Share this

img.share-image

သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၀ ဇူလိုင် (၁၆) ရက်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများနှင့် Video Conferencing စနစ်ဖြင့်  ကျင်းပသည့် သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၆-၇-၂၀၂၀ ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံး၌ ကျင်းပပါသည်။

အဆိုပါအစည်းအဝေးကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်သင်တန်းဌာနများမှ ကျောင်းအုပ်ကြီးများမှ Online Webinar ဖြင့် တက်ရောက်ကြပြီး ကရင်ပြည်နယ်မှ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ ချင်းပြည်နယ်အတွင်းမှ အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်၊ တီးတိန်၊ ထန်တလန်) ကျောင်းများမှ ကျောင်းအုပ်ကြီးများသည် သက်ဆိုင်ရာကျောင်းများအလိုက် အစိုးရသစ်လက်ထက်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အချက်အလက်များ၊လက်ရှိအခြေအနေတွင် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များနှင့်ရှေ့ဆက်လုပ်ငန်းစဉ်များကို presentation များ အသီးသီးပြုလုပ်တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးများမှ သင်တန်းကျောင်းအသစ်များနှင့်သင်တန်းအသစ်များတိုးချဲ့ဖွင့်လှစ်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက်များဖြစ်သည့် ဝန်ထမ်းဖွဲ့စည်းပုံလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်များ၊ ဆရာဆရာမလိုအပ်ချက်များနှင့် စီမံဝန်ထမ်း၊ အောက်ခြေဝန်ထမ်းများ ကနဦး ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

သင်တန်းများ