Share this

img.share-image

အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်​ကော်) ​​ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

​နေပြည်​တော် ​ဖေ​ဖော်ဝါရီလ ၂၉ ရက်

ကယားပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ အတွက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များ လေ့လာ ဆည်းပူးသင်ယူနိုင်ရေး၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍများအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေ ရေး အတွက် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရစက်မှု လက်မှု သိပ္ပံ(လွိုင်ကော်) ဖွင့်ပွဲအခမ်းအနားအား (၂၉.၂. ၂၀၂၀)ရက်နေ့ (၁၀:၁၅)နာရီအချိန် အစိုးရစက်မှု လက်မှု သိပ္ပံ(လွိုင်ကော်)ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ 

 အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ပညာ​ရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာနမှ ညွှန်ကြား​ရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ စုံလင်စွာ တက်ရောက်ခဲ့ကြပါ သည်။

 ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာ တွင် ယနေ့ကျင်းပပြုလုပ်သည့် အစိုးရစက်မှုလက်မှု သိပ္ပံ (လွိုင်ကော်)ဖွင့်ပွဲ အခမ်းအနားသို့ ကြွရောက်လာသည့် အကြီးအကဲများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ် များမှ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ ယနေ့ သည် ပြည်နယ်အတွက် ဂုဏ်ယူဝမ်းမြောက်ရမည့် နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ လူငယ်များ အတွက် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရော နစ်၊ လျှပ်စစ်စွမ်းအားနှင့် စက်မှု အင်ဂျင်နီယာ ဘာသာ ရပ်များကို သင်ကြားပို့ချပေးမည့် ကျောင်းတော်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်၍ ဖြစ်ပါကြောင်း၊ ယနေ့အခမ်း အနားဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ဆရာ၊ ဆရာမများအားလုံး စည်းလုံးညီညွတ်စွာ ဆောင် ရွက်ခဲ့သည်ကို တွေ့မြင်ရပြီး ကြိုးပမ်း ပေးကြသည့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကို အသိအမှတ် ပြုပြောကြားလိုပါကြောင်း၊ ထို့အပြင် ဆရာ၊ ဆရာမများ နှင့် အတူ ပူပေါင်းပေးသည့် သင်တန်းသား/သူများကို လည်း ကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍသည် လွန်စွာအရေးကြီးပြီး အရည် အသွေးပြည့်ဝစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာန များက မူဝါဒများ ချမှတ်အကောင်အထည်ဖော် နေသည် ကို တွေ့မြင်ရပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မိမိတို့ ပြည်နယ်အစိုးရအနေနှင့် ယခုလို သက်မွေးပညာကျောင်းများ ဖြစ်ပေါ်လာစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအနေနှင့် လိုအပ်ချက်များ၊ တင်ပြရန်များ ရှိပါက ယနေ့ အခမ်းအနားတွင် တပါတည်း တင်ပြပေး ရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ လည်း နည်းပညာနှင့်သက်မွေးပညာရပ်သည် ဒုတိယ တန်းစားပညာရပ်မဟုတ်ကြောင်း ပြောကြား ခဲ့ပြီး လူမှု စီးပွားကဏ္ဍများ ဖွံ့ဖြိုးရန်အတွက် ယင်းပညာရပ် များကို ပထမတန်းစားပညာရပ်ဖြစ် အောင် ကြိုးပမ်းရန်လိုပါ ကြောင်း၊ မိမိတို့အစိုးရအနေနှင့် မိမိတို့လိုလားသည့် အရွေ့ကို အရောက်လှမ်းနိုင်ရန်အတွက် တာဝန်ယူ ဆောင်ရွက်နေသည့် (၄)နှစ်တာကာလအတွင်း သက်ဆိုင် ရာ ဌာနတာဝန်ရှိသူများနှင့်အတူ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ယင်းကဏ္ဍဖွံ့ဖြိုးရေးအတွက် အထူးအလေးအနက်ထား ကြိုးပမ်းစေလိုပါကြောင်း၊ ယင်းကျောင်းကြီး အား ၂၀၁၈ ခုနှစ်တွင် စတင် ဆောက် လုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ လိုအပ် သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ယခင်က စက်မှုအထက်တန်း ကျောင်းတစ်ခုတည်းရှိခဲ့ပြီး မိမိတို့ အစိုးရအနေနှင့် အစိုးရ အထက်တန်းကျောင်းကိုလည်း ဖွံ့ဖြိုးတိုးတက် စေရေး စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အားနည်း ချက် များ ကို လျော့နည်း ပပျောက်အောင် အလေးထား ကြိုးပမ်းလျက်ရှိသည်ကို ဆရာ၊ ဆရာမများက သိရှိ၍ ခွန်အားသစ်များ တိုးတက်ရရှိရန် ဖြစ်ပါကြောင်း၊ ကယား ပြည်နယ်အတွင်းရှိ သက်မွေးပညာရပ်ကို စိတ်ပါဝင်စား သည့် လူငယ်များအနေနှင့် ကျွမ်းကျင်မှုများ တိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များ တိုးတက်ရေးဖော်ဆောင်ရာတွင် ယင်းပညာရပ်များ လေ့လာခွင့်ရရှိရေး၊ ပိုမိုကောင်းမွန် သော နည်းပညာနှင့်သက်မွေးပညာများ တိုးတက်ရေး အတွက် မဟာဗျူဟာများ ချမှတ် ဆောင်ရွက်နေပါ ကြောင်း၊ ယခု ဖွင့်လှစ်လိုက်သည့် အစိုးရစက်မှုလက်မှု သိပ္ပံ(လွိုင်ကော်)သည် မဟာဗျူဟာမြောက် စီမံကိန်းတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ရေရှည်တည်တံ့အောင်မြင်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ နည်းပညာများကို မျက်ခြေ မပြတ်စေဘဲ ဒေသနှင့်ကိုက်ညီပြီး အရည် အသွေး ပြည့်သည့် သင်ကြားသင်ယူမှုများ ဖြစ် လာစေ ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု၊ ဆရာ၊ ဆရာမများ၏ လိုက်ပါဆောင်ရွက်မှု၊ သင်တန်းသား/သူများ၏ စိတ်ပါ ဝင်စားမှုများ မြင့်မား လာအောင် ကြိုးပမ်းကြရမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ရာ ကျောင်းအတွက် လိုအပ် ချက်များ ရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ ချိတ်ဆက်တင်ပြပေးရန် ဖြစ်ပြီး တင်ပြချက်အပေါ် အကောင်အထည်ဖော်ပေး နိုင်ရေး အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောင်းကြီး အချိန်နှင့် တပြေးညီ ဖွံ့ဖြိုးရေးအတွက် မိမိတို့အရပ်သားအစိုးရ လက်ထက်တွင် ယင်းအခွင့်အရေးများကို ရယူရန်လိုပြီး၊ ပိုမိုကောင်းမွန်သည့် အရွေ့ကို အရှန်အဟုန်ဖြင့် သွားနိုင် ရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်း လဲမှုကို ဆောင်ရွက်ပေးနေသည့် ပညာရေးဝန်ကြီးဌာန နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက်သာမက ကယားပြည်နယ်အတွက် သိသာ ထင်ရှားသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေ လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့ကျောင်းသား/သူများ၏ ပညာရေးတစ်ခုတည်း တိုးတက်ရန်မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ ဆရာမများမှ အကောင်းဆုံးသင်ကြားပြသပေးစေလိုပြီး၊ ကျောင်းသား/သူများအနေနှင့်လည်း မိမိအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး အတွက် ရည်ရွယ်၍ ကြိုးပမ်းကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများ ခံယူ စေလိုသည်မှာ သင်ကြား၊ သင်ယူမှု ဘာသာရပ်(၄)ခုတွင် ခေတ်နှင့်အညီ ကြိုးပမ်းနေသည့် သက်မွေးပညာရပ်နှင့် ပတ်သက်၍ ကယားပြည်နယ်၏ လုပ်ငန်းများအတွက် သာမက နိုင်ငံတစ်ဝှမ်းလုံးနှင့် နှိုင်းယှဉ်ချိန်ထိုး၍ သင်ကြား ပြသသင်ယူမှုများကို မဖြစ်မနေ ဆောင်ရွက်စေ လို ပါကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ယခုအခမ်းအနားသို့တက်ရောက်ပူးပေါင်းခွင့်ရသည့် အတွက် များစွာ ဝမ်းမြောက်မိပြီး ကျောင်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးခြင်း၊ ညီညွတ်ခြင်း အသွင်သဏ္ဍန်များအား ခိုင်ခိုင်မာမာနှလုံးသွင်းပြီး အလေး ထားဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ နည်းပညာ များ ကို ကြိုးပမ်းပုံဖော်ရာတွင် အသိဉာဏ်ရော၊ နှလုံးသားပါ ဒွန်တွဲ၍ အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းပုံဖော် ဆောင်ရွက် ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

 ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာ သည့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများက တင်ပြရာတွင် လျှပ်စစ်စွမ်းအင်ဘာသာရပ် သင်ကြားနိုင်ရေးအတွက် (၁၀)ပေပတ်လည် သစ်သား စားပွဲခုံ (၄)လုံးခန့် ပံ့ပိုးပေးစေလိုပါကြောင်း၊ မြို့ပြအင်ဂျင် နီယာဘာသာရပ် သင်ကြားမှုတွင် အိမ်ဆောက်ရာတွင် အသုံးပြုသည့် သင်ထောက်ကူသစ်သားစားပွဲ (၄)ခုံခန့် လိုအပ်ပြီး၊ ပစ္စည်းဘီရို(၂)လုံးခန့် ဖြည့်ဆည်းပေးစေလို ပါကြောင်း၊ ကျောင်းတွင် စားသောက်ဆိုင်မရှိ သဖြင့် Canteen တစ်ခုဖွင့်လှစ်လို၍ ပံ့ပိုးကူညီပေးစေလို ပါကြောင်း၊ မြန်မာ၊ သင်္ချာ၊ အင်္ဂလိပ်၊ ဓာတု၊ ရူပ ဘာသာ ရပ်များကို သင်ကြားလျက်ရှိပြီး ဓာတုဗေဒဌာနအတွက် လက်တွေ့ခန်းသုံး ခုံရှည်နှင့် Basin ပံ့ပိုးပေးစေလိုပါ ကြောင်း၊ ကျောင်းအနေနှင့် အမှိုက်စနစ်တကျ စွန့်ပစ်နိုင် ရန် အတွက် စည်ပင် အမှိုက်သိမ်းကား စေလွှတ်ပေးစေ လိုပါကြောင်း၊ လက်တွေ့ပြုလုပ်နိုင်ရန် ကျောင်းတွင်း သင်တန်းများ လည်းပြုလုပ်ပေးစေလိုပါကြောင်း၊ လျှပ်စစ်စွမ်းအင်ဌာနအတွက် လက်တွေ့ပြုလုပ်သည့် ခုံနှင့်ပစ္စည်းတင်စင် ပံ့ပိုးပေးစေလိုပြီး၊ ဘာသာပြ အမျိုးသားဆရာတစ်ဦး ခန့်အပ်ပေးစေလိုပါကြောင်း၊ စက်မှုစွမ်းအင်ဌာနမှ Vice ခုံအတွက် ခုံတစ်လုံးပံ့ပိုးပေး စေလိုပြီး လိုအပ်သည့် ဆရာ၊ ဆရာမ တိုးမြှင့်ခန့်အပ် ပေးစေလိုပါကြောင်း၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် ဌာနမှ စာအုပ်စင်နှင့် ဘီရို လိုအပ်နေ၍ ပံ့ပိုးပေးစေလို ကြောင်း၊ လျှပ်စစ်စွမ်းအားဌာနမှ သင်ထောက်ကူပစ္စည်း နှင့် ကျောင်းပတ်ဝန်းကျင်အတွက် လျှပ်စစ်မီးထွန်းလင်း ရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုစွမ်း အား ဌာနမှ ကျောင်းရှေ့အဝင်လမ်းအား ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက်ချဲ့ပေးစေလိုကြောင်း၊ ကျောင်း တွင်း အားကစားပြိုင်ပွဲများ ပြုလုပ်လို၍ အားကစား ပစ္စည်း ထောက်ပံ့ပေးစေလိုကြောင်း၊ လျှပ်စစ်စွမ်းအား ကျောင်းသူမှ အဝင်လမ်းအား ကွန်ကရစ်ခင်းပေးစေလို ကြောင်းဖြင့် အသီးသီးတင်ပြ ခဲ့ကြပါသည်။ 

 တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးမည့် အခြေအနေများ၊ သက်ဆိုင်ရာ အဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းဖြေကြား ခဲ့ပါသည်။

 ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီးနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါသည်။ 

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းခဲ့ ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

သင်တန်းများ