Share this

img.share-image

G.T.H.S (Hlaing Thar Yar)Food & Beverage Vocational Trainingအမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဇန်နဝါရီ ၃၁ ရက် ​နေပြည်​တော်

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားအခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ပညာ​ရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာနအာက်ရှိ အစိုးရနည်းပညာအထက်တန်း​ကျောင်း (လှိုင်သာယာ) တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မေတ္တာအလင်းအသင်း၊ KOICA နှင့် ကိုရီးယားအခြေစိုက် WITH အဖွဲ့အစည်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများတက်ရောက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ်များအသီးသီးချီးမြင့်ပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းသားသူများနှင့်ဆရာဆရာမများ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

သင်တန်းများ