အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ကို ၂၀၀၉ ခုနှစ်၊ မေလ (၅)ရက်နေ့ တွင် အထက(၁)၊ ပုသိမ် ကျောင်း၀န်းအတွင်းရှိ စက်မှုကြိုသက်ဆောင်နှင့် စံပယ်ဆောင် တို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဦးမင်းမင်းအောင်၊ B.E(EP) မှ တာဝန်ယူ ဆောင်ရွက်ပြီး၊ ၂၀၁၀ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှစတင်၍ လက်ရှိနေရာဖြစ်သော အမှတ်(၁၃) ရပ်ကွက်၊ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် ဦးအောင်ထိုက်သူ၊ ဒုတိယညွှန်ကြားရေးမှူး၊ M.E (EP)မှ တာ၀န်ယူဆောင်ရွက်ခဲ့ပြီး၊ ယခုတွင် ကျောင်းအုပ်ကြီးအဖြစ် ဦးအေးမင်းထွန်း ဒုတိယညွှန်ကြားရေးမှူး၊ M.E (EP) မှ တာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။
Mission ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသောဘာသာရပ်များလေ့ကျင့်သင်ကြားပေးရန် ကျောင်းသားများ၏စိတ်ဝင်စားမှု၊ရည်မှန်းချက်များနှင်ကိုက်ညီသောသင်ယူလေ့လာမှု နည်းလမ်းကောင်းများညွှန်ပြပေးရန် ကျောင်းသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန် Vision ဒေသအတွက်လိုအပ်သော အရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီး ကျွမ်းကျင်လူငယ် နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်
စဉ် | အမည်၊ရာထူး ဌာန | ရုံးဖုန်း | လက်ကိုင်ဖုန်း | ဖက်စ် ဖုန်း | အီးမေးလ်လိပ်စာ |
၁ | ကျောင်းအုပ်ကြီး ရုံးခန်း | ၄၂၂၃၆၁၁ | - | ||
၂ | ကျောင်းအုပ်ကြီး | ၉၂၆၁၈၃၅၀၅၀ | ၉၂၅၈၃၉၆၈၈၁ | ၀၄၂-၂၃၆၁၁ | gthsptn@dtve.org |
၃ | ကျောင်းသားရေးရာ ဌာန | ၉၂၆၀၀၇၉၆၃၀ | - | ||
၄ | ဝန်ထမ်းရေးရာ ဌာန | ၉၂၆၄၇၂၀၀၁၁ | - | ||
၅ | ငွေစာရင်းဌာန | ၉၈၅၅၄၀၁၅ | - |
စဥ် | အမည် | ပညာအရေအချင်း | တာ၀န်ထမ်းဆောင်သည့်ကာလ |
၁ | ဦးမင်းမင်းအောင် | B.E(EP) | ၅.၅.၂၀၀၉ မှ ၇.၃.၂၀၁၀ |
၂ | ဦးအောင်ထိုက်သူ | M.E (EP) | ၈.၃.၂၀၁၀ မှ ၂၄.၅.၂၀၁၈ |
၃ | ဦးအေးမင်းထွန်း | M.E (EP) | ၄.၆.၂၀၁၈ မှ ယနေ့အထိ |
ဘာသာရပ်အလိုက်နှစ်စဥ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများစာရင်း
စဥ် | ပညာသင်နှစ် | အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်သူပေါင်း (ရိုးရိုးအောင်) | အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်သူပေါင်း (အထူးအောင်) |
၁ | ၂၀၁၀-၂၀၁၁ | ၅၄ | ၉၆ |
၂ | ၂၀၁၁-၂၀၁၂ | ၁၉ | ၄၁ |
၃ | ၂၀၁၂-၂၀၁၃ | ၂၀ | ၁၆ |
၄ | ၂၀၁၃-၂၀၁၄ | ၂၆ | ၉ |
၅ | ၂၀၁၄-၂၀၁၅ | ၂၁ | ၂ |
၆ | ၂၀၁၅-၂၀၁၆ | ၂၁ | - |
၇ | ၂၀၁၆-၂၀၁၇ | ၄၂ | - |
၈ | ၂၀၁၇-၂၀၁၈ | ၅၆ | ၁၃ |
စုစုပေါင်း | ၂၅၉ | ၁၇၇ |
ကာလတိုသင်တန်းစတင်ဖွင့်လှစ်သည့်နေ့မှယနေ့အထိမွေးထုတ်ပြီးသင်တန်းသား/သူများစာရင်း
စဥ် | သင်တန်းအမည် | ဖွင့်လှစ်သည့်အကြိမ် | သင်တန်းသားစုစုပေါင်း | မှတ် ချက် |
၁ | အြေခခံကွန်ပျူတာသင်တန်း | (၁၂) ကြိမ် | ၂၃၃ | |
၂ | အိမ်တွင်းလျှပ်စစ်သင်တန်း | (၁၀) ကြိမ် | ၁၆၀ | |
၃ | အခြေခံဒီဇယ်နှင့်ဓာတ်ဆီအင်ဂျင် ပြုပြင်မှုသင်တန်း | (၂) ကြိမ် | ၂၄ | |
၄ | မော်တော်ဆိုင်ကယ်ပြင်သင်တန်း | (၆) ကြိမ် | ၁၀၂ | |
၅ | လယ်ယာသုံးစက်ကိရိယာများမောင်းနှင်ပြုပြင်ထိန်းသိမ်းမှုသင်တန်း | (၁) ကြိမ် | ၂၇ | |
စုစုပေါင်း | ၃၀ | ၅၃၈ |
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)သည် ၁၀.၄၇ ဧက ကျယ်၀န်ပြီး ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်အတွင်း၊ အရှေ့ဘက်တွင် ပုသိမ်-ရန်ကုန် ကားလမ်းမကြီး၊ နှင့် အနောက်ဘက်တွင် ပုသိမ်-ကြံခင်း မီးရထားလမ်းအကြား တွင်တည်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)သည် ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်၍၄င်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကာလတိုသင်တန်းများ ပူပေါင်းဆောင်ရွက်ဖွင့်လှစ်၍ ၄င်း ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း( ပုသိမ် )တွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား လစဥ်(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးလျှက်ရှိပါသည်။ သက်မွေးပညာသင်တန်း တက်ရောက်နေစဥ် ကာလတိုသင်တန်းသားများအားသင်တန်းကုန်ကျစရိတ် လုံးဝမရှိဘဲ အခမဲ့ သင်ကြားပို့ချ ပေးပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများ AGTI တက်ရောက်ခွင့်ရရှိ မည်ဖြစ်ပါသည်။ ရိုးရိုးအောင်မြင်သူများ စက်မှုအလုပ်ရုံဌာနများတွင် စက်မှုကျွမ်း-၅ ရာထူးနေရာသို့ အလုပ်၀င် ရောက်နိုင်မည်ဖြစ်ပါသည်။
စဉ် | ဘာသာရပ် | ပထမနှစ် | ဒုတိယနှစ် | စုစုပေါင်း |
၁ | အဆောက်အဦနည်းပညာသင်တန်း | ၄၉ | ၃၅ | ၈၄ |
၂ | လျှပ်စစ်နည်းပညာသင်တန်း | ၄၈ | ၂၈ | ၇၆ |
၃ | အီလက်ထရောနစ်နည်းပညာသင်တန်း | ၂၉ | - | ၂၉ |
၄ | မော်တော်ယာဉ်နည်းပညာသင်တန်း | ၅၂ | ၃၂ | ၈၄ |
၅ | စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း | ၃၀ | ၁၈ | ၄၈ |
စုစုပေါင်း | ၂၀၈ | ၁၁၃ | ၃၂၁ |
အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်) တွင် သင်တန်းဆရာ/ဆရာမ စုစုပေါင်း (၄၅)ဦးရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းမှ အောင်မြင်သူများ နိုင်ငံတကာမှ Scholarship ခေါ်ယူသည့်အခါ၀င်ရောက်ဖြေဆိုခွင့်ရှိပါသည်။