အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)
(၂၀၀၉ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၀၉) မှ ခွင့်ပြုချက်အရ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို အသစ်တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
နိုင်ငံ၏လိုအပ်ချက်ဖြစ်သော နည်းပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ကျွမ်းကျင်လုပ် သားများကို မွေးထုတ်ပေးရန်နှင့် နိုင်ငံသူ၊နိုင်ငံသားတို့က သက်မွေးပညာရပ်ကို ပထမတန်းစားပညာရပ် ဟု ရှုမြင်လာသည်အထိ အဆင့်မြှင့်တင်ပေးသွားရန်တို့ဖြစ်ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)သို့ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များ မှာ -
ဦးမောင်မောင်သန့် (ကျောင်းအုပ်ကြီး) ၀၉-၂၆၀၅၂၁၇၁၈
၀၉-၄၇၂၁၂၂၈၂
ဖြစ်ပြီး ကျောင်းသို့ ဆက်သွယ်နိုင်သည့် အီးမေးလ်လိပ်စာမှာ - putao.gti@gmail.com ဖြစ်ပါသည်။
New Email: gtipto@dtve.org
စဉ် | အမည် | ပညာအရည် အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ | ကျောင်းအဆင့် |
၁ | ဦးသန်းခိုင် | B.E(Mech) | ၂၀၀၉ | GTI+GTHS |
၂ | ဒေါက်တာသင်းသင်းမော် | Ph.D(Mech) | ၂၀၀၉ | GTI+GTHS |
၃ | ဒေါက်တာမင်းမင်းဦး | Ph.D(EP) | ၂၃-၅-၂၀၀၉မှ၂-၇-၁၀ထိ | GTI+GTHS |
၄ | ဒေါက်တာဆန်းလှိုင်ဦး | Ph.D(EC) | ၃-၇-၁၀မှ၂၇-၁၁-၂၀၁၁ထိ | GTI |
၅ | ဒေါက်တာမျိုးမင်းသန့် | Ph.D(Mech) | ၉-၂-၂၀၁၁မှ၂၁-၈-၂၀၁၁ | GTI |
၆ | ဦးသြသြကျော် | M.E(Mech) | ၂၁-၈-၂၀၁၁မှ ၃၀.၆.၂၀၁၇ | GTI |
၇ | ဦးဝင်းမင်းဆန်း | M.E(EP) | ၃၁.၆.၂၀၁၇မှ ၁၉.၅.၂၀၁၈ အထိ | GTI |
၈ | ဦးမောင်မောင်သန့် | M.E(EC) | ၁၉-၅-၂၀၁၈မှ ယနေ့အထိ | GTI |
ပညာသင်နှစ်အလိုက် မွေးထုတ်ပြီးသော ပုံမှန်သင်တန်းကျောင်းသား၊ ကျောင်းသူအင်အားစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်- | ||||
စဉ် | ပညာသင်နှစ် | B-Tech | A.G.T.I | စုစုပေါင်း |
၁ | ၂၀၀၉-၂၀၁၀ | |||
၂ | ၂၀၁၀-၂၀၁၁ | |||
၃ | ၂၀၁၁-၂၀၁၂ | |||
၄ | ၂၀၁၂-၂၀၁၃ | |||
၅ | ၂၀၁၃-၂၀၁၄ | |||
၆ | ၂၀၁၄-၂၀၁၅ | |||
၇ | ၂၀၁၅-၂၀၁၆ | |||
၈ | ၂၀၁၆-၂၀၁၇ | ၁၆ | ၁၆ | |
၉ | ၂၀၁၇-၂၀၁၈ | ၂၇ | ၂၇ | |
စုစုပေါင်း | ၄၃ | ၄၃ |
သင်တန်းပညာသင်နှစ်အလိုက် မွေးထုတ်ခဲ့ပြီးသော မေဂျာအလိုက်ပုံမှန်သင်တန်းသားများ
စဉ် | ပညာသင်နှစ် | ဘာသာရပ် | ကျား | မ | ပေါင်း |
၁။ | ၂၀၁၀-၂၀၁၁ | Electrical Power | ၄ | ၃ | ၇ |
၂၀၁၀-၂၀၁၁ | Mechanical | ၁ | ၃ | ၄ | |
၂၀၁၁-၂၀၁၂ | Electrical Power | ၃ | ၂ | ၅ | |
၂၀၁၁-၂၀၁၂ | Mechanical | ၄ | - | ၄ | |
၂၀၁၂-၂၀၁၃ | Civil | ၃ | ၁ | ၄ | |
၂၀၁၂-၂၀၁၃ | Electrical Power | ၅ | ၁ | ၆ | |
၂၀၁၂-၂၀၁၃ | Mechanical | ၃ | - | ၃ | |
၂၀၁၃-၂၀၁၄ | Civil | ၂ | ၄ | ၆ | |
၂၀၁၃-၂၀၁၄ | Electrical Power | ၅ | ၄ | ၉ | |
၂၀၁၃-၂၀၁၄ | Mechanical | ၅ | ၄ | ၉ | |
၂၀၁၅-၂၀၁၆ | Civil | ၂ | ၃ | ၅ | |
၂၀၁၅-၂၀၁၆ | Electronic | ၂ | - | ၂ | |
၂၀၁၅-၂၀၁၆ | Electrical Power | ၂ | ၃ | ၅ | |
၂၀၁၅-၂၀၁၆ | Mechanical | ၁ | - | ၁ | |
စုစုပေါင်း | ၄၂ | ၂၈ | ၇၀ |
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)သည် ပူတာအိုမြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး မြစ်ကြီးနား-ပူတာအို လမ်းမကြီး၏ အရှေ့ဘက်၊ ဒုတ္တန်ရပ်ကွက်(၅)၊ ဒုတ္တန်ရေကန်အနီးတွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် (၅)ဧက ကျယ်ဝန်းပါသည်။ ဦးစီးဌာနတစ်ခုတည်းအောက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ပူတာအို)နှင့် အတူယှဉ်တွဲ တည်ရှိပါသည်။
ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး(၃၀၀၀၀)ကျပ် အား ထုတ်ပေးလျှက်ရှိပါသည်။ ကျောင်းပြီးဆုံးပါက ကျောင်းမှအလုပ်အကိုင်များကို ရှာဖွေပေးလျှက်ရှိပါသည်။
ကျောင်းသား၊ ကျောင်းသူများ A.G.T.I (၃)နှစ်သင်တန်း တက်ရောက်ပြီးစီးပါကအောက်ဖော်ပြပါ ဌာနဆိုင်ရာ၊ ရုံးနှင့်လုပ်ငန်းများတွင် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။
(၁) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
(၂) ခရိုင်၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊
(၃) ရေအားလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း
(၄) မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်း
(၅) ဆက်သွယ်ရေးလုပ်ငန်း
(၆) GTI / GTHS
လက်ရှိတက်ရောက်လျက်ရှိသောသင်တန်းသားဦးရေမှာ(၁၉၀)ဦးဖြစ်ပါသည်။
စဉ် | ဘာသာရပ် | အမြဲတမ်းဝန်ထမ်း | နေ့စားဝန်ထမ်း | စုစုပေါင်း |
၁ | Civil | ၈ | ၈ | |
၂ | EC | ၇ | ၇ | |
၃ | EP | ၉ | ၉ | |
၄ | Mech | ၈ | ၈ | |
၅ | အထောက်အကူပြုစာပေဘာသာရပ် | ၉ | ၉ | |
၆ | စီမံနှင့်ရုံးအဖွဲ့ | ၇ | ၃ | ၁၀ |
၆ | အခြားအဆင့် | ၃ | ၃ | |
စုစုပေါင်း | ၄၈ | ၆ | ၅၄ |
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်ဆုများလည်း လျှောက်ထားနိုင်ပါသည်။