Share this

img.share-image

Communication For Management (C4M), TVET ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၇ ရက်

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် TVET ကဏ္ဍအတွက် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်တစ်ခုအဖြစ် အသုံးပြုနိုင်မည့် Communication For Management (C4M), TVET ကို အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီတွင် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းနှင့်ဌာနခွဲများမှ ဌာနတာဝန်ခံညွှန်ကြားရေးမှူးနှင့်ဒုတိယညွှန်ကြားရေးမှူးများနှင့်သက်ဆိုင်သူများတက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဉာဏ်ဝင်းသန်းမှ အဖွင့်အမှာစကားပြောကြားပြီး Zwenexsys International Limited မှ C4M တာဝန်ခံ ဦးသာထက်မှ Communication For Management (C4M), TVET စနစ် လုပ်ငန်းအကောင်အထည်ဖော်မည့်အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စနစ်အတွက် Software ပြုလုပ်ထားမှု အခြေအနေများကို တင်ပြရာ သက်ဆိုင်ရာ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်သူများမှ လုပ်ငန်းစဉ်ကဏ္ဍအလိုက် လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးကြပြီး ညနေ (၃) နာရီတွင် အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သင်တန်းများ