သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၂၀ ဇူလိုင် (၁၅) ရက်
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများနှင့် Video Conferencing စနစ်ဖြင့် ကျင်းပသည့် သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၅-၇-၂၀၂၀ ရက်နေ့ နေ့လယ် (၂)နာရီတွင် ကျင်းပသည်။
အဆိုပါအစည်းအဝေးကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်သင်တန်းဌာနများမှ ကျောင်းအုပ်ကြီးများမှ Online Webinar ဖြင့် တက်ရောက်ကြပြီး ကချင်ပြည်နယ်အတွင်းရှိ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်)၊ ကယားပြည်နယ်အတွင်းမှ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(လွိုင်ကော်) ကျောင်းများမှ ကျောင်းအုပ်ကြီးများသည် သက်ဆိုင်ရာကျောင်းများအလိုက် အစိုးရသစ်လက်ထက်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အချက်အလက်များကို presentation များ အသီးသီးပြုလုပ်တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးများမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။