အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)ကို ၂၀၀၉ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း၏ဘယ်ဘက်ခြမ်းတွင် အုပ်ချုပ်မှုဆောင် (၁)ဆောင်၊စာသင်ဆောင် (၁) ဆောင်၊ အလုပ်ရုံ(၂)ရုံ၊ စုစုပေါင်းအဆောက်အဦး(၄)ဆောင်ဖြင့် ဖွင့်လှစ်သင်ကြားလျှက်ရှိ ပါသည်

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)အားဒေသတွင်းပြည်သူလူထုမှ နည်းပညာနှင့် ပတ်သက်သည့်( ၂ ) နှစ်သင်တန်းများ နှင့်ကာလတိုသင်တန်းများအားတက်ရောက်နိုင်စေရန်၊ နည်း ပညာနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်အလုပ်အကိုင်အခွင့် အလမ်းများရရှိ စေပြီးဒေသလူမှုစီးပွားဘ၀များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ဖွင့်လှစ်ခဲ့ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

 ဖုန်း               -၀၄၅-၃၀၁၀၅

                     -၀၉-၄၀၂၄၅၃၉၈၁

အီးမေးလိပ်စာ - gthsmbn@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

စဥ်    အမည်        ရာထူး                တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
၁။   ဦးစိုးမြင့်        ကျောင်းအုပ်ကြီး        ၅.၅.၂၀၀၉ မှ  ၂၄.၃.၂၀၁၄
၂။  ဒေါ်မြင့်မြင့်ဦး    ကျောင်းအုပ်ကြီး      ၁၆.၆.၂၀၁၄ မှ ၃၀.၅.၂၀၁၈အထိ
၃။  ဦးမျိုးမင်းဟန်    ကျောင်းအုပ်ကြီး     ၃၀.၅.၂၀၁၈  မှ ယနေ့အထိ

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 
စဥ် သင်တန်းကာလ သင်တန်းအမည် သင်တန်းသား ဦးရေ သင်တန်းသား ဦးရေ
ကျား ေပါင်း ကျား ပေါင်း
၁၃.၇.၁၅မှ လက်သမားသင်တန်း ၄၀   ၁၉ ၄၀   ၁၉
၂၇.၇.၁၅ထိ
၂၁.၆.၁၅မှ တစ်လုံးထိုးဒီဇယ်အင် ဂျင်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း ၁၉   ၄၂ ၁၉   ၄၂
၂၀.၉.၁၅ထိ
၁၆.၁၂.၁၅မှ ပန်းရံသင်တန်း ၄၂   ၁၈ ၄၂   ၁၈
၃၁.၁၂.၁၅ထိ
၁၀.၁၀.၁၅မှ လယ်ယာသုံးစက်ကိရိယာများများ ပြု ြင်ထိန်းသိမ်းခြင်းသင်တန်း ၁၈   ၄၀ ၁၈   ၄၀
၁၇.၁.၁၅ထိ
၁၆.၁.၁၆မှ သံချည်သံကွေး ၄၀   ၁၅ ၄၀   ၁၅
၂၇.၁.၁၆ထိ
၁.၅.၁၆မှ တစ်လုံးထိုးဒီဇယ်အင် ဂျင်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း ၁၅   ၁၉ ၁၅   ၁၉
၃၁.၈.၁၆ထိ
၁၅.၅.၁၆မှ အခြေခံလျှပ်စစ်သင်တန်း ၁၉   ၁၀ ၁၉   ၁၀
၁၅.၆.၁၆ထိ
၁၅.၅.၁၆မှ ဂဟေဆက်သင်တန်း ၁၀   ၁၀ ၁၀   ၁၀
၁၅.၆.၁၆ထိ
၂.၇.၁၆မှ အိမ်တွင်လျှပ်စစ်ဝါယာသွယ်တန်း ခြင်းသင်တန်း ၁၈   ၁၈ ၁၈   ၁၈
၃၁.၇.၁၆ထိ
၁၀ ၁.၁၂.၁၆မှ အခြေခ့လျှပ်စစ်သင် တန်း ၂၀   ၂၀ ၂၀   ၂၀
၃၁.၁၂.၁၆ထိ
၁၁ ၅.၁၂.၁၆မှ အ‌ြေခခံပန်းရံအုတ်စီ သင်တန်း ၃၄   ၃၄ ၃၄   ၃၄
၁၉.၁၂.၁၆ထိ
၁၂ ၇.၁.၁၇မှ အ‌ြေခခံလျှပ်စစ်မီးသွယ် တန်းခြင်းသင်တန်း ၁၅   ၁၅ ၁၅   ၁၅
၇.၂.၁၇ထိ
၁၃ ၁.၂.၁၇မှ တစ်လုံးထိုးဒီဇယ်အင် ဂျင်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း ၄၀   ၄၀ ၄၀   ၄၀
၃၁.၃.၁၇ထိ
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ဧရာဝတီတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)သည်မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ် (၁)ရပ်ကွက် မြသီရိလမ်း တွင်တည်ရှိပြီး အကျယ်အ၀န်းမှာ ( ၅.၇ ဧက ) ဖြစ်ပါသည်။ ရန်ကုန်မအူပင်ကားလမ်းဘေး မှ ( ၂ ) ဖာလုံကွာ‌ေ၀းပြီး ကွန်ပျူတာတက္ကသိုလ်နှင့် ကျောခြင်းကပ်တည်ရှိပြီး စိမ်းမြကန်သာဘုရား၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး နှင့် အ.လ.က(၃)အနီးအနားတွင် တည်ရှိပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

ကာလတိုသင်တန်းများအား အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကျေးလက်ဒေသဖွင့် ဖြိုးတိုးတက်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်းဖွင့်လှစ် ဆောင်ရွက်လျှက်ရှိပါသည်။

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 


အ‌ြေခခံပညာအဌမတန်း( Grade IX )အောင်မြင်သူများအား(၂) နှစ်သင်တန်း( ၅)ခုဖြစ်သည့်
  (၁)အဆောက်အဦးနည်းပညာသင်တန်း(BT)
  (၂)လျှပ်စစ်နည်းပညာသင်တန်း(ET)
  (၃)အီလက်ထရောနစ်နည်းပညာသင်တန်း (EcT)
  (၄)မော်တော်ယာဥ်နည်းပညာသင်တန်း (AMT)
  (၅)စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ခြင်းနည်းပညာသင်တန် (MT)
  တို့အပြင်ဒေသနှင့်ကိုက်ညီသည့်နည်းပညာသင်တန်း(၅)ခုဖြစ်သည့်
  (၁)     တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း
  (၂)    လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း
  (၃)    အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း
  (၄)    အခြေခံ လျှပ်စစ်ဂဟေဆက်သင်တန်း 
  (၅)    အခြေခံ ပန်းရံ၊အုတ်စီသင်တန်း
တို့ကိုလဲအခါအားလျော်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

    (၂) နှစ်ပုံမှန်သင်များတွင် အထူးအောင်နှင့်အောင်ြမင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)  များသို့တက်ရောက်နိုင်ပါသည်။ အထူးအောင်ဖြင့်သော်၎င်း( သို့ ) ရိုးရိုးအောင်ဖြင့်သော် ၎င်းဖြေဆို အောင်မြင် ပြီးပါကတက္ကသိုလ်ဝင်စာမေးပွဲသို့အပြင်ဖြေဖြင့်ဝင်ရောက်ဖြေဆိုခွင့်ရှိပါသည်။ ထို့အပြင် အစိုးရဌာနဆိုင်ရာများနှင့်နည်းပညာဆိုင်ရာကျောင်းများ၊စက်မှုလက်မှုလုပ်ငန်များတွင်ရရှိထားသည့် အောင်လက်မှတ်များဖြင့်အလုပ်ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
စဥ် မေဂျာ ပထမနှစ် ဒုတိယနှစ် စုစုပေါင်း
အဆောက်အဦးနည်းပညာသင်တန်း(BT) ၄၁ ၄၄ ၈၅
လျှပ်စစ်နည်းပညာသင်တန်း(ET) ၄၁ ၄၃ ၈၄
အီလက်ထရောနစ်နည်းပညာသင်တန်း (EcT) ၄၁ ၃၅ ၇၆
မော်တော်ယာဥ်နည်းပညာသင်တန်း (AMT) ၄၀ ၄၁ ၈၁
စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ခြင်းနည်းပညာသင်တန် (MT) ၄၂ ၄၂ ၈၄
  စုစုပေါင်း ၂၀၅ ၂၀၅ ၄၁၀

 

သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဥ် သင်တန်းအမည် ဘွဲ့များ စုစုပေါင်းအရေ မှတ်ချက်
အတွက်
အဆောက်အဦးနည်းပညာသင်တန်း BE(3),A.G.T.I(1), E.G.T.I(1),GTHS(2) နေ့စား(၁)
အီလက်ထရောနစ်နည်းပညာသင်တန်း BE(3),A.G.T.I(2), GTHS(1)  
လျှပ်စစ်နည်းပညာသင်တန်း BE(3),A.G.T.I(2), E.G.T.I(1),GTHS(1)  
မော်တော်ယာဥ်နည်းပညာသင်တန်း M.E(1),BE(4),A.G.T.I(2), GTHS(1)  
စက်ပစ္စည်းအစိတ်အအပိုင်းထုတ်လုပ်ခြင်းနည်းပညာသင်တန်း A.G.T.I(2), GTHS(1)  
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

(၂) နှစ်စဥ်ပုံမှန်သင်များတွင် အထူးအောင်ဖြင့်အောင်ြမင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)  များသို့  တက်ရောက်နိုင်ပါသည်။

သင်တန်းများ