သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြား

Baelin

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ နည်း ပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၏ သင်ကြားသင်ယူမှု ကိစ္စရပ်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကိစ္စရပ်များ အား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် အတွက် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့တွင် နည်းပညာမြှင့်တင်ရေး သင်တန်း ဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်းခန်းမများနှင့် သက်ဆိုင်ရာဌာန များသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက်ထား သည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းခန်းမ၌ သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်း ဆွေးနွေး ပြောကြားခဲ့ပြီး နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၏ လက်ရှိ သင်ကြားသင်ယူအသုံးပြုလျက်ရှိသော သင်ထောက်ကူပစ္စည်းများ အစဉ်ခေတ်မီစေရန်နှင့် ကျောင်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် နှစ်စဉ်သုံးသပ် ဖြည့်ဆည်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ (၃) ရက်နေ့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)သို့ ဆက်လက် သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ တာဝန်ခံ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။