Share this

img.share-image

DTVET နှင့်ဆွစ်ဇာလန်နိုင်ငံ ဆွစ်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)တို့ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (VSDP) တိုးချဲ့ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇူလိုင်(၂၈) ရက်နေ့

၁။ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ဆွစ်ဖွံ့ဖြိုး မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)၊ ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း (Swisscontact)တို့နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (Vocational Skills Development Program၊ VSDP) ဒုတိယအဆင့် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ထပ်မံပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း အစီအစဉ်ကို ၂၀၂၀ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက် (၉ ၃၀) နာရီ တွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ဆွစ်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(SDC)၊ ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း(Swisscontact)တို့နှင့် ပူးပေါင်းအသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုအတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ်(Vocational Skills Development Program၊ VSDP) ဒုတိယအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါသည်။

၃။ အဆိုပါ ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(မော်လမြိုင်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၊ အစိုးရနည်းပညာအထက် တန်းကျောင်း(မြိတ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကော့သောင်း)တို့တွင် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကာလတို သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

၄။ ထို့အပြင် လုပ်ငန်းခွင်နှင့်သက်မွေးသင်တန်းကျောင်း ပေါင်းစပ်သင်ကြားရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)၏ ထောက်ပံ့မှု ဖြင့် ဆွစ်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဖောင်ဒေးရှင်း(Swisscontact)နှင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသအတွက် အမှန်တစ်ကယ် လိုအပ်မည့် အလုပ်အကိုင် ကျွမ်းကျင်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များအားအခြေခံ၍ အစား အသောက်စီမံချက်ပြုတ်သူ အလုပ်သင်ပညာရေးစနစ်(Cook)နှင့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင် စက်ပြင် ပေါင်းစပ်သင်ကြားရေးစနစ် (Agriculture Machinery Mechanic)နှစ်မျိုးအား ရှေ့ပြေးအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၅။ ထို့အပြင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)တွင် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာမများအတွက် အခြေခံအပ်ချုပ်သင်တန်းကိုလည်းကောင်း၊ ဒေသနေပြည်သူလူထု၏ တောင်းဆိုမှုကြောင့် သံတောင်ကြီးတွင် အခြေခံအပ်ချုပ်သင်တန်းကို လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ သင်ကြားရေး ဆရာ၊ ဆရာမများအား ဘဝတစ်သက်တာကျွမ်းကျင်မှု (Life Skill) သင်တန်းများကိုလည်းကောင်း Swisscontact ၏အကူအညီဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

၆။ ယနေ့ တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်အရ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ် ပညာဖွံ့ဖြိုးမှုအစီအစဉ် (Vocational Skills Development Program၊ VSDP) ဒုတိယအဆင့်အား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ရှမ်းပြည်နယ်တောင်ပိုင်းအား စီမံကိန်းဧရိယာ ထပ်တိုး ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး)နှင့် ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း(NVTI)တို့တွင် Hospitality Training သင်တန်းများနှင့် Local Vocational Training သင်တန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၇။ အဆိုပါတွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်သို့ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာဉာဏ်ဝင်းသန်းနှင့် တာဝန်ရှိသူများ၊ ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက် ရေးဖောင်ဒေးရှင်း (Swisscontact) ၏ Vocational Skill Development Program မှ Team Leader ဖြစ်သူ Ms.Sabine Roth ၊ Swiss Agency for Development and Cooperation (SDC)မှ ဦးနေမျိုးဇော်နှင့် ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း (Swisscontact)မှ ဦးအောင်သူတို့ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းများ