ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
အစိုးရနည်းပညာကောလိပ်/သိပ္ပံ/ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော အမှုထမ်း(သင်ကြား/စီမံ)ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ဌာနများအတွက် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး လျှောက်ထားလိုသူများသည် လျှောက်လွှာများကို မိမိနှင့်နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းများတွင် လျှောက်လွှာတင်သွင်းနိုင်ပါသည်-
စဉ် |
ရာထူး၊ လစာနှုန်း |
ပညာအရည်အချင်း |
ခန့်အပ်မည့် ဦးရေ |
(က) |
နည်းပြ (၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ) |
B.E(Civil, EP, Mech, IT) |
(၇၅)ဦး |
B.C.Sc/B.C.Tech(မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ) |
(၁၀)ဦး |
||
B.Sc/ B.A(Myanmar, English , Mathematics, Chemistry) မဟာဘွဲ့ တက်ရောက်ရန် အရည် အချင်း ပြည့်မီသူ) |
(၆၅)ဦး |
||
(ခ) |
စက်မှုကျွမ်းကျင်(၄) (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) |
A.G.T.I(Civil, EC, EP, Mech, IT) ဒီပလိုမာလက်မှတ်ရရှိသူ |
(၁၅၀)ဦး |
(ဂ) |
စာရင်းကိုင်-၄ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) |
စီးပွားရေးဆိုင်ရာ ဘွဲ့တစ်ခုခုရရှိသူ |
(၂၀)ဦး |
(ဃ) |
အငယ်တန်းစာရေး (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) |
ဘွဲ့တစ်ခုခုရရှိသူ |
(၁၁၀)ဦး |
(င) |
ရုံးအကူ (၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ) |
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူ |
(၇၀)ဦး |
စုစုပေါင်း |
(၅၀၀)ဦး |
၂။ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား အလုပ်လျှောက်လွှာခေါ်ယူသွား မည်ဖြစ်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၃၁-၁-၂၀၂၅ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်သူ ဖြစ်ရမည်။
(ဂ) လုပ်ငန်းလိုအပ်ချက်အရ တိုင်းရင်းသားဒေသခံများကို ဦးစားပေးရွေးချယ် ခန့်ထားမည်။
(ဃ) ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရပါက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနတွင် တစ်ဆက်တည်းလုပ်သက် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။(တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက သတ်မှတ်လျော်ကြေးငွေ ပေးလျော်ရ မည်ဖြစ်သည်။)
(င) ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(စ) ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်သူ ဖြစ်ရမည်။
(ဆ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
(ဇ) အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
(ဈ) စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် လုပ်ငန်းသဘော သဘာဝအရ ကွန်ပျူတာကျွမ်းကျင်သူများအား ဦးစားပေးရွေးချယ်သွားမည်။
(ည) အလုပ်မှ နုတ်ထွက်ထားသူများ လျှောက်ထားလိုပါက ယခင်ဌာန၏ နုတ်ထွက်ခွင့် ရုံးအမိန့်စာနှင့်အတူ ပူးတွဲတင်ပြရမည် ဖြစ်သည်။ အစိုးရဌာန တစ်ခုခု၏ ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်(Dismiss)ခံထားရသူများ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတင်းစာ ကြော်ငြာပါသည့်နေ့မှစ၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ Website www.dtvet.gov.mmတွင် download ရယူ၍ သော်လည်းကောင်း၊ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လျှောက်လွှာများကို ထုတ်ယူ၍ သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျက် ၁၆-၂-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကျောင်းများသို့ တိုက်ရိုက်တင်သွင်း လျှောက်ထား ရမည်-
(က) ဘွဲ့လက်မှတ်(သို့မဟုတ်)ယာယီဘွဲ့ထောက်ခံစာ၊ A.G.T.I ဒီပလိုမာလက်မှတ်၊ တက္ကသိုလ် ဝင်တန်းအောင်လက်မှတ်မိတ္တူ။
(ခ) (၆)လအတွင်းရိုက်ထားသော ပတ်စပို့ဓာတ်ပုံ(၃)ပုံ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနအဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြု ကြောင်း ထောက်ခံချက် မူရင်း။
(ဃ) ဝန်ထမ်းမဟုတ်သူများအတွက် (၁)နှစ်အတွင်း ပြုလုပ်ထားသော သက်တမ်းရှိ အလုပ် သမားမှတ်ပုံတင် မိတ္တူ။
(င) (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း။
(စ) (၁)လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူး ထောက်ခံချက် မူရင်း။
(ဆ) လျှောက်လွှာပိတ်ရက် မတိုင်မီ (၁)လအတွင်း ရရှိထားသည့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက် မူရင်း။
၄။ လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန်ဖြစ်ပြီး အချိန်မီစေရန် လျှောက်လွှာ တစ်စောင်ကို ကြိုတင်မိတ္တူဟုရေးသားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးအမှတ်(၂၁)သို့ ပေးပို့နိုင်ပါသည်။
၅။ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် နည်းပြရာထူး၊ စက်မှုကျွမ်းကျင်(၄)ရာထူး၊ စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် လျှောက်ထားသူများသည် မိမိ လျှောက်လွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုရမည်။
၆။ ရေးဖြေဖြေဆိုခဲ့သူများနှင့် ရုံးအကူရာထူးနေရာအတွက် လျှောက်ထားသူများကို လူတွေ့ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပါသည်။
၇။ လူတွေ့စစ်ဆေးချိန်တွင် (ဘွဲ့လက်မှတ် (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာ၊ A.G.T.I ဒီပလိုမာ လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်) မူရင်းများ တင်ပြနိုင်ရမည်။
၈။ အလုပ်ခန့်အပ်ခြင်းခံရသူများစာရင်းအား နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ကြေညာသွားမည် ဖြစ်ပါသည်။
၉။ လျှောက်လွှာနှင့် စပ်လျဉ်း၍ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ပူးတွဲတင်ပြ ရမည့် စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ထားသော ရက်ထက်နောက်ကျ ရောက်ရှိလာသော လျှောက်လွှာများကို (လုံးဝ)လက်ခံစဉ်းစားမည် မဟုတ်ပါ။
၁၀။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၂၀-၂-၂၀၂၅ ရက်နေ့နှင့် ၂၁-၂-၂၀၂၅ ရက်နေ့များ တွင် မိမိတို့လျှောက်ထားခဲ့သည့် ကျောင်းနှင့် ဌာနများ၌ ရုံးချိန်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။
၁၁။ ရေးဖြေဖြေဆိုခဲ့သူများနှင့် အပိုဒ်(၁)ပါ အမှတ်စဉ်(င)အတွက် လူတွေ့စစ်ဆေးခြင်းကို ၂၄-၂-၂၀၂၅ ရက်နေ့မှ ၂၅-၂-၂၀၂၅ ရက်နေ့အထိ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၁၂။ ရေးဖြေစာမေးပွဲ စစ်ဆေးမှုအား သက်ဆိုင်ရာကျောင်းများအလိုက် အောက်ဖော်ပြပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်-
စဉ် |
ဖြေဆိုရမည့်ဘာသာရပ် |
နေ့ရက် |
အချိန် |
(က) |
မြန်မာစာ |
၂၃-၂-၂၀၂၅ |
နံနက် ၈:၀၀နာရီ မှ ၁၀:၀၀နာရီ အထိ |
(ခ) |
အထွေထွေဗဟုသုတ |
၂၃-၂-၂၀၂၅ |
နံနက် ၁၀:၃၀နာရီ မှ ၁၂:၃၀နာရီ အထိ |
(ဂ) |
အင်္ဂလိပ်စာ |
၂၃-၂-၂၀၂၅ |
မွန်းလွဲ ၁:၃၀နာရီ မှ ၃:၃၀နာရီ အထိ |
မှတ်ချက်။ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက မိမိလျှောက်ထားသည့် သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန