Share this

img.share-image

၂၀၂၀ပြည့်နှစ် “ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့ World Youth Skills Day” တွင် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးရှိ ကျောင်း(၃)ကျောင်းမှ Video File များ World Youth Skills Day Web Page နှင့် UNESCO-UNEVOC You Tube Channel တို့တွင် ဖော်ပြခံရခြင်း

နေပြည်တော် ဇူလိုင်(၁၄) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့ World Youth Skills Day” အထိမ်းအမှတ်အဖြစ် UNESCO-UNEVOC အဖွဲ့အစည်းမှ COVID-19 ကာလအတွင်း လူငယ်များမှ စဉ်ဆက်မပြတ် သင်ယူနိုင်မှု၊ လိုက်လျောညီထွေရှိမှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို ပြသနိုင်ရေးအတွက် TVET ကျောင်းသား၊ ကျောင်းသူများမှ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံကို ပုံဖော်ပြသပေးနိုင်မည့် (၁) မိနစ်စာ ဗီဒီယိုဖိုင်များပေးပို့ရန် အကြောင်းကြားဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ စုစုပေါင်း ဗီဒီယိုဖိုင်(၃၁)ဖိုင် လက်ခံရရှိခဲ့ပြီး အကြောင်းအရာ ဆီလျော်ကိုက်ညီမှုရှိသည့် ဗီဒီယိုဖိုင်(၆)ခုကို UNESCO-UNEVOC သို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပေးပို့ခဲ့ရာတွင် ဗီဒီယိုဖိုင် (၃)ခုကို World Youth Skills Day Web Page နှင့် UNESCO-UNEVOC You Tube Channel တို့တွင် ရွေးချယ်ဖော်ပြခြင်းခံခဲ့ရကြောင်းနှင့်ရွေးချယ်ဖော်ပြခံရသော ဗွီဒီယိုဖိုင်များကို အောက်ဖော်ပြပါ link များမှာ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါသည်-

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀ပြည့်နှစ် “ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့ World Youth Skills Day” အထိမ်းအမှတ်အဖြင့် UNESCO-UNEVOC World Youth Skills Day Web Page တွင် ဖော်ပြခံခဲ့ရသည့် အစိုးရနည်းပညာအထက်တန်းကျောင်း (တီးတိန်) နှင့် UNESCO-UNEVOC You Tube Channel တို့မှာ ဖော်ပြခံခဲ့ရသည့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့အား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းအသီးသီးကို အသိအမှတ်ပြုလက်မှတ်များပေးပို့ရန် စီစဉ်လျက်ရှိပါကြောင်းနှင့် World Youth Skills Day Web Page နှင့် UNESCO-UNEVOC You Tube Channel တို့တွင် ဖော်ပြခံခဲ့ရသည့် အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)တို့ကို ဆုများချီးမြှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း သိရပါသည်။

သင်တန်းများ