Share this

img.share-image

အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)နှင့် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)နှင့် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဝမ်းတွင်းမြို့တွင် ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာကျော်ခိုင်ခိုင်အောင်၊အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဦးဝင်းမင်းဆန်းနှင့် သင်တန်းဆရာဆရာမများ၊ ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာကျော်ခိုင်ခိုင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရန် ပြင်ဆင်ထားသည့်အခြေအနေများကို ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြပါသည်။

သင်တန်းများ