အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)
အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)
အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)ကို ၂၀၀၉ခုနှစ် မေလ(၅)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး နည်းပညာနှင့်သက်ဆိုင်သော သက်မွေးပညာသင်တန်း(ပုံမှန်သင်တန်း)များကို စဉ်ဆက်မပြတ် ဖွင့်လှစ်ခဲ့ကာ ဒေသတွင်းကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အခြေခံ၍ ကာလတိုသက်မွေးပညာသင်တန်း များကိုပါ ထပ်မံဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။
နိုင်ငံ၏လိုအပ်ချက်ဖြစ်သော နည်းပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ကျွမ်းကျင်လုပ် သားများကို မွေးထုတ်ပေးရန်နှင့် နိုင်ငံသူ၊နိုင်ငံသားတို့က သက်မွေးပညာရပ်ကို ပထမတန်းစားပညာရပ် ဟု ရှုမြင်လာသည်အထိ အဆင့်မြှင့်တင်ပေးသွားရန်တို့ဖြစ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)သို့ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များ မှာ -
ဦးဝင်းမင်းဆန်း (ကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခ) ၀၉-၄၄၄၀၄၂၆၈၂ ၀၉-၄၄၄၀၄၂၈၂၄
ဖြစ်ပြီး ကျောင်းသို့ ဆက်သွယ်နိုင်သည့် အီးမေးလ်လိပ်စာမှာ - gthspto@dtve.org ဖြစ်ပါသည်။
စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ်မှ စတင်၍ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများမှာ -
(က) ဒေါက်တာမင်းမင်းဦး (Ph.D (EP)) (၁-၅-၂၀၀၉ မှ ၂၄-၅-၂၀၁၀ အထိ)
နည်းပညာတက္ကသိုလ်(ဗန်းမော်)တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိ
(ခ) ဦးအောင်ဇော်ထွန်း (M.E(Mechanical)) (၂၄-၅-၂၀၁၀ မှ ၈-၈-၂၀၁၁ အထိ)
အစိုးရနည်းပညာကောလိပ်(မြင်းခြံ)တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိ
(ဂ) ဦးဝင်းမင်းဆန်း (M.E(EP)) (၈-၈-၂၀၁၁ မှ ယနေ့အထိ)
(၃၁-၆-၂၀၁၇ ရက်နေ့မှစတင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ၏ ကျောင်းအုပ်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်လျှက်ရှိပါသည်)
ပုံမှန်သင်တန်းများမှ မွေးထုတ်ပြီး သင်တန်းသား
စဉ် | သင်တန်းအမည် | အောင်မြင်သူပေါင်း | ||
ရိုးရိုးအောင် | အထူးအောင် | စုစုပေါင်း | ||
၁ | အဆောက်အဦနည်းပညာသင်တန်း | ၅၁ | ၁၃ | ၆၄ |
၂ | လျှပ်စစ်နည်းပညာသင်တန်း | ၁၄ | ၂၀ | ၃၄ |
၃ | မော်တော်ယာဉ်နည်းပညာသင်တန်း | ၃၂ | ၁၇ | ၄၉ |
စုစုပေါင်း | ၉၇ | ၅၀ | ၁၄၇ |
ကာလတိုသင်တန်းများမှ မွေးထုတ်ပြီးသင်တန်းသား
စဉ် | သင်တန်းအမည် | အပတ်စဉ် | သင်တန်းသား |
၁ | အခြေခံကွန်ပျူတာသင်တန်း | အပတ်စဉ်(၁) | ၁၄ |
၂ | အခြေခံကွန်ပျူတာသင်တန်း | အပတ်စဉ်(၂) | ၂၈ |
၃ | အခြေခံကွန်ပျူတာသင်တန်း | အပတ်စဉ်(၃) | ၂၀ |
၄ | အခြေခံကွန်ပျူတာသင်တန်း | အပတ်စဉ်(၄) | ၁၉ |
၅ | အခြေခံကွန်ပျူတာသင်တန်း | အပတ်စဉ်(၅) | ၁၈ |
၆ | အခြေခံလက်သမားသင်တန်း(ကျေးဖွံ့နှင့်ပူးပေါင်းဆောင်ရွက်) | အပတ်စဉ်(၁) | ၃၀ |
၇ | အခြေခံပန်းရံသင်တန်း(ကျေးဖွံ့နှင့်ပူးပေါင်းဆောင်ရွက်) | အပတ်စဉ်(၁) | ၃၀ |
၈ | အခြေခံလက်သမားသင်တန်း(IDP Camp ရှိ ပြည်သူများ) | အပတ်စဉ်(၁) | ၁၅ |
၉ | အခြေခံလက်သမားသင်တန်း(IDP Camp ရှိ ပြည်သူများ) | အပတ်စဉ်(၂) | ၈ |
၁၀ | အိမ်တွင်းလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်း (IDP Camp ရှိ ပြည်သူများ) | အပတ်စဉ်(၁) | ၆ |
စုစုပေါင်း | ၁၈၈ |
အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)သည် ပူတာအိုမြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး မြစ်ကြီးနား-ပူတာအို လမ်းမကြီး၏ အရှေ့ဘက်၊ ဒုတ္တန်ရပ်ကွက်(၅)၊ ဒုတ္တန်ရေကန်အနီးတွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် (၅)ဧက ကျယ်ဝန်းပါသည်။ ဦးစီးဌာနတစ်ခုတည်းအောက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)နှင့် အတူယှဉ်တွဲ တည်ရှိပါသည်။ 2717 N & 9725 E ပင်လယ်ရေမျက်နှာပြင် အထက် ၁၃၆၈ ပေတွင် တည်ရှိပါသည်။
---------------------
------------
-----------
စဉ် | သင်တန်း(သင်တန်းနှစ်) | ကျား | မ | စုစုပေါင်း |
၁ | အဆောက်အဦနည်းပညာသင်တန်း (ပထမနှစ်) | ၁၄ | ၁၅ | ၂၉ |
၂ | လျှပ်စစ်နည်းပညာသင်တန်း (ပထမနှစ်) | ၁၈ | ၁၀ | ၂၈ |
၃ | မော်တော်ယာဉ်နည်းပညာသင်တန်း (ပထမနှစ်) | ၂၁ | ၇ | ၂၈ |
ပထမနှစ်စုစုပေါင်း | ၅၃ | ၃၂ | ၈၅ | |
၄ | အဆောက်အဦနည်းပညာသင်တန်း (ဒုတိယနှစ်) | ၈ | ၆ | ၁၄ |
၅ | လျှပ်စစ်နည်းပညာသင်တန်း (ဒုတိယနှစ်) | ၆ | ၂ | ၈ |
၆ | မော်တော်ယာဉ်နည်းပညာသင်တန်း (ဒုတိယနှစ်) | ၉ | - | ၉ |
ဒုတိယနှစ်စုစုပေါင်း | ၂၃ | ၈ | ၃၁ | |
စုစုပေါင်း | ၇၆ | ၄၀ | ၁၁၆ |
စဉ် | ဘာသာရပ် | အမြဲတမ်းဝန်ထမ်း | နေ့စားဝန်ထမ်း | ယာယီတွဲဖက် | စုစုပေါင်း |
၁ | အဆောက်အဦနည်းပညာသင်တန်း | ၄ | ၄ | ၈ | |
၂ | လျှပ်စစ်နည်းပညာသင်တန်း | ၆ | ၂ | ၈ | |
၃ | မော်တော်ယာဉ်နည်းပညာသင်တန်း | ၃ | ၂ | ၅ | |
၄ | အထောက်အကူပြုစာပေဘာသာရပ် | ၅ | ၁ | ၂ | ၈ |
၅ | စီမံနှင့်ရုံးအဖွဲ့ | ၄ | ၃ | ၁ | ၈ |
၆ | အခြားအဆင့် | ၂ | ၂ | ||
စုစုပေါင်း | ၂၂ | ၆ | ၁၁ | ၃၉ |
------------