Share this

img.share-image

GTI (မော်လမြိုင်) အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း(House Wiring Installation) နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်ခြင်း ကာလတိုသင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၂၁ ရက်

အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တွင် သက်မွေးပညာရပ်ဖြစ်သော အိမ်တွင်းလျှပ်စစ်ဝါယာသွယ် တန်းခြင်း (House Wiring Installation) သင်တန်းအား သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပါသည်။

သင်တန်းအစီအစဉ်

လျာထားသည့် ရက်/နေရာ -

(၁ ) လျှောက်လွှာများစတင်ထုတ်ပေး (၁၇-၂-၂၀၂၀) ရက်နေ့မှ ခြင်းနှင့်စိစစ်လက်ခံခြင်း ၊(၅-၃-၂၀၂၀)ထိ

(၂) သင်တန်းသားရွေးချယ်ခြင်း နှင့် တက်ရောက်ခွင့်ရစာရင်း (၆-၃-၂၀၂၀) ထုတ်ပြန်ကြေညာခြင်း

(၃) သင်တန်းစတင်ဖွင့်လှစ်ခြင်း (၇-၃-၂၀၂၀)

(၄) သင်တန်းကာလ (၇-၃-၂၀၂၀)မှ (၁၇-၅-၂၀၂၀)ထိ၊ သင်္ကြန်ကာလ အပတ်စဉ်စနေနေ့နှင့်တနင်္ဂနွေနေ့တိုင်း သင်တန်း ၊

ပိတ်ပေးပါမည်။

(၅) သင်ကြားမည့်အချိန် နံနက်(၀၈း၀၀)နာရီမှ ညနေ(၁၆း၀၀)နာရီအထိ

(၆) သင်တန်းတည်နေရာ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)

အခြေခံလိုအပ်ချက်များ

အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။ အသက် (၁၈)နှစ်နှင့်အထက်ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်း (၇)တန်းအောင်မြင်ပြီးသူများ လာရောက်လျှောက်ထားနိုင်ပါသည်။ သင်တန်း ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ ဖြစ်ရမည်။

သင်တန်းဆင်းပါကသင်တန်းဆင်းလက်မှတ်အား ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းအတွက်သင်တန်းသားဦးရေ(၃၀)ဦးအားလက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီးအသေးစိတ်သိရှိလိုပါက

အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ကျောင်းသားရေးရာဌာနနှင့်ဖုန်း(၀၉၇၉၀၄၇၂၆၇၇)နှင့်

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနမှ ဌာနမှူး (၁၉၉၆၈၅၀၃၄၄၆) သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ကျောင်းသားရေးရာဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)

သင်တန်းများ