Share this

img.share-image

အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ် ကာလတို သက်မွေးပညာသင်တန်း အပတ်စဉ် (၁/၂၀၂၀) သင်တန်းသားခေါ်ယူခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၁၁ ရက်

နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) သည် ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ် ကာလတို သက်မွေးပညာသင်တန်း အပတ်စဉ် (၁/၂၀၂၀) အောက်ဖော်ပြပါ ကာလတိုသက်မွေးပညာသင်တန်းများအား သင်တန်းသားခေါ်ယူခြင်းကို (သင်တန်း ကြေးအခမဲ့) ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ လာရောက် လျှောက်လွှာတင် လျှောက်ထား နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဖွင့်လှစ်မည့်သင်တန်းများ

အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း

အခြေခံကွန်ပျူတာသင်တန်း

အခြေခံမြေတိုင်းတာခြင်းသင်တန်း

တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်းသင်တန်း

PCB Design & Product

သင်တန်းကာလ

(၁၅.၂.၂၀၂၀)မှ ( ၂၉.၃.၂၀၂၀)ထိ

လျှောက်လွှာထုတ်ယူရမည့်နေရာ - ကျောင်းသားရေးရာဌာန(G.T.I ကန့်ဘလူ)

လျှောက်လွှာစတင်ထုတ်ပေးမည့်ရက် - ( ၁၁.၂.၂၀၂၀ ) မှ ( ၁၄.၂.၂၀၂၀ ) ထိ

 

 

သင်တန်းများ