Share this

img.share-image

TVET Digital Learning System ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇူလိုင် (၂၉) ရက်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသည် ကမ္ဘာ့ကူးစက်မြန် COVID-19 ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ကျောင်းသားများ စာသင်ခန်းနှင့် ဝေးကွာမှု မရှိစေရေးနှင့် လေ့လာသင်ယူမှုများ အရှိန်အဟုန်မပျက်စေရေးတို့အတွက် ရည်ရွယ်၍ Digital Learning အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ဆွေးနွေးပွဲကို နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ရုံးအမှတ်(၂၁)၊ ပညာရေးဝန်ကြီးဌာနမှ Zoom meeting ဖြင့် ၂၉-၇-၂၀၂၀ ရက်နေ့၊နံနက်(၁၀:၀၀)နာရီတွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဉာဏ်ဝင်းသန်းနှင့် ဌာနတာဝန်ခံများ၊ ဒေါက်တာကျော့ကျော့ရီ၊ ကျောင်းအုပ်ကြီး၊ အစိုးရနည်းပညာကောလိပ် (မိုးညှင်း)၊ ဒေါက်တာဇော်လင်းထွန်း၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)၊ ဒေါက်တာချိုယုမွန်၊ ကျောင်းအုပ်ကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၊ ဒေါက်တာဆလိုင်းတလွန်ဇထန်း၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)၊ ဒေါက်တာစည်သူကျော်၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)၊ ဦးမင်းဇော်ဦး၊ ကျောင်းအုပ်ကြီး၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (စစ်တွေ)၊ ကျောင်းအုပ်ကြီး၊ ဦးသာတင်ညွန့်၊ ကျောင်းအုပ်ကြီး၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (တောင်ကြီး)၊ ဦးမြတ်ကို၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၊ ဒေါက်တာ နေဇာအောင်၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE)၊ ဒေါက်တာကျော်ကျော် မြင့်၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)၊ ဒေါက်တာထွန်းကျော်မြင့်၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး) တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ Digital Learning အစီအစဉ်အား ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပထမဦးစွာ ဆရာ၊ ဆရာမများအား သင်ကြားပို့ချဆွေးနွေးမည့် အကြောင်းအရာများ ပြင်ဆင်ပြုစုနိုင်ရေးအတွက် Capacity Building အရည်အသွေးမြှင့် Online သင်တန်းများ ပို့ချမည်ဖြစ်ပါကြောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီးတို့နှင့် ချိတ်ဆက်၍ “How to Manage Online Management System” ကို ဆရာ၊ ဆရာမများအား သင်တန်းပေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့နောက် သက်ဆိုင်ရာကျောင်းအလိုက် မိမိကျောင်းအစီအစဉ်ဖြင့် ကျောင်းသားများအား ချိတ်ဆက်၍ TVET Digital Learning System အား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ COVID-19 Pandemic ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား Digital Learningနှင့်စပ်လျဉ်း၍ ရင်းနှီးမှုရှိစေရေး၊ နောင်တွင် Online Platform များ၊ Online စနစ်ဖြင့် သင် ကြားသင်ယူလေ့ကျင့်မှုများ ဆောင်ရွက်ရာ၌ အလေ့အကျင့်ရှိစေရန်တို့အတွက် ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကျောင်းအလိုက် Resource Need ပေါ်မူတည်၍ Budget များ လျာထား တင်ပြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအနေဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးပေးစေလိုပါကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦးမှ ပြောကြားခဲ့ပါသည်။

 

သင်တန်းများ