Share this

img.share-image

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နည်းပညာ၊ သက်မွေးပညာ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြိုသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီလ ၁၇ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကောလိပ်၊သိပ္ပံ၊ ကျောင်းများနှင့်သင်တန်းဌာနများအတွက် အလုပ်တာဝန်ဝတ္တရားများခန့်အပ်ထားခဲ့ပြီးသော ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင်အကြိုသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၁-၂၀၂၀) နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီး ဦးမြတ်ကိုနှင့် ဌာနမှူးများ၊ သင်တန်းဆရာဆရာမများနှင့် သင်တန်းသား/သူ ဆရာဆရာမများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ ကျောင်းအုပ်ကြီးနှင့်ဌာနမှူးများမှ သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

သင်တန်းများ