Share this

img.share-image

2019-2020 ပညာသင်နှစ်အတွက် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ ပထမနှစ်ဝက်စာမေးပွဲများ ယနေ့စတင်ကျင်းပ

နေပြည်တော် မတ်လ ၂၃ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်ဝက်စာမေးပွဲများကို ယနေ့ ၂၃-၃-၂၀၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အစိုးရနည်းပညာကောလိပ် (၃) ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၄) ကျောင်းနှင့် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း(ရန်ကုန်) စုစုပေါင်း (၂၈) ကျောင်းတို့တွင် သက်ဆိုင်ရာ ကျောင်းများ၏ စာဖြေဌာနများတွင် စတင်ဖြေဆိုကြပါသည်။ 

သင်တန်းများ