အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း(ြပင်စလူ)အား ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၁-၆-၂၀၀၉ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် လပွတ္တာ(၃)မိုင်မြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့်၍ (၁-၄-၂၀၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး  (၂၅-၁-၂၀၁၆) ရက်နေ့တွင် ပထမနှစ် သင်တန်းများအား စတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)အား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် တည်ထောင် ဖွင့်လှစ်ရခြင်းဖြစ်ပါသည်-
    (က)    ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းနှင့် အစိုးရ နည်းပညာအထက်တန်း‌ေကျာင်းအောင်မြင်ပြီးသူများမှ အဆင့်မီသူတိုင်း  နည်းပညာနှင့် သက်မွေးပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်။
    (ခ)    မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍတွင် အရည်အချင်းပြည့်ဝ သော ကျွမ်းကျင်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်  အသိပညာနှင့်ကျွမ်းကျင် မှုပြည့်ဝသော နည်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် မွေးထုတ်ပေးရန်။    

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

ဖုန်း              ရုံး                              -    ၀၉၄၂၈၅၅၄၀၁၄
                    ကျောင်းသားရေးရာ     -    ၀၉၇၇၉၈၀၂၆၀၅
                    ငွေစာရင်း                   -    ၀၉၇၇၉၈၀၂၆၀၆
                    ဝန်ထမ်းရေးရာ           -    ၀၉၇၇၉၈၀၂၆၀၇
Email Address:                           -    gtilpa@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

 

အမည် - ‌ဒေါက်တာဝတ်ရည်လှိုင်၊ ညွှန်ကြားရေးမှူး၊ (Ph.D - EP)

 

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

ပညာသင်နှစ်အလိုက် မွေးထုတ်ပေးခဲ့ပြီးသော ပုံမှန် A.G.T.I Diploma သင်တန်းသား/သူများစာရင်း

စဉ် ပညာသင်နှစ် ကျား စုစုပေါင်း
၂၀၁၇-၂၀၁၈ ၅၇ ၄၁ ၉၈
၂၀၁၈-၂၀၁၉ ၉၇ ၄၂ ၁၃၉
စုစုပေါင်း ၁၅၄ ၈၃ ၂၃၇

သင်တန်းအပတ်စဉ်ကာလအလိုက် မွေးထုတ်ပေးခဲ့ပြီးသော ကာလတိုသင်တန်းသား/သူများစာရင်း

စဥ် ခုနှစ် ကာလတိုသင်တန်းအမည် သင်တန်းဆင်းပြီးဦးရေ
၂၀၁၅ ြေခခံကွန်ပျူတာသင်တန်း ၅၀
၂၀၁၆ ြေခခံကွန်ပျူတာသင်တန်း ၄၄
၂၀၁၇ ြေခခံကွန်ပျူတာသင်တန်း ၄၈
၂၀၁၇ အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း ၂၈
၂၀၁၇ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်း ၃၁
၂၀၁၇ Mobilephone (Hardware)ပြုပြင်နည်း ၁၂
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ဧရာဝတီတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့ ၊အမှတ်(၄)ရပ်ကွက်၌ တည်ရှိပါသည်။ လပွတ္တာမြို့မှ ၂ မိုင် ၄ဖာလုံခန့်ကွာဝေးပြီးရန်ကုန်- လပွတ္တာလမ်းမကြီး၏ အနောက်ဖက်တွင်တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ (၅.၆)ဧကရှိပါသည်။

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ပုံမှန်သင်တန်းများအဖြစ် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာ ရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ်များအား ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိသည့်အပြင် ၂၀၁၅ ခုနှစ်မှ စ၍ ကာလတိုအြေခခံသင်တန်းများ ကိုလည်း သင်ကြားပေးလျက် ရှိပါသည်။
ပုံမှန်သင်တန်းတက်ရောက်လျက်ရှိသောကျောင်းသားကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး (၃၀၀၀၀) ကျပ်အား လစဉ်ထောက်ပံ့လျက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 


AGTI (၃)နှစ်သင်တန်းအောင်မြင်ပြီးဆုံးပါက Diploma လက်မှတ် ရရှိမည်ဖြစ်ပြီး အနာဂတ်အခွင့်အလမ်းများအဖြစ်-
    - မိမိဒေသရှိ အစိုးရဌာနများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
    - ပုဂ္ဂလိကလုပ်ငန်းများ/ကုမ္ပဏီများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
    - မိမိကိုယ်ပိုင်လုပ်ငန်းများတည်ထောင်လုပ်ကိုင်နိုင်ခြင်း

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဥ် သင်တန်းအမျိုးအစား သင်တန်းနှစ်၊ သင်တန်းသားဦးရေ စုစုပေါင်း
ပထမနှစ် ဒုတိယနှစ် တတိယနှစ်
ကျား ေပါင်း ကျား ေပါင်း ကျား ေပါင်း
မြို့ပြ ၃၅ ၁၉ ၅၄ ၃၁ ၁၂ ၄၃ ၁၄ ၁၄ ၂၈ ၁၂၅
အီလက်ထရောနစ် ၃၂ ၁၄ ၄၆ ၁၉ ၁၈ ၃၇ ၁၂ ၁၂ ၂၄ ၁၀၇
လျှပ်စစ်စွမ်းအား ၃၆ ၁၄ ၅၀ ၂၃ ၁၂ ၃၅ ၁၃ ၁၅ ၂၈ ၁၁၃
စက်မှု ၄၉ - ၄၉ ၃၇ ၄၀ ၂၁ - ၂၁ ၁၁၀
  စုစုပေါင်း ၁၅၂ ၄၇ ၁၉၉ ၁၁၀ ၄၅ ၁၅၅ ၆၀ ၄၁ ၁၀၁ ၄၅၅
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဥ် ဘွဲ့အမည် ဦးရေ တွဲဖက် ကထိက လက်‌ေထာက် နည််းပြ ဓာတ်/ကျွမ်း
ပါမောက္ခ ကထိက
M.E        
B.E ၂၁ ၁၂
B. Tech - - - - - -
A.G.T.I - - - -
GTHS - - - -
M.A/M.Sc./ - - -
M.C.Sc/MESP
B.A/B.Sc - - -
စုစုပေါင်း ၃၆ ၁၁ ၁၅
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

နိုင်ငံတကာမှ ခေါ်ယူသည့် အင်ဂျင်နီယာသင်တန်းများနှင့် ပတ်သက်၍ သတ်မှတ် အရည်အချင်းပြည့်မီပါက ဝင်ရောက်ဖြေဆိုနိုင်ခွင့် အခွင့်အလမ်းများစွာရှိပါသည်။

သင်တန်းများ