အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)ကို ၂၀၀၉ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။ စတင်ဖွင်‌့လှစ်သည့် ၂၀၀၉ခုနှစ်တွင် ပေါမိုင်းရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းဆောင်(၁)ဆောင်၌ ယာယီကျောင်းဆောင်အဖြစ် စတင်ဖွင်‌့လှစ်ခဲ့ပါသည်။ ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ဇီးဖြူကုန်းရပ်ကွက် အတွင်းရှိ ဆောက်လုပ်ပြီး ကျောင်း ဆောင်သစ်များသို့ ပြောင်းရွှေ့ဖွင်‌့လှစ်နိုင်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးတွင် လူငယ်၊လူရွယ်များမှ အခြေခံပညာ အထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့်ရရှိစေရန်၊ လူငယ်၊ လူရွယ် များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင်‌့သင်ကြား ပေးနိုင်ရန်နှင့် ဒေသအတွင်း စက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလေ့ကျင်‌့မွေးထုတ် ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

၀၉-၈၉၇၆၅၃၃၇၅
Email; gthskti@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

ဦးစိုးလွင်(ခေတ္တကျောင်းအုပ်ကြီး)(၂၆.၅.၂၀၀၀၉ မှ ၁၆.၁၂.၂၀၁၃ထိ)
ဦးစိုးမိုးနိုင်(ခေတ္တကျောင်းအုပ်ကြီး)(၁၆.၁၂.၂၀၁၃ မှ၂၇.၄.၂၀၁၅ထိ)
ဒေါက်တာမန်လုံး(ခေတ္တကျောင်းအုပ်ကြီး)(၂၂.၄.၂၀၁၅ မှ ၁.၅.၂၀၁၈ထိ)
ဒေါက်တာထွန်းကျော်မြင့်(၁.၅.၂၀၁၈ မှ ယနေ့ထိ)

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

(က)ပုံမှန်(၂နှစ်)သင်တန်း မွေးထုတ်ပြီးစာရင်း

စဥ် ဘာသာရပ် ပညာသင်နှစ် စုစုပေါင်း
၂၀၁၀- ၂၀၁၁ ၂၀၁၁-၂၀၁၂ ၂၀၁၂-၂၀၁၃ ၂၀၁၃-၂၀၁၄ ၂၀၁၄-၂၀၁၅ ၂၀၁၅-၂၀၁၆ ၂၀၁၆-၂၀၁၇ ၂၀၁၇-၂၀၁၈
အဆောက်အဦး နည်းပညာသင်တန်း ၂၃ _ _ ၁၁ ၁၆ ၆၂
အီလက်ထရောနစ် နည်းပညာသင်တန်း ၁၆ _ _ _ _ ၁၀ ၃၁
‌ေမာ်တော်ယာဥ် နည်းပညာသင်တန်း ၁၀ _ _ _ ၁၁ ၂၈
လျှပ်စစ်နည်းပညာသင်တန်း _ _ _ _ _ _ _
စုစုပေါင်း ၄၉ _ _ ၁၅ ၁၄ ၄၆ ၁၃၀

(ခ) ကာလတိုသင်တန်း မွေးထုတ်ပြီးစာရင်း

စဥ် ဘာသာရပ် ဘဏ္ဍာရေးနှစ်
၂၀၁၅- ၂၀၁၆- ၂၀၁၇- စုစု
၂၀၁၆ ၂၀၁၇ ၂၀၁၈ ပေါင်း
အခြေခံကွန်ပျူတာသင်တန်း ၃၅ _ _ ၃၅
အခြေခံမြေတိုင်းသင်တန်း _ _
‌အခြေခံအုတ်စီသင်တန်း _ _
အိမ်တွင်းလျှပ်စစ်ပြုပြင် ၄၉ ၁၉ ၁၁ ၇၉
ကျွမ်းကျင်မှုသင်တန်း
ဂဟေဆက်သင်တန်း _ ၁၁
အ‌ြေခခံAuto CAD _ ၃၇ ၃၈ ၇၅
 သင်တန်း
စုစုပေါင်း ၁၀၄ ၆၂ ၄၉ ၂၁၅

 

ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
စစ်ကိုင်းတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၏ တောင်ဘက် (၁.၅)မိုင် ခန့်အကွာ၊ ဇီးဖြူကုန်းရပ်ကွက်၊ အကွက်အမှတ်(၃)၊ ဓါတ်ပေါင်းစုစေတီအနီးတွင် တည်ရှိပါသည်။ ကျောင်း၏အကျယ်အဝန်းမှာ (၆၆.၇၅)ဧက ကျယ်ဝန်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)နှင့် ပူးတွဲဖွင်‌့လှစ်ထားပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

ခန္တီးခရိုင်အတွင်းရှိ ဆောက်လုပ်ရေးဝန်ြကီဌာနလက်အောက်ရှိဦးစီးဌာနများ၊လျှပ်စစ်နှင့် စွမ်းအင် ဝန်းြကီးဌာနအောက်ရှိဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်၊၊

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

-    ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းရှိအင်ဂျင်နီယာသုံး စက်ပစ္စည်းများအား ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်ဆောင်ရွက်မှု ဖြင့် ကူညီဆောင်ရွက်ပေးခြင်း
-    ဒေသအတွင်း၌ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း
-    ဒေသအတွင်းရှိ လူငယ်၊ လူရွယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပိုမိုသိရှိနားလည်နိုင်ရေးအတွက် ‌ေဟာ‌ြေပာပွဲများ၊ ကျောင်းသို့ကြည့်ရှုလေ့လာနိုင်ရေး သက်ဆိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း
-    စာကြည့်တိုက်တွင် ခေတ်နှင့်အညီဖြစ်ပေါ်လာသော ပညာရပ်များ လေ့လာဖတ်ရှုနိုင် အောင် စာအုပ်များ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
-    ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံကွန်ပျူတာနှင့် ကွန်ပျူတာကိုအသုံးပြု၍ အင်ဂျင်နီယာဆိုင်ရာပညာရပ်များ လက်တွေ့လေ့ကျင့်ဆောင်ရွက်နိုင်အောင် ကွန်ပျူ တာနှင့်ဆက်စပ်ပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
-    ကျောင်းသား၊ ကျောင်းသူတိုင်း လက်တွေ့လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်အောင် နှစ်စဥ်လက်တွေ့စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးြခင်း

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

အစိုးရနည်းပညာအထက်တန်းကျောင်းဒုတိယနှစ်သင်တန်းကိုထူးချွန်စွာအောင်မြင်ပါက  အစိုးရ နည်းပညာအထက်တန်းကျောင်းပြီးမြောက်ကြောင်းလက်မှတ်နှင့်AGTIပထမနှစ်သို့တက်ရောက်ခွင့်ရရှိ မည် ြဖစ်ပြီး ရိုးရိုးအောင်မြင်ပါက အစိုးရနည်းပညာအထက်တန်းကျောင်းပြီးမြောက်ကြောင်းလက်မှတ်နှင့် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့် တို့ရရှိမည်ဖြစ်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဥ် သင်တန်းနှစ် ကျား ပေါင်း
ပထမနှစ် ၁၉ ၂၅
ဒုတိယနှစ် ၂၉ ၂၈ ၅၇
စုစုပေါင်း ၄၈ ၃၄ ၈၂
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဥ် ဘာသာရပ် ဆရာ/ဆရာမ
အရေအတွက်
အဆောက်အဦးနည်းပညာဌာန
အီလက်ထရောနစ်နည်းပညာဌာန
‌ေမာ်တော်ယာဥ်နည်းပညာဌာန
လျှပ်စစ်နည်းပညာဌာန
သုတနည်းပညာဌာန
စာပေဌာန
စုစုပေါင်း ၃၂
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

ကျောင်းသား၊သူများအနေဖြင့် ဦးစီးဌာနမှခေါ်ယူသော Scholarship ဆိုင်ရာအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့် အညီဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဖြစ်ပါသည်၊

သင်တန်းများ