ဒေသတွင်းဆောင်ရွက်ရမည့် နည်းပညာနှင့် သက်မွေးပညာရပ်များ ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း
အကြောင်းအရာများ
အဖွဲ့(၁) ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
အဖွဲ့(၂) ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင် ဖွင့်လှစ်နိုင်ရေး
အဖွဲ့(၃) ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေး
ပံ့ပိုးဆောင်ရွက်သူများ
၁။ ဒေါက်တာဇော်မင်းနိုင်
၂။ ဒေါက်တာသိန်းသိန်းအေး
၃။ ဦးဩဩကျော်
၄။ ဒေါ်စုစန္ဒာထွန်း
၅။ ဒေါ်လိှုင်လိှုင်သာ
၆။ ဒေါ်သီသီရှိန်
အဖွဲ့လိုက်ဆွေးနွေးမှု ရလဒ်များ
အဖွဲ့ (၁) ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
(၁) ခေတ်မီလယ်ယာနှင့် ဥယျာဉ်စိုက်ပျိုးရေးသင်တန်းများ
(၂) ခေတ်မီဆား ထုတ်လုပ်နည်းနှင့်ခေတ်မီ ရေငံပုဇွန် သားဖောက်လုပ်ငန်းသင်တန်း၊ ငါးမွေးမြူရေးလုပ်ငန်း
(၃) ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင် ကျွမ်းကျင်လုပ်သား သင်တန်း
အဖွဲ့(၂) ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး
(၁) လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှုသင်တန်း
(၂) စိုက်ပျိုးရေး နည်းပညာသင်တန်း (စပါးအထွက်တိုး)
(၃) ဆိုင်ကယ် ပြုပြင်မှုသင်တန်း
(၄) Hotel Service Training
ဦးစားပေးအစီအစဥ်အရ တောင်းဆိုမှု အများဆုံးဖြစ်သည့် လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှု သင်တန်းစတင်တွက််ဖွင့်လှစ်နိုင်ရေးအတွက်-
(က) ဖွင့်လှစ်မည့်နေရာ- ဧရာဝတီတိုင်းဒေသကြီး ခရိုင်မြို့ကြီးတွေမှာ ကွင်းဆင်းပြီးတော့ ညီနောင် အသင်းများနှင့် ညှိနှိုင်းပြီး ခရိုင်မြို့တွေမှာ သင်တန်းဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
(ခ) ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်များ- ARCCI၊ UMFCCI၊ စိုက်ပျိုးရေး မွေးမြူရေးဝန်ကြီးဌာန၊ ရေဆင်းတက္ကသိုလ်
(ဂ) သင်တန်းနည်းပြ ရရှိနိုင်မှု- ရေဆင်းတက္ကသိုလ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (စိုက်/မွေး)
(ဃ) သင်တန်းသား (Target Group)- တောင်သူများနှင့် စိတ်ပါဝင်စားသူများ
(င) သင်တန်းကာလ- ရက်တို
အဖွဲ့(၃) ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး
ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်တဲ့ သင်တန်းသားများ ရေရှည် မွေးထုတ်ပေးရန် အတွက်-
(က) အဟန့်အတား၊ တွေ့ကြုံရမည့် အခက်အခဲ၊ စိန်ခေါ်မှုများမှာ-
(၁) သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် ကျွမ်းကျင်ဆရာများ၊ ရန်ပုံငွေ၊ ဘတ်ဂျက်လိုအပ်မှု၊ သင်တန်းသားစုစည်းရရှိနိုင်မှု စသည်တို့လိုအပ်ခြင်း။
(၂) မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် သင်တန်းများ လာရောက် သင်ယူနိုင် ခြင်း မရှိခြင်း
(၃) သင်တန်းပြီးဆုံး အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ၌ Standardized Recaginization ဖြစ်ရန် လိုအပ်ခြင်း။
(၄) အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ခြင်း။
(ခ) ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများမှာ-
(၁) Funancial Support အတွက် အစိုးရအဖွဲ့အစည်းမှသာ မဟုတ်ဘဲ အခြားNGO/ INGO3 များမှ ရရှိရန် အကူအညီ တောင်းခံ ခြင်း။ အဲဒီအကူအညီ တောင်းခံမှုကို အစိုးရမှ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးခြင်း။
(၂) ဒေသတွေမှာတက်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေအတွက် ရွေ့လျားသင်တန်း ဖွင့်ပေးခြင်း။
(၃) သင်တန်းကျွမ်းကျင်မှုကို စစ်ဆေးရာတွင် သင်တန်းကျောင်းမှ သင်ကြားသူ ဆရာ၊မ များမှ စစ်ဆေးသည့်အပြင် အခြားကျွမ်းကျင်သူများ စစ်ဆေးပေးရန်။
(၄) အလုပ်အကိုင် ချိတ်ဆက်ရရှိရန် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။