၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်(ဆောက်လုပ်ရေး)လုပ်ငန်း များတွင် QA/QC လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာကော လိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာ အထက်တန်း‌ကျောင်းများနှင့် သင်တန်း ကျောင်းများတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် QA/QC လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်(မန္တလေး)၊ အစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်)နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)တို့တွင် ၂၁-၄- ၂၀၂၃ ရက်နေ့မှ ၅-၅-၂၀၂၃ ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများကို ၅-၅-၂၀၂၃ ရက်နေ့၊ ရုံးချိန် အတွင်း တင်ဒါ ပုံစံဝယ်ယူခဲ့သောကျောင်းများတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက် များကို ရုံးချိန် အတွင်း ဖုန်းနံပါတ် ၀၆၇၃၄၀၄၀၂၀၊ ၀၆၇၃၄၀၄၄၈၀(ဦးစီးဌာန၊ ရုံးချုပ်)၊ ၀၉၇၇၆၆၈၀၂၃၈ (အစိုးရနည်းပညာကောလိပ်၊ မန္တလေး)၊ ၀၉၈၈၇၆၄၅၅၈၀ (အစိုးရစက်မှုလက်မှုသိပ္ပံ၊ နေပြည်တော်)၊ ၀၉၄၀၁၀၈၄၀ ၉၃ (အစိုးရစက်မှုလက်မှုသိပ္ပံ၊ အင်းစိန်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန