Share this

img.share-image

အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ)တွင် ဖွင့်လှစ်မည့် Food & Beverages Vocational Training (F&BVT) စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာသက်မွေးပညာသင်တန်းအပတ်စဉ်(၄)အတွက်သင်တန်းသားများခေါ်ယူခြင်းလျှောက်လွှာတင်ရမည့်ရက်ကိုပြင်ဆင်ခြင်း

နေပြည်တော် မတ်လ ၃၁ ရက်

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားအခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကျောင်း အမှတ်စဉ်(၄) လျှောက်လွှာများတင်ခြင်းကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပြောင်းလဲဆောင်ရွက် လက်ခံသွားမည် ဖြစ်ပါသည်။

Viber (သို့) email နှင့် ​လျှောက်လွှာတင်နိုင်​ပြီ....

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း ဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ်(၄) အတွက် သင်တန်းသားများ ​ခေါ်ယူ​နေပြီး လျှောက်လွှာ​နောက်ဆုံးထားပြီး လက်ခံမည့်ရက်ကို မတ်လ (၂၆) ရက်​နေ့ အစား ​မတ်လ (၃၁) ရက်​နေ့အထိ တိုး​ပေးထားခဲ့ပါသည်။

သို့​သော်လည်း လက်ရှိဖြစ်ပွားလျှက်ရှိ​​သော COVID-19 ​ရောဂါ​ကြောင့် သွားလာခြင်းမပြုနိုင်ပဲ ​လျှောက်လွှာလာ​ရောက်မတင်နိုင်ကြသည်ကိုလည်း ကြားသိရပါသည်။

သို့ပါ၍ သင်တန်း​လျှောက်လွှာ တင်လိုသူများ ​လျှောက်လွှာနှင့်တကွ မှတ်ပုံတင်နှင့် အခြားလိုအပ်သည့်​ထောက်ခံစာများကို ဓါတ်ပုံရိုက်၍ viber နှင့်​သော်လည်း​ကောင်း email နှင့် ​သော်လည်း​ကောင်း ​ပေးပို့နိုင်​​ပြီး ​လျှောက်လွှာများ လက်ခံ​ပေးမည် ဖြစ်ပါသည်။ ​လျှောက်လွှာ​နောက်ဆုံးတင်ရမည့် ရက်ကိုလည်း ဧပြီလ (၉) ရက်​နေ့အထိ တိုးမြှင့်လိုက်ပါသည်။ မူရင်း ​လျှောက်လွှာ၊ မှတ်ပုံတင်နှင့် ​ထောက်ခံစာများကို လူ​တွေ့​မေးမြန်းရန်​ခေါ်ယူသည့်အခါ တပါတည်း ယူလာခဲ့ရန်ဖြစ်​ကြောင်းလဲ အသိ​ပေးအပ်ပါသည်။
Viber No. 09447462688 Email: fandbvt@gmail.com

သတ်မှတ်ချက်များနှင့် ပြည့်မီသူများကိုသာ လူ​တွေ့​ခေါ်ယူစစ်​ဆေးမည့် အချိန်နှင့်နေ့ရက်ကို အ​ကြောင်းကြားသွားမည် ဖြစ်​ပါသည်။

သင်တန်းကို​လည်း ကြေငြာထား​သည့်အတိုင်း ဧပြီလ (၂၇) ရက်​နေ့တွင် ဖွင့်မည်မဟုတ်ပဲ ​လူ​တွေ့စစ်​ဆေး​ရွေးချယ်ခံရပြီး ​ဆေးစစ်မှု​အောင်မြင်သူများကို သင်တန်းဖွင့်မည့်​နေ့ရက်ကို အ​ကြောင်းကြားသွားမည် ဖြစ်ပါသည်။

 

သင်တန်းများ