Share this

img.share-image

Novel Coronavirus (COVID-19) အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလိုက်နာဆောင်ရွက်ရန် GTC/GTI/JMASVTI များသို့ ညွှန်ကြားချက်များထုတ်ပြန်ခြင်း

နေပြည်တော် မတ်လ ၁၈ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ၁၂-၃-၂၀၂၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် 2019 Novel Coronavirus (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး၌ လက်ရှိဖြေဆိုနေသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲများနှင့် တက္ကသိုလ်စာမေးပွဲ များ ကျင်းပနေစဉ်ကာလအတွင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတွက် လိုက်နာဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ရည်ညွှန်း ချက်ပါစာဖြင့် အကြောင်းကြားလာပါသဖြင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးဌာနအောက်ရှိ သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အကြောင်းကြားဆောင်ရွက်လျက်ရှိပါသည်။

သင်တန်းများ