အစိုးရနည်းပညာအထက်တန်းကျောင်း ( မြစ်ကြီးနား)
အစိုးရနည်းပညာအထက်တန်းကျောင်း ( မြစ်ကြီးနား)
( ၂၇.၄.၂၀၁၉ ) မှ ( ၂၅.၁.၂၀၁၀ )ရက်နေထိ ဒေါ်ကြေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ BE(Civil)မှ ကျောင်းအုပ်ကြီးအဖြစ်တာ၀န်ထမ်းဆောင်ခဲ့၊ (၂၆.၁.၂၀၁၀)ရက်နေ့မှ (၂၂.၅.၂၀၁၈)ရက်နေ့ထိ ဦးကျော်မင်းလတ်၊ ဒုတိယပါမောက္ခ၊ ME (Mech) မှ ကျောင်းအုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ (၂၄.၅.၂၀၁၈)ရက်နေ့မှ ယနေ့အထိ ဦးမျိုးမင်းဦး၊ ကထိက B.E(Production) တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးတွင် လူငယ်လူရွယ်များကို အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များလေ့လာသင်ကြားခွင့်ရရှိစေရန်၊ လူငယ်လူရွယ်များအတွက် အသက်မွေး၀မ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့် သင်ကြားပေးနိုင်ရန်နှင့် ဒေသအတွင်းစက်မှုပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။
လက်ကိုင်ဖုန်း -၀၉-၃၆၁၈၀၀၉၆
ကြိုးဖုန်း -၀၇၄-၂၉၃၈၅
Fax ဖုန်း -၀၇၄-၂၀၁၃၁
E-Mail - gthsmka@dtve.org
၁။ ဒေါ်ကြေးရီ BE(Civil) ဒုတိယညွှန်ကြားရေးမှူး
( ၂၇.၄.၂၀၁၉ ) မှ ( ၂၅.၁.၂၀၁၀ )ရက်နေထိ
၂။ ဦးကျော်မင်းလတ် ME (Mech) ဒုတိယပါမောက္ခ
(၂၆.၁.၂၀၁၀) မှ (၂၂.၅.၂၀၁၈)ရက်နေ့အထိ
၃။ ဦးမျိုးမင်းဦး B.E(Production) ကထိက
(၂၄.၅.၂၀၁၈)မှ ယနေ့ထိ
ပုံမှန်(၂ နှစ်)သင်တန်းမှ မွေးထုတ်ပြီးသင်တန်းသားဦးရေစာရင်း
စဉ် | သင်တန်း | မွေးထုတ်ပြီးစာရင်း | မှတ်ချက် | ||
ကျား | မ | ပေါင်း | |||
၁ | အဆောက်အဦနည်းပညာသင်တန်း | ၅၈ | ၅၁ | ၁၀၉ | |
၂ | အီလက်ထရောနစ်နည်းပညာသင်တန်း | ၅၈ | ၁၅ | ၇၃ | |
၃ | လျှပ်စစ်နည်းပညာသင်တန်း | ၁၄ | ၃ | ၁၇ | |
၄ | မော်တော်ယာဉ်နည်းပညာသင်တန်း | ၆၀ | - | ၆၀ | |
စုစုပေါင်း | ၁၉၀ | ၆၉ | ၂၅၉ |
ကာလတိုသင်တန်းများမှ မွေးထုတ်ပြီးသင်တန်းသား စုစုပေါင်းဦးရေ(စာရင်းချုပ်)
စဉ် | သင်တန်းအမည် | မွေးထုတ်ပြီးဦးရေ |
၁ | အိမ်တွင်းလျှပ်စစ်ကြိုးသွယ်တန်းခြင်းသင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၄၁၅ ဦး |
၂ | ဒီဇယ်/ဓါတ်ဆီ အင်ဂျင်ပြုပြင်ခြင်းသင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၁၀၄ ဦး |
၃ | အခြေခံဂဟေဆက်သင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၂၅ ဦး |
၄ | အခြေခံအုတ်စီခြင်းသင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၃၇ ဦး |
၅ | အခြေခံလက်သမားသင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၃၇ ဦး |
၆ | မော်တော်ဆိုင်ကယ်အင်ဂျင် ပြုပြင်ခြင်းသင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၂၃ ဦး |
၇ | အခြေခံကွန်ပျူတာ သင်တန်းမှ မွေးထုတ်ပြီး ဦးရေ | ၁၃၂ ဦး |
စုစုပေါင်း | ၇၇၃ ဦး |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် ဇော်ဂျွန်လမ်းအရှေ့ဘက် ကွန်ပျူတာတက္ကသိုလ်၀င််းအတွင်းရှိအလျား (၁၀၀ ပေ)နှင့် အနံ (၅၄ ပေ)အကျယ်ရှိသော ကျောင်းဆောင်တစ်ဆောင်နှင့် အလျား (၁၄၈ ပေ)နှင့် အနံ(၅၄ ပေ)အလုပ်ရုံခန်းများပါ၀င်သည့် အဆောင် တစ်ဆောင် စုစုပေါင်းအဆောင်(၂)ြဖင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ ကွန်ပျူတာတက္ကသိုလ်နှင့်GTHS (မြစ်ကြီးနား)တို့၏ (၂)ကျောင်းပေါင်း ကျောင်း၀န်းဧရိယာမှာ (၅.၈၆၂)ဧကဖြစ်ပါသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း ( မြစ်ကြီးနား )၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လူမှု၀န်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ IDP Camp များရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ကာလတိုသက်မွေးပညာသင်တန်းများကို ၁၆.၅.၂၀၁၇ ရက်နေ့မှ ၁၈.၈.၂၀၁၇ ရက်နေ့ထိ အိမ်တွင်းလျှပ်စစ်ကြိုးသွယ်တန်းခြင်းသင်တန်း၊ ဒီဇယ်/ဓါတ်ဆီ အင်ဂျင်ပြုပြင်ခြင်းသင်တန်း၊ အခြေ ခံလက်သမားသင်တန်း၊ မော်တော်ဆိုင်ကယ်အင်ဂျင် ပြုပြင်ခြင်းသင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများ အပတ်စဉ်နှစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့ ပါသည်။ နောက်ပိုင်းကာလများတွင် ဒေသတွင်းကုမ္ပဏီများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကာလတိုသက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ အရည်အသွေးစစ်ဆေးရေး Center များ ပြု လုပ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
ကာလတိုသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ရာတွင် ကျောင်း၏ ဆရာ ဆရာမများဖြင့် အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ လျှပ်စစ်သင်တန်းမှ သင်တန်းသားများအတွက် ဒေသတွင်း လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီဖြင့် အလုပ်အကိုင်အတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အခြားသောသင်တန်းများအတွက်လည်း အလုပ်အကိုင်များရရှိရေး အတွက် အခါအားလျော်စွာ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ လို အပ်သော သင်တန်းသုံးပစ္စည်းများကို ရုံးချုပ်သို့ တင်ပြတောင်းခံပေးခြင်း၊ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ ကာလတိုသက်မွေးပညာသင်တန်းများနှင့် စပ်လျဥ်းသောကိစ္စများ ရှင်းပြပေးခြင်း စသည်တို့ ပံ့ပိုးမှုနှင့် ၀န်ဆောင်မှုများပြုလုပ်ပေးပါသည်။
ကျောင်းပြီးဆုံးပါက အဆင့်မြင့်အောင်မြင်သော ကျောင်းသား/သူများအား အစိုးရစက်မှုလက်မှု သိပ္ပံများသို့ ဆက်လက်တက်ရောက်ခွင့်နှင့် ရိုးရိုးအောင်ကျောင်းသား/သူများနှင့် ကာလတိုသင်တန်းများ ပြီးဆုံးသော သင်တန်းသား/သူများအား ဒေသတွင်းရှိ ကုမ္ပဏီများတွင် ၀င်ရောက်လုပ်နိုင်ခြင်းနှင့် အသေးစားကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခွင်အလမ်းများရှိပါသည်။
စဉ် | သင်တန်းအမည် | ကျား | မ | ပေါင်း |
၁ | ပထမနှစ် အဆောက်အဦနည်းပညာသင်တန်း | ၃၃ | ၆ | ၃၉ |
၂ | ပထမနှစ် အီလက်ထရောနစ်နည်းပညာသင်တန်း | ၃၄ | ၇ | ၄၁ |
၃ | ပထမနှစ် လျှပ်စစ်နည်းပညာသင်တန်း | ၃၆ | ၆ | ၄၂ |
၄ | ပထမနှစ် မော်တော်ယာဉ်နည်းပညာသင်တန်း | ၃၇ | - | ၃၇ |
၅ | ဒုတိယနှစ် အဆောက်အဦနည်းပညာသင်တန်း | ၂၂ | ၁၂ | ၃၄ |
၆ | ဒုတိယနှစ် အီလက်ထရောနစ်နည်းပညာသင်တန်း | ၁၇ | ၅ | ၂၂ |
၇ | ဒုတိယနှစ် လျှပ်စစ်နည်းပညာသင်တန်း | ၁၉ | ၅ | ၂၄ |
၈ | ဒုတိယနှစ် မော်တော်ယာဉ်နည်းပညာသင်တန်း | ၂၅ | - | ၂၅ |
စုစုပေါင်း | ၂၂၃ | ၄၁ | ၂၆၄ |
စဉ် | အကြောင်းအရာ | အရေအတွက် | မှတ်ချက် | ||
ကျား | မ | ပေါင်း | |||
၁ | စီမံ | ၃ | ၁၄ | ၁၇ | နေ့စာ၀န်ထမ်း(၆)ဦးပါ |
၂ | သင်ကြားရေး | ၇ | ၃၀ | ၃၇ | နေ့စား၀န်ထမ်း(၃)ဦးပါ |
စုစုပေါင်း | ၁၀ | ၄၄ | ၅၄ |
ပညာရေး၀န်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နှစ်စဥ် G.T.I နှင့် G.T.H.S များ၏ ကျောင်းသား ကျောင်းသူများအား Scholarship ဆိုင်ရာ အခွင့်အလမ်းများပေးလျက်ရှိပါသည်။