(၄) အတွက် လျှောက်လွှာကို ၂၀၂၀ ပြည့်နှစ် မတ်လ (၂၆) ရက်နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ပါသည်။

                                                                                           နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

သင်တန်းများ