အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

၂၅.၁.၂၀၁၆

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်း ပြုနိုင်သည့် နည်းပညာ ဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် ကျွမ်းကျင်တတ် မြောက်သည့် နည်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်

ကျောင်း Website (ရှိပါက ဖော်ပြရန်): 
ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

ဖုန်း                 ၀၉-၇၇၆၆၈၀၂၃၈

                       ၀၉-၇၇၆၆၈၀၂၃၉

အီးမေး            gtimdy@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 
စဉ် အမည် ရာထူး မှ ထိ မှတ်ချက်
ဒေါက်တာအောင်သိန်းစိုး ‌ကျောင်းအုပ်ကြီး ၁.၁.၂၀၁၆ ၂၅.၅.၂၀၁၈  
‌ဒေါက်တာကျော်ကျော်မြင့် ‌ကျောင်းအုပ်ကြီး ၂၅.၅.၂၀၁၈ ယနေ့ထိ  
ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 
စဉ် သင်တန်းအမည် ဖွင့်လှစ်သည့်အကြိမ် သင်တန်းသားစုစုပေါင်း မှတ်ချက်  
အခြေခံဧည့်ကြိုသင်တန်း ၂၁    
အခြေခံအိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း ၁၃    
Basic Electrical Wiring System For home ၁၁    
Basic 4 stroke Petrol Engine ၁၀    
Auto CAD 2D(Basic) ၁၆    
Basic Electrical Wiring System For home ၂၀    
Auto CAD 2D(Basic) ၁၄    
စုစုပေါင်း ၁၀၅    
စဉ် သင်တန်းအမည် တစ်ကြိမ်လျှင်သင်တန်းသားဦးရေ ဖွင့်လှစ်သည့် အကြိမ် တစ်နှစ်အတွင်းသင်တန်းသားစုစုပေါင်း မှတ်ချက်
Auto CAD 2D(Basic) ၁၄ ၁၄ ဖွင့်လှစ်ပြီး
Auto CAD 2D(Basic) ၁၇ ၁၇ ဖွင့်လှစ်ပြီး
Auto CAD 2D(Basic) ၁၅ ၄၆  
Basic Electrical Wiring System For home ၂၀ ၂၀  
စုစုပေါင်း ၆၆ ၉၇  
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
မန္တလေးတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

-လမ်း ၇၀နှင့်၂၈ လမ်းထောင့်၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးခရိုင်၊မန္တလေးတိုင်းဒေသကြီး ၊(၃.၅၅)ဧကကျယ်ဝန်းပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

-GIZ ၊ Swiss Contact

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ လစဥ်ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ(၃၀၀၀၀ိ/-)ထောက်ပံ့ပေးပါသည်။ ပညာသင်ယူနေစဥ်အတွင်း လက်တွေ့ကျွမ်းကျင် မှုလုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာသင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက်လည်း ဆောင်ရွက်ပေးပါသည်

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်း အချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်‌ပေးပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဉ် သင်တန်း မြို့ပြ အီလက်ထရောနစ် လျှပ်စစ်စွမ်းအား စက်မှု စုစုပေါင်း
ကျား ကျား ကျား ကျား ကျား
AGTI Year I ၄၁ ၁၄ ၃၆ ၁၃ ၄၆ ၁၀ ၄၅ ၁၆၈ ၄၆
AGTI Year II ၂၇ ၁၅ ၃၆ ၁၄ ၂၈ ၁၁ ၃၉ ၁၃၀ ၄၇
AGTI Year III ၂၃ ၁၅ ၁၁ ၁၉ ၁၁ ၃၃ ၉၀ ၃၅
စုစုပေါင်း ၉၁ ၃၈ ၈၇ ၃၈ ၉၃ ၃၂ ၁၁၇ ၂၀ ၃၈၈ ၁၂၈
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဉ် ဘာသာရပ် ဆရာ/ဆရာမအရေအတွက်
မြို့ပြအင်ဂျင်နီယာဌာန ၁၃
အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၁၀
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ၁၂
စက်မှုအင်ဂျင်နီယာဌာန ၁၆
စာပေဌာန ၁၅
  စုစုပေါင်း ၆၆
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

-

သင်ကြားပေးသည့် ဘာသာရပ်များ / သင်တန်းများ / ကာလတိုသင်တန်းများ: 

သင်တန်းများ