အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) အား ၅၊ ၅၊ ၂၀၀၉ ရက်နေ့တွင် ယခင် လက်မှုပညာသင်ကျောင်းကို ဖျက်သိမ်း၍ အဆိုပါနေရာနတွင်ပင် ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းသစ်မြေနေရာ၌ အဆောက်အဦးများ တည်ဆေက်ပြီးစီးခဲ့၍ ၂၀၁၁ ခုနှစ် မတ်လတွင် ကျောင်းဆောင်သစ်သို့ ပြောင်းရွေ့စာသင်ကြားခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

နိုင်ငံတော်အတွင်းနှင့် တိုင်းနှင်ပြည်နယ် အသီးသီးတွင် လူငယ်၊ လူရွယ်များမှ အခြေခံပညာအတန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ လူငယ်လုရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် ဒေသတွင်း စက်မှုပညာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ဖွံဖြိုးလာစေရေးအတွက် လေ့ကျင့်မွေးထုတ် နိုင်ရန်တို့ ဖြစ်ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

ကျောင်းဖုန်းနံပါတ်
        ၀၄၃-၂၀၂၂၀၄၂
        ၀၄၃-၂၀၂၂၀၄၃
ဆက်သွယ်ရန် e-mail – gthsste@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

၁။ ဦးအောင်နိုင်လတ်         - ၂၂၊၄၊၂၀၀၉    မှ  ၂၂၊၁၀၊၂၀၁၀အထိ
၂။ ဦးငြိမ်းချမ်းအောင်         - ၂၃၊၁၀၊၂၀၁၀ မှ  ၄၊၄၊၂၀၁၃အထိ
၃။ ဦးတင်ဝင်း                   - ၅၊၄၊၂၀၁၃     မှ  ၃၁၊၃၊၂၀၁၇အထိ
၄။ဒေါက်တာအောင်မျိုးဝင်း - ၁၊၄၊၂၀၁၇     မှ  ၁၇.၆.၂၀၁၈အထိ
၅။ ဦးမင်းဇော်ဦး    - ၁၈.၆.၂၀၁၈ မှ ယနေ့အထိ

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

ပုံမှန်သင်တန်းများ

ဘာသာရပ်အမည် ကျား စုစုပေါင်း
အဆောက်အဦးနည်းပညာ ၂၂၅ ၁၂၅ ၃၅၀
လျှပ်စစ်နည်းပညာ ၁၀၆ ၂၀ ၁၂၆
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ ၁၉၁ ၇၈ ၂၆၉
မော်တော်ယာဉ်နည်းပညာ ၁၄၅ - ၁၄၅

ကာလတိုသင်တန်းများ

သင်တန်းအမည် သင်တန်းသားစုစုပေါင်း
အုတ်စီ၊ ပန်းရံသင်တန်း ၅၈
မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေးသင်တန်း ၆၀
အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိန်းရေးသင်တန်း ၅၇
အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း ၅၅
လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းနည်းသင်တန်း ၁၅
သံချီ၊ သံကွေးသင်တန်း ၄၂
ဂဟေဆက်သင်တန်း ၁၀
ပိုက်ပြင်၊ ပိုက်ဆက်သင်တန်း ၂၅
တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ၂၀
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
ရခိုင်ပြည်နယ်
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)သည် စစ်တွေမြို့အနောက်စံပြရပ် ကွက်၊မြင်းစီးပြင်လမ်း၊အကွက်(၂၃)တွင် တည်ရှိပါသည်။ ကျောင်း၏ ဧရိယာအကျယ်အ၀န်း မှာ (၈.၆၄)ဧက ဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

    အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)အနေဖြင့် လက်ရှိတွင် အစိုးရမဟုတ် သော ILO၊ GIZ အဖွဲ့အစည်းများဖြင့် ကာလတို သင်တန်းများ၊ရွေ့လျားသင်တန်းများ ဖွင့် လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တွင် တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား/ကျောင်းသူများအား လစဉ် (သုံးသောင်းကျပ်)ကို  နိုင်ငံတော်အစိုးရ ၏ စီမံချက်ဖြင့် ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးလျှက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တွင် တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပြီးဆုံးသွားပါက အဆင့်မြင့် အောင်မြင်သူများအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံများသို့ ပထမနှစ် စ၍ တက်ရောက်ခွင့် ရရှိပြီး ရိုးရိုး အောင်မြင်သူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်များသို့ ၀င်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 

ပထမနှစ်

ဘာသာရပ်အမည် ကျား စုစုပေါင်း
အဆောက်အဦးနည်းပညာ ၃၃ ၃၉
လျှပ်စစ်နည်းပညာ ၂၄ ၃၁
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ ၁၉ ၁၅ ၃၄
မော်တော်ယာဉ်နည်းပညာ ၃၉ - ၃၉

ဒုတိယနှစ်

ဘာသာရပ်အမည် ကျား စုစုပေါင်း
အဆောက်အဦးနည်းပညာ ၂၁ ၂၅
လျှပ်စစ်နည်းပညာ ၁၉ ၂၀
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ ၁၄ ၁၅
မော်တော်ယာဉ်နည်းပညာ ၁၈ - ၁၈
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
ဘာသာရပ်အမည် ဆရာ ဆရာမ စုစုပေါင်း
အဆောက်အဦးနည်းပညာ
လျှပ်စစ်နည်းပညာ
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ
မော်တော်ယာဉ်နည်းပညာ
English -
Myanmar -
Maths -
Physics
Chemistry -
ကွန်ပျူတာ(B.C.Sc) -
စုစုပေါင်း ၂၇ ၃၅
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ထူးချွန်သောနည်းပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူများကို တရုတ်နိုင်ငံသို့ ပညာတော်သင်အဖြစ် စေလွှတ်လျှက် ရှိပါသည်။

သင်တန်းများ