Developing Learning Outcomes (အပိုင်း-၂)

posted by: Dr. Kyu Kyu Swe, DTVE

Learning Outcomes တွေမှာဖော်ထုတ်ရာမှာအသုံးပြုနိုင်တဲ့ ကြိယာ (verbs) များကိုအောက်ပါအတိုင်းအမျိုးအစားများခွဲခြားနိုင်ပါတယ်။

(၁) သတင်းအချက်အလက်မှတ်မိမှုစေလိုမှုကိုရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “define, identify, list, name, recall, repeat, state” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

(၂) သင်ခန်းစာအပေါ်နားလည်မှု (Understand) ကိုဖော်ထုတ်ရန်ရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “classify, describe, locate, report, restate, summarize” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

(၃) သင်ခန်းစာကိုအသုံးချနိုင်မှု (Apply) ကိုရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “employ, illustrate, solve, use” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

(၄) သင်ခန်းစာကို Analyze ပြုလုပ်နိုင်မှုကိုရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “compare, contrast, criticize, distinguish, examine, question, test” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

(၅) သုံးသပ်မှု၊ ကောက်ချက်ချမှု (Evaluate) ပြုလုပ်နိုင်မှုကိုရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “appraise, argue, assess, defend, predict, select, support” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

(၆) အုပ်စုကွဲနေသောဗဟုသုတတွေကိုု စုစည်းအဖြေထုတ် Create ပြုလုပ်နိုင်မှုကိုရည်ရွယ်တဲ့ Learning Outcomes တွေကို

“will be able to” + “assemble, collect, construct, develop, formulate, organize, propose” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။

ထို့ပြင် Learning Outcomes တွေကို မြင်နိုင်မယ့်ရှုထောင့်တွေဟာ Content ပေါ်မူတည်သလား၊ Skill ပေါ်မူတည်သလား၊ Values ပေါ်မူတည်သလားဆိုပီး (၃)မျိုးထပ်မံခွဲဲခြားနိုင်ပါတယ်။

(၁) Content (သင်ခန်းစာကိုလွှမ်းခြုံသောအချက်အလက်) ပေါ်မူတည်တဲ့ Learning Outcomes ဥပမာကတော့

By the end of this course, students will be able recall the 5 major events leading up to the Riel Rebellion and describe their role in initiating the Rebellion.

(၂) Skills (သင်ယူသူတို့အသုံးချနိုင်မယ့်ကျွမ်းကျင်မှု) ပေါ်မူတည်တဲ့ Learning Outcomes ဥပမာကတော့

By the end of this course, students will be able to define the characteristics and limitations of historical research.

(၃) Values (သင်ယူသူတို့ကိုဗဟုသုတအတွေ့အကြုံတွေကိုတိုးပွားလာစေမှု) ပေါ်မူတည်တဲ့ Learning Outcomes ဥပမာကတော့

By the end of this course, students will be able to articulate their personal responses to a literary work they have selected independently. (ဆက်ပါဦးမည်)