အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

(၁၂.၁.၂၀၀၈)မှ(၁၅.၆.၂၀၁၀)ထိ အတတ်ပညာလေ့ကျင့်ရေး
(၁၆.၆.၂၀၁၀)မှ အစိုးရနည်းပညာအထက်တန်းကျောင်း

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

ဒေသအတွင်း အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသည့် လူငယ်လူရွယ်များကို အခြေခံ ပညာအထက်တန်းအဆင့်မှာပင် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် ကျွမ်းကျင်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)၏ ဖုန်းနံပါတ် -၀၉၄၇၃၁၀၈ ၊၀၇၀၅၀၆၀၅ ၊  အီးမေးလ် gthsttn@dtve.org များဖြင့်ဆက်သွယ်နိုင်ပါသည်။

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

ယခုကျောင်းအုပ်ကြီး- ဦးဗိုလ်ဗိုလ် M.E(Mech)၊ဒု-ညွှန်ကြားရေးမှူး

အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)တွင်  (၅. ၁၁. ၂၀၀၈ )ရက်နေ့ မှ ( ၈. ၈. ၂၀၁၀)ရက်နေ့ထိ ဦးထွန်းထွန်းဝင်း (M.E.EC)၊  (၉. ၈. ၂၀၁၀) ရက်နေ့မှ(၂၀. ၁. ၂၀၁၂) ရက်နေ့ထိ ဦးကျော်ကျော်ဦး (M.E Mech)နှင့်(၂၁ .၁. ၂၀၁၂) ရက်နေ့မှ ယနေ့အထိ ဦးထန်ကိမ်းခိုင် (M.E.PT) များက ကျောင်းအုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 
စဥ် ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်း ကျောင်းအောင်မြင်သူပေါင်း (ရိုးရိုးအောင်) အစိုးရနည်းပညာအထက်တန်းကျောင်း အောင်ြမင်သူပေါင်း (အထူးအောင်)
၂၀၁၂-၂၀၁၃ ၁၁ ၁၂
၂၀၁၃-၂၀၁၄
၂၀၁၄-၂၀၁၅ ၂၅
၂၀၁၅-၂၀၁၆ ၂၉
  စုစုပေါင်း ၆၁ ၂၁
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ချင်းပြည်နယ်
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)သည် ပထဝီအနေထားအရ မြောက်လတ္တီတွဒ် ၂ ဒီဂရီ နှင့် ၂၃ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၅မိနစ်နှင့် ၉၄ ဒီဂရီ၁၅ မိနစ်ကြား၊ တီးတိန်မြို့မှ တွန်းဇန်မြို့သွားကားလမ်းဘေး၊ တီးတိန်မြို့၏ မြောက်ဘက် သုံးမိုင်အကွာ တွင်တည်ရှိ ပါသည်။အကျယ်အဝန်းအားဖြင့် (၁၇.၅)ဧကခန့် ကျယ်ဝန်းပါသည်။ထွမ်းဝုမ်ဂေါက်ကွင်း၏ အရှေ့ဖက် (၅)ဖာလုံအကွာတွင်တည်ရှိပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(တီးတိန်)မြို့

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

(၂)နှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက AGTI ပထမနှစ်သင်တန်းသို့ သက်ဆိုင်ရာ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ ဝင်ခွင့်ရွေးချယ်ရေးမူအတိုင်း လျှောက်ထားနိုင်သည်။ ဒုတိယနှစ် သင်တန်းကို အောင်မြင်သည်ဖြစ်စေ၊ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုလိုပါက ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(တီးတိန်)မှ ထူးချွန်စွာအောင်မြင်သော ကျောင်းသား /သူများအား TU ကျောင်းများသို့ ဆက်လက်သင်ကြားခွင့်၊ ရိုးရိုးအောင်မြင်သော ကျောင်းသား /ကျောင်းသူ များအား GTI ကျောင်းများသို့ဆက်လက်သင်ကြားခွင့်နှင့် GTHS အောင်လက်မှတ်ရရှိပြီး ပါကဌာနဆိုင်ရာများ ၊ အလုပ်ရုံများနှင့် ၊ပုဂ္ဂလိက လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ကျွမ်းကျင် လုပ်သားအဖြစ် ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 

၁၅၆ဦး

သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 

၂၃ဦး

Scholarship ဆိုင်ရာ အခွင့်အလမ်း: 

Scholarship ဆိုင်ရာအခွင့်အလမ်းအားဖြင့် သတ်မှတ်အရည်အချင်းမှီသူများအား ဝန်ကြီးဌာ ၊ ဦးစီးဌာနမှ အခါအားလျော်စွာခေါ်ယူထားသော Scholarship များကို လျှောက်ထား နိုင်ပါသည်။

သင်ကြားပေးသည့် ဘာသာရပ်များ / သင်တန်းများ / ကာလတိုသင်တန်းများ: 

သင်တန်းများ