လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)

လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း

(၁)

EV မော်တော်ယာဉ် နည်းပညာများဆိုင်ရာ အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းနိုင်ရေး၊ EV ဆိုင်ရာ Training of Trainers (ToT)သင်တန်းဆရာများ လေ့ကျင့် သင်ကြား မွေးထုတ်ပေးနိုင်ရန်အတွက် သင်တန်းသားသစ်များ ခေါ်ယူမည်ဖြစ်ပါသည်။

(၂)

နည်းပညာနှင့်သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများအား အမှန်တကယ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

(၃)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနမှ GTHS (AT,ET,EC), ITC (AT), AGTI, B.Tech, B.E, M.E, Ph.D (Mech, EP, EC) ဘွဲ့ရဝန်ထမ်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများမှဝန်ထမ်းများ၊ အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့်တက်ရောက်ဖူးသူများ လျှောက်ထားနိုင်သည်။

(၄)

ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးပါမည်။

(၅)

သင်တန်းကာလ(၆)ပတ်ကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်(Certificate) ရရှိပါမည်။

(၆)

လျှောက်လွာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်-

 

(က)

လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

 

(ခ)

ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာ(မူရင်း)။

 

(ဂ)

သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော ပညာအရည်အချင်း အထောက်အထား (မိတ္တူ)။

 

(ဃ)

လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။

 

(င)

သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ(မူရင်း)။

 

(စ)

ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။

 

ဖွင့်လှစ်မည့်သင်တန်း           - လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်း

                                           (Training of Trainers for Electric Vehicles) (၂/၂၀၂၄)

ဖွင့်လှစ်မည့်နေ့ရက်              -(၂၁-၁၀-၂၀၂၄)ရက်နေ့မှ(၂၉-၁၁-၂၀၂၄)ရက်နေ့အထိ၊     
           (၆)ပတ်၊ (၁၈၀)နာရီ

ဖွင့်လှစ်မည့်အချိန်                -နံနက် (၉:၀၀) နာရီ မှ ညနေ (၄:၀၀) နာရီအထိ

                                          (တနင်္လာ မှ သောကြာ)

ဖွင့်လှစ်မည့်နေရာ                -အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ မင်းကြီးလမ်းနှင့်   
           အောက်မင်္ဂလာဒုံလမ်းထောင့်၊ ပြည်တော်သာမှတ်တိုင်ရှေ့၊  
           အင်းစိန်မြို့နယ်

လက်ခံနိုင်မည့်သင်တန်းသားဦးရေ- (၂၅) ဦး

ဆက်သွယ်စုံစမ်းရန်ဖုန်း        - ၀၉-၄၄၃၉၇၃၆၀၆

[လျှောက်ထားခြင်းကို (၈-၁၀-၂၀၂၄) ရက်နေ့မှ (၁၄-၁၀-၂၀၂၄) ရက်နေ့အထိ နံနက် (၉:၃၀) နာရီမှ ညနေ (၄:၀၀) နာရီအတွင်း လျှောက်ထားနိုင်ပါသည်။]    

 မှတ်ချက်။           အစိုးရရုံးပိတ်ရက်များပိတ်မည်ဖြစ်ပါသည်။

                                                                                နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန