အစိုးရနည်းပညာအထက်တန်းကျောင်း(ချောင်းဦး)
အစိုးရနည်းပညာအထက်တန်းကျောင်း(ချောင်းဦး)
အစိုးရနည်းပညာအထက်တန်းကျောင်း(ချောင်းဦး) ကို ၂၀၁၀ ခုနှစ် ၊ မေလ (၃)ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
နိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသအသီးသီးတွင် လူငယ်၊လူရွယ်များကို အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့်ရရှိ စေရန်၊ လူငယ်၊ လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် ဒေသတွင်း စက်မှုပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ် များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
ဖုန်း - ၀၉-၄၀၀၄၀၈၅၄၅ ၊ ၀၉-၇၈၀၉၂၃၇၂၅
အီးမေးလိပ်စာ - gthscgo@dtve.org
ဒေါက်တာမျိုးမျိုးကြည်၊PhD(Mech)
စဥ် | ဖွင့်လှစ်ပြီး ကာလတိုသင်တန်းများ | |
သင်တန်းအမည် | လူဦးရေ | |
၁ | အြေခခံကွန်ပျူတာသင်တန်း အပတ်စဥ်(၁ မှ၅) | ၉၂ |
စုစုပေါင်း | ၉၂ |
အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၏အရှေ့ဘက် ချောင်းဦး-ပခုက္ကူလမ်းဆုံးအနီးတွင် တည်ရှိပြီး အရှေ့ဘက်တွင် မုံရွာ-ပခုက္ကူ မီးရထားလမ်း၊ မြောက်ဘက်တွင် မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်စီမံကိန်းရုံး၊ အနောက်ဘက်တွင် ချောင်းဦး-ပခုက္ကူ ကားလမ်း နှင့် တောင်ဘက်တွင် လယ်/ယာမြေများ တည်ရှိပါသည်။ စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ (၂၅.၃၂)ဧက ဖြစ်ပါသည်။
မရှိသေးပါ။
ပညာသင်နှစ်အတွင်း လစဥ် ပညာသင်ထောက်ပံ့ေကြးအဖြစ် ကျောင်းသားတစ်ဦးလျှင် (၃၀၀၀၀) ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။
(၂)နှစ် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ပါက A.G.T.I ပထမနှစ် သင်တန်းသို့ သက်ဆိုင်ရာ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ ဝင်ခွင့်ရွေးချယ်ရေးမူများအတိုင်း လျှောက်ထားနိုင် မည်ြဖစ်ပါသည်။ အစိုးရနည်းပညာအထက်တန်းကျောင်းအောင်လက်မှတ်(Certificate) ရရှိြပီး ပါက အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ စက်မှုကျွမ်းကျင်ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထားနိုင် မည်ြဖစ်သည်။
Sr. | Academic | Building | Electronic Technology | Total | ||||||
No | year | Technology | ||||||||
M | F | All | M | F | All | M | F | All | ||
1 | ပထမနှစ် | 36 | 11 | 47 | 43 | 4 | 47 | 79 | 15 | 94 |
2 | ဒုတိယနှစ် | 22 | 13 | 35 | 24 | 4 | 28 | 46 | 17 | 63 |
သင်တန်းဆရာ၊ဆရာမ စုစုပေါင်းအရေအတွက် - အဆောက်အဦနည်းပညာသင်တန်းတွင် ၈ယောက်၊ လျှပ်စစ်နည်းပညာ သင်တန်းတွင် ၇ ယောက် ၊ မော်တော်ယာဥ်နည်းပညာသင်တန်းတွင် ၃ ယောက်နှင့် စာပေဌာန တွင် ၁၄ ယောက်ရှိပါသည်။ စုစုပေါင်း ဆရာ ၊ဆရာမ အရေအတွက်မှာ ၃၂ ယောက်ရှိပါသည်။
နိုင်ငံတစ်ကာမှခေါ်ယူသည့် Scholarship များအား သတ်မှတ်ချက်များနှင့်ကိုက်ညီပါက လျှောက်ထား ခွင့်ရှိပါသည်။