အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

၂၀၀၉ ခုနှစ်၊မေလ (၅)  ရက်နေ့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လွိုင်လင်မြို့တွင် စတင်၍ယာယီဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၀ ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့မှစ၍ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

-    ဒေသတွင်းယှဥ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားသော ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးရန်နှင့် ကဏ္ဍအလိုက် လုပ်ငန်းခွင်များတွင် တာဝန်ယူဆောင်ရွက်နိုင်ရန်။
-    ဒေသခံများအတွက် စဥ်ဆက်မပြတ်သင်ယူနိုင်မှု အခွင့်အလမ်းနှင့် ပညာရေးပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

ကျောင်းအုပ်ကြီး - ၀၉၂၅၈၇၀၇၉၇၉၊ ရုံး - ၀၉ - ၄၄၅၃၃၅၃၇၃

အီးမေးလိပ်စာ            -gthspln@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

စဉ်       အမည်                    တာဝန်ထမ်းဆောင်ခဲ့သောကာလ
၁       ဒေါ်အေးနွဲ့စံ                ၅.၅.၂၀၀၉ မှ ၁၉.၆.၂၀၁၄ ထိ
၂        ဦးခွန်ခင်မောင်သိန်း      ၂၀.၆.၂၀၁၄ မှ ယနေ့ထိ

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 
စဥ် ပညာသင်နှစ် ရိုးရိုးအောင်မြင်သူ စုစုပေါင်း အထူးအောင်မြင်သူ စုစုပေါင်း ကာလတိုသင်တန်းမှ မွေးထုတ်ခဲ့သောစာရင်း
၂၀၁၀-၂၀၁၁  ၄၄  
၂၀၁၁-၂၀၁၂ ၁၄  
၂၀၁၂-၂၀၁၃  
၂၀၁၃-၂၀၁၄  
၂၀၁၄-၂၀၁၅ -  
၂၀၁၅-၂၀၁၆ - ၁၇
၂၀၁၆-၂၀၁၇     ၃၂
  စုစုပေါင်း ၂၃ ၆၆ ၄၉
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ရှမ်းပြည်နယ်
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ၊ အမှတ်(၄) ရပ်ကွက်လူနေ အိမ်များနှင့် အမှတ်(၃) လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မြေအကြားတွင်တည်ရှိ ပါသည်။မြေအကျယ်အ၀န်းမှာ (အလျားပေ ၁၁၆၂ ၊ အနံပေ ၃၀၀ - ပေ ၅၉၀ )ဖြစ်ပြီး ဧရိယာ (၁၀.၀၂၂ ဧက)ဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

မရှိပါ။

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

-ကျောင်းတက်ခွင့်ရရှိသော ကျောင်းသား၊ကျောင်းသူများအား တစ်ဦးလျှင် လစဥ်၃၀၀၀၀ိ(ကျပ်) ထောက်ပံ့ပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

ထူးချွန်စွာအောင်မြင်ပါက GTI ကျောင်းသို့ သက်ဆိုင်ရာကျောင်း၏ ဝင်ခွင့်ရွေးချယ်ရေးမူအတိုင်း  တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်ပါက GTHSအောင်လက်မှတ်  ရရှိပြီး  လုပ်ငန်းခွင်များသို့  ကျွမ်းကျင်  ဝန်ထမ်းအနေဖြင့် ဝင်ရောက် နိုင်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဥ် သင်တန်း BT EcT ET AMT စုစုပေါင်း
GTHS Year I ၁၆ ၁၀ - ၄၀ ၆၆
GTHS Year II ၁၆ - ၁၉ ၄၂
စုစုပေါင်း ၃၂ ၁၀ ၅၉ ၁၀၈
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဥ် ဌာန အရေအတွက် မှတ်ချက်
BT  
EcT  
ET  
AMT  
စာပေ  
ကွန်ပျူတာ  
စုစုပေါင်း ၂၇  
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

ဦးစီးဌာနမှ အခါအားလျော်စွာ ကြော်ငြာပေးပို့ ခေါ်ယူသော  Scholarship များအား ဖြေဆိုအောင်မြင်ပါက တက်ရောက်နိုင်မည့် အခွင့်အလမ်းများ ရှိပါသည်။

သင်တန်းများ