အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်​ကော်)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ လူငယ် ၊ လူရွယ်များအတွက်   အသက်မွေး၀မ်းကျောင်းပြုနိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် ဒေသအတွင်းစက်မှုပညာကျွမ်းကျင်သူ   လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

၀၉-၂၀၅၅၅၆၀

ကျောင်းအုပ်ကြီးဖုန်း -၀၉-၂၀၅၅၅၆၀

အီးမေး-gtilkw@dtve.org

 

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

ဒေါက်တာဇော်လင်းထွန်း၊ ညွှန်ကြားရေးမှူးမှ လက်ရှိကျောင်းအုပ်ကြီးအဖြစ် စတင်ဆောင်ရွက်လျက် ရှိပါသည်။

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

ယခု ပညာသင်နှစ် ၂၀၁၉-၂၀၂၀၊ ၂၀၁၉ခု ဒီဇင်ဘာလတွင် ပထမနှစ်ပုံမှန်သင်တန်းများ စတင်ဖွင့်လှစ်ပါသဖြင့် ​မွေးထုတ်​ကျောင်း​သားသူများမရှိ။ 

ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ကယားပြည်နယ်
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

-

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)မှ လစဥ်ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ(၃၀၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးပါသည်။

ပညာသင်ယူနေစဥ်အတွင်း လက်တွေ့ကျွမ်းကျင်မှုလုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာသင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက်လည်း ဆောင်ရွက်ပေးပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်‌ပေးပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 

-

သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 

-

Scholarship ဆိုင်ရာ အခွင့်အလမ်း: 

ပညာသင်ဆုနှင့်ပတ်သက်၍ ဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း များမှ ကမ်းလှမ်းလာသည့် ပညာသင်ဆုများအား လျှောက်ထားရယူနိုင်ပါသည်။

သင်ကြားပေးသည့် ဘာသာရပ်များ / သင်တန်းများ / ကာလတိုသင်တန်းများ: 

သင်တန်းများ