မျှော်မှန်းချက်နှင့် ရည်မှန်းချက်

မျှော်မှန်းချက်
 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ မျှော်မှန်းချက်မှာ “နိုင်ငံတော်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုရန်အတွက် ပြည်တွင်းလိုအပ်ချက်နှင့်ကိုက်ညီ၍ ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များအားစဉ်ဆက်မပြတ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးရန်” ဖြစ်ပါသည်။

ရည်မှန်းချက်
 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)    သင်ယူလိုသူတိုင်း သက်မွေးပညာသင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်၊

(၂)     နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကို သက်မွေးပညာဖြင့် အထောက်အကူပြုရန်။