Share this

img.share-image

ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၂)ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲ၌ ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေး လုပ်ငန်း ၁၂ ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်း ပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့် သင်ယူခွင့်များ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ မူလတန်းအရွယ် ကလေးတိုင်း မူလတန်း ပညာရေးကို ပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျား ဒေသရှိ ကလေးများ စသည့်ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်းသင် တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသား ဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ သင့်လျော်သော ဆရာ၊ ကျောင်းသား အချိုးရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိကျောင်းများ (အထူးသဖြင့် ကျောင်း အသုံး အဆောင်ပစ္စည်းများ လုံလောက်မှု မရှိသော အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပညာအရည်အချင်း နည်းပါးသူများ ၏ နေထိုင်မှုဘဝ တိုးတက်ကောင်း မွန်စေရန် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များ နှင့် သက်မွေးမှုသင်တန်းအစီအစဉ်များဖြင့် ဆက်လက် ပညာဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲ သင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သော ကမ္ဘာ့ အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီအဆင့်မြင့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည် ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ ၏ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား မိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေး ဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း၊ တိကျ မှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေးပြုပြင် ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှု လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းအခြေပြု မူကြို ကျောင်း ၃၁၁၅ ကျောင်းတွင် ဆရာ၊ ဆရာမ ၄၅၇၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၈၀၆၅၈ ဦး ရှိပါကြောင်း၊ အခြေခံပညာကျောင်း များတွင် သူငယ်တန်း (KG) ကျောင်းသား ၈၇၃၅၄၈ ဦး တက်ရောက်လျက်ရှိပြီး KG ကျောင်းနေအရွယ် ကလေး တိုင်း KG တန်းသို့ တက်ရောက်သင်ယူမှုခွင့် ရရှိရေးအတွက် သင်ရိုးသစ် KG အတန်းများတွင် ဖွင့်လှစ်လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်သဖြင့် ၂၀၁၉ ခုနှစ်အတွင်း အခြေခံပညာအဆင့် သင်ယူပြီးမြောက်သူ ၁၆၉၅၉၁ ဦး၊ အလယ်တန်းအဆင့် သင်ယူပြီးမြောက်သူ ၁၈၃၂၈၉ ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၃၃၃၉၇၈ ဦး အထိ တိုးတက်လာပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တွင် တိုင်းရင်းသားဘာသာစကား ၆၃ မျိုးကို တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ကျောင်းပေါင်း ၁၃၁၀၀ ၌ ဆရာ၊ ဆရာမ ၂၆၀၈၄ ဦးက ကျောင်းသား ၊ ကျောင်းသူ ၈၄၈၄၈၀ ကို သင်ကြားပေးခဲ့ပါကြောင်း။

၂၀၁၉ ခုနှစ်တွင် အစိုးရအခြေခံပညာကျောင်း(မူ/လယ်/ထက်)များ၌ ဆရာနှင့် ကျောင်းသား အချိုးအနေဖြင့် ၁ အချိုး ၂၂၊ အစိုးရ နည်းပညာနှင့် သက်မွေးအထက်တန်း ကျောင်း/ သိပ္ပံများ၌ ဆရာနှင့် ကျောင်းသားအချိုးအနေ ဖြင့် ၁ အချိုး ၄ နှင့် တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ် များ၌ ဆရာနှင့် ကျောင်းသားအချိုးအနေဖြင့် ၁ အချိုး ၄၅ ရှိပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သတ်မှတ် အရည်အချင်း ပြည့်မီသူများ (တိုင်းရင်းသား/ ဒေသခံများ)ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ရွေးချယ် ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မူလတန်းပြ/ အလယ်တန်းပြ/ အထက်တန်းပြ ဆရာ/ဆရာမ စုစုပေါင်း ၁၄၃၈၈ ဦး၊ နည်းပညာနှင့် သက်မွေး အထက်တန်းကျောင်း/ သိပ္ပံ ၌ သင်တန်း ဆရာ/ဆရာမ ၅၆၁ ဦးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ နည်းပြ/သရုပ်ပြ ၁၂၃၅ ဦးတို့အပြင် အချိန်ပိုင်း နည်းပြ၊ သရုပ်ပြ ၄၃၆ ဦးကို ခန့်အပ် ထားပါကြောင်း။ ၂၀၁၉ - ၂၀၂၀ ပညာရေးနှစ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေးကို မြို့နယ် ၈၉ မြို့နယ်၌ ဆောင်ရွက် ခဲ့ရာ သင်ယူသူ ၇၅၄၅ ဦးနှင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေးကို မြို့နယ် ရှစ်မြို့နယ်၌ ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၁၉၁၉ ဦး ရှိပါကြောင်း။

အလားတူ အခြေခံစာတတ်မြောက်ရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဧပြီလမှ မေလအထိ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၄၆၉၀၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပဲခူးတိုင်း ဒေသကြီးတွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၁၈၈၆ ဦး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၇၂ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၆၉၀၁ ဦးရှိပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် CBMSC ကာလတို သင်တန်းအမျိုးအစားပေါင်း ၆၀ ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း။

တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တက္ကသိုလ်+၇၊ မန္တလေးတက္ကသိုလ်+၇ တို့တွင် တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားစိစစ်ရွေးချယ်မှု ခွင့်ပြုဆောင်ရွက်ခြင်း၊ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် တိုးမြှင့်ပေးခြင်းတို့ကို စွမ်းဆောင်ရည်သတ်မှတ် ချက်အရ ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်ပဋိညာဉ်စာတမ်း ရေးဆွဲခြင်း၊ အသုံးချ သုတေသန၊ သင်ရိုးညွှန်းတမ်း၊ စာကြည့်တိုက်၊ အိုင်စီတီ၊ တက္ကသိုလ်-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အရည်အသွေးအာမခံမှု၊ တက္ကသိုလ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံခြားပညာသင်စေလွှတ်ခြင်း၊ လုံခြုံဘေးကင်းပြီး ကျန်းမာ၍ အရည်အသွေး ရှိသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေး ဖြည့်ဆည်းပံ့ပိုး လျက်ရှိပါကြောင်း။

အလားတူ သူငယ်တန်း+၁၂တန်း အခြေခံပညာရေးနှင့် လိုက်လျောညီထွေရှိသော သင်ရိုး ညွှန်းတမ်း၊ သင်ကြား သင်ယူမှု နည်းလမ်း၊ အသုံးချသုတေသန၊ ဒေသအကျိုးပြု ဘွဲ့သင်တန်းများ စသည့်လုပ်ငန်းများ စီစဉ်ဆောင်ရွက်ရန် အားပေးခြင်း၊ နေ့သင်တန်း ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ (ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မပါ)တွင် အဝေးသင်တက္ကသိုလ် သင်တန်းများအတွက် သင်ကြားသင်ယူရေးလုပ်ငန်းများ၊ စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်လုပ်ငန်းများ စီမံခန့်ခွဲမှု ခွင့်ပြုခြင်း စသည် တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားတစ်ဦးလျင် ဗလာစာအုပ် (၁)ဒါဇင်နှုန်းဖြင့် စုစုပေါင်း ကျပ် ၉၅၇၁.၄၉၄ သန်းတန်ဖိုးရှိ ဗလာစာအုပ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ အသုံး စရိတ်သည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သာမန်အသုံးစရိတ် ငွေကျပ် ၁၉၃၁၀၃၃ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၇၅၄၉၃၄ သန်းရှိပြီး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ နှစ်အလိုက် နှိုင်းယှဉ်ပါက ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ပညာရေးကဏ္ဍအသုံးစရိတ်အနေဖြင့် ကိုးဆ တိုးတက်လာပါကြောင်း။

နိုင်ငံတော်အစိုးရ၏ ပညာရေးဆိုင်ရာဘဏ္ဍာငွေများကို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ်များ အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အရ ခွဲဝေလျာထား သတ်မှတ်၍ နှစ်စဉ် အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ စီမံသုံးစွဲလျက် ရှိပါကြောင်း၊ တင်ဒါလုပ်ငန်းစဉ် အဆင့်ဆင့်ကို ပွင့်လင်း မြင်သာမှုရှိစေရန်အတွက် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များ၏ Website များတွင် ဖော်ပြလျက်ရှိပြီး ဌာနတွင်း စာရင်းစစ်ဆေးခြင်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်နေ ပါကြောင်း၊ လစဉ် ဘဏ္ဍာငွေ အရအသုံးစာရင်းများကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ Website များတွင် ဖော်ပြပေးလျက်ရှိပါ ကြောင်း။

တိကျမှန်ကန်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိစေရန်အတွက် ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS)ကို အကောင် အထည်ဖော်လျက်ရှိရာ Module (၅)ခု (HR, BE, HE/TVET, AE, Procurement/Finance)အတွက် Software ရေးဆွဲခြင်းနှင့် EMIS Software Training ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Module Software ရေးဆွဲခြင်း ကို Update ပြုလုပ်ခြင်းနှင့် အချက်အလက်များ ဖြည့်သွင်း ခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာ ကျောင်းများကို Software အသုံးပြုမှု သင်တန်းကျင်းပခြင်း၊ Software ပြင်ဆင်မှုများ အပြီးသတ် ဆောင်ရွက်ခြင်း၊ Update ပြုလုပ်ပြီးနောက် Roll Out ပြုလုပ်ခြင်းနှင့် EMIS Data Management Training သင်တန်းများ ကျင်းပခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ C4M(APP)ကို အသုံးပြု၍ တိုင်းဒေသကြီး၊ ပြည်နယ် ခြောက်ခုတွင် အခြေခံပညာကျောင်း အချက်အလက် ကောက်ယူခြင်းကို စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် အခြေခံပညာ ကျောင်းများ၌ School Mappingကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ဦးစီးဌာနအလိုက်၊ နှစ်အလိုက် လုပ်ငန်းအကောင် အထည်ဖော်ရေး စီမံကိန်း (Departmental Annual Implementation Plan- DAIP) များ ရေးဆွဲခြင်း၊ ပညာရေး အရည်အသွေး အာမခံမှုစနစ်များ၊ အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် (School Quality Assurance Standards Framework– SQASF) မူကြမ်းရေးဆွဲခြင်း၊ လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၊ အညွှန်းဘောင်(Moni-toring and Evaluation Frame Work) ရေးဆွဲခြင်း၊ Communication Situation Analysis Phase-1 မူကြမ်းအစီရင်ခံစာ ရေးသားပြုစု ခြင်း၊ လူမှုရေးဆိုင်ရာအကျုံးဝင်မှု(Social Inclusion) ပိုစတာများ ပြုလုပ်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် သတင်းမီဒီယာများက ကိုဗစ်ကာလဖြစ် သည့်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ရာတွင် လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်မည့် အခြေအနေကို မေးမြန်းရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ၂၀၂၀ တက္ကသိုလ် ဝင်တန်းအောင်စာရင်း အမြန်ဆုံးထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အောင်စာရင်းထုတ်ပြန်မည့် ရက်ကို သတင်း ဌာနများသို့ အသိပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေအပေါ် မူတည်ပြီး Social Distancing အရ ဝက်ဘ်ဆိုဒ်က ထုတ်ပြန်သွားမည် ဖြစ်ပြီး ယင်းကာလပြီးဆုံးသွားပါက ပုံမှန်အတိုင်း ကြေညာ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများက ပညာရေးဝန်ကြီး ဌာန၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတို့နှင့် စပ်လျဉ်း၍ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား စာပေနှင့် ဘာသာစကား သင်ကြားရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဆရာ၊ ဆရာမများ ခန့်ထားမှု နှင့် ထောက်ပံ့မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် လုံခြုံမှုရှိစွာ သင်ကြားသင်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့နေသည့် ဒေသများရှိ ကျောင်းများ အတွက် သီးခြားဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘတ်ဂျက်သုံးစွဲမှု နှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အခြေအနေ၊ အိမ်ရာပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဗိုလ်ချုပ်ဈေးရှိ ဝန်ကြီးဌာနပိုင် ဆိုင်ခန်း ကိစ္စ၊ တိုင်းရင်းသားဘာသာစကား သင်ကြားရာတွင် ဆရာ၊ ဆရာမများကို လစာ ထပ်ဆောင်းပေး၍ သင်ကြားနေမှု အခြေအနေနှင့် ဆရာ ဆရာမ အင်အား၊ စာသင်ခန်းများတွင် သတ်မှတ်အကွာအဝေးဖြင့် စာသင်ခုံများ နေရာချထားမှု တို့နှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

သင်တန်းများ