အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်မြို့)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်)ကို  ၂၀၀၉ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)မှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၀၉ ခု၊ မေလ(၅)ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

ဒေသအတွင်းလူငယ်လူရွယ်များ၊ အခြေခံပညာအထက်တန်းအဆင့်မှာပင်  နည်းပညာဘာသာ ရပ်များအား မိမိဒေသတွင်းမှာပင် လေ့လာသင်ကြားရရှိစေရန်ဒေသအတွင်း ထူးချွန်ထက်မြက်သော အင်ဂျင် နီယာ ပညာရှင်၊ နည်းပညာရှင်များမွေးထုတ်ခြင်းဖြင့်  လူ့စွမ်းအားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ဖွင့်လှစ်ထားပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

၀၉-၄၅၀၉၉၀၇၅၉၊၀၅၉-၂၁၀၄၅၊ ဖက်(စ်)- ၀၅၉-၂၁၂၇၅

အီးမေးလိပ်စာ                - gthsdwi@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 
ဒေါ်စန်းစန်းဝေ BE (Civil)  ၄-၉-၂၀၀၉  မှ  ၁၄-၄-၂၀၁၀
 ဒေါ်မြကြည် BE( EP) ၂၀-၄-၂၀၁၀  မှ ၁၇-၆-၂၀၁၁
ဦးသော်ဇင်ဖြိုး BE (Mech) ၁၆-၆-၂၀၁၁ မှ ၁၂-၆-၂၀၁၂
ဦးမျိုးမင်းဟန် ME ( Mech) ၁၃-၆-၂၀၁၂  မှ ၁-၅-၂၀၁၈
ဦးဟိဏ်းထက်အောင် ME(EC)Russia ၁-၅-၂၀၁၈ မှ ယနေ့အထိ(လက်ရှိကျောင်းအုပ်ကြီး)

                         
                    
                     

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 
စဥ် ဘာသာရပ်   ၂၀၁၀-၂၀၁၁ ၂၀၁၁-၂၀၁၂ ၂၀၁၂-၂၀၁၃ ၂၀၁၃-၂၀၁၄ ၂၀၁၄-၂၀၁၅ ၂၀၁၅-၂၀၁၆ စုစုပေါင်း
BT   ၂၀ - ၄၄
EcT   - ၁၉
AMT   ၂၀ - - ၃၄
ET   - - - -
စုစုပေါင်း   ၄၈ ၁၇ ၁၂ ၁၄ ၁၀၆
စဥ် သင်တန်းအမည် သင်တန်းသားဦးရေ
အခြေခံအမျိုးသမီးအပ်ချုပ်သင်တန်း ၁၂၈
အခြေခံလျှပ်စစ်နည်းပညာသင်တန်း
အခြေခံကွန်ပျူတာသင်တန်း ၅၃
Basic Auto CAD 2D& 3D သင်တန်း ၅၆
Excel Estimating သင်တန်း ၄၀
Etabs Structuring သင်တန်း ၂၁
Basic ( 3D M ax ) Course
အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုသင်တန်း ၁၄
စုစုပေါင်း ၃၂၇
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
တနင်္သာရီတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

၀.၈၆၆ဧက၊မျှော်အင်းလမ်း၊ရှမ္မလည်ဆွဲရပ်ကွက်၊အရှေ့ဘက်တွင်ဇီဝဇိုးဘုန်းတော်ကြီးကျောင်း၊ အနောက်ဘက်နှင့်တောင်ဘက်တွင် ထားဝယ်ပညာရေးကောလိပ်၊မြောက်ဘက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးတည်ရှိပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

ရတနာလူမှုစီးပွားဖွံ့ဖြိုးစီမံကိန်း  (ကံပေါက်)

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

ဒေသမှပြည်သူလူထုများအနေဖြင့် အခြေခံပညာအလယ်တန်း အောင်မြင်သောသူများ အတွက် (၂)နှစ်ပုံမှန်သင်တန်း(၄)ခုနှင့် အခြေခံပညာမရှိသောသူများအတွက် ဒေသနှင့်လိုအပ်ချက်များ ကိုက်ညီ သော ကာလတို သင်တန်းများကိုဖွင့်လှစ်ပြီးနည်းပညာသင်တန်းများကိုပို့ချပေးလျက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

(၂)နှစ်သင်တန်းတွင်ထူးချွန်စွာအောင်မြင်သူ(အထူးအောင်)များအား အစိုးရစက်မှုလက်မှုသိပ္ပံများ သို့တက်ရောက်ခွင့်ရှိပြီး ရိုးရိုးအောင်မြင်သူများနှင့် ကျရှုံးသူများအား အခြေခံပညာအထက်တန်းကို ပြင်ပဖြေ အဖြစ်ပြန်လည် ဖြေဆိုခွင့်ရိှမည်။သင်တန်းပြီးဆုံးကြောင်းလက်မှတ် ချီးမြှင့်ပြီး ပြင်ပအလုပ်အကိုင်ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဉ် သင်တန်းအမည် ပထမနှစ် ဒုတိယနှစ် ပေါင်း မှတ်ချက်
Building Technology ၂၈ ၂၂ ၅၀  
Electrical Technology ၂၆ ၂၂ ၄၈  
Electronics Technology ၂၂ ၁၅ ၃၇  
Auto- Mechanics Technology ၂၇ ၂၃ ၅၀  
  စုစုပေါင်း ၁၀၃ ၈၂ ၁၈၅  
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 

 (၃၂)ဦး

Scholarship ဆိုင်ရာ အခွင့်အလမ်း: 

-

သင်တန်းများ