credit to: U Win Maw Htun, Director General, DTVE
ဒီ နေ့ ၂၀၁၆ ခု နှစ် ၊ မေလ ၁၄ ရက် ကြေးမုံ သတင်းစာ မှာ ဖော် ပြ ထား သော ဒေါက် တာ မောင် အောင် ရဲ့ ဆောင်း ပါး ထဲ က ကောက် နှုတ် ချက် တချို့ ပါ ၊ နိုင်ငံ တိုးတက် ဖွ့ံ ဖြိုး ဘို့ ၊ ဘာ တွေ လုပ် ရ မလဲ ၊ သေချာ ရေး ထား ပါ တယ် ခင် ဗျာ ၊ ဖတ် ကြည့် ကြ ပါ။
မိမိကိုယ်တိုင် စတင်ပြောင်းလဲလိုက်ပါ ။ တိုးတက်ပြောင်းလဲလိုသူများအတွက် ပထမဆုံး ပြောင်းလဲရမည့်အချက်မှာ တိုးတက်မှုကို ဖော်ဆောင် မည့် သဘောထားခံယူချက် ( Mindset ) ရှိရေးပင်ဖြစ် သည်။ မှန်ကန်သည့်အသိ၊ မလျှော့သည့် လုံ့လဝီရိယ နှင့် ကြိုးစားမှု၊ လက်ရှိဖြစ်ပေါ်နေသည့် တိုးတက်မှုအခွင့် အလမ်းများ ရယူအသုံးချနိုင်ရေးသည် လူတိုင်းအတွက် အလေး ထားရမည့် အချက်များဖြစ်သည်။
တိုးတက်မှု အတွက် အသိမှန်ကန်ရေးသည် အထူးအရေးကြီးပြီး ဘယ်လောက်ပင် ခက်ခဲ သည်ဖြစ်စေ မမှန်ကန်သည့်နည်း လမ်းများဖြင့် စီးပွားရှာခြင်း၊ အချောင်လိုက်ခြင်း၊ အများ ကိုထိခိုက်မှ ဝင်ငွေ ရမည့် လုပ်ငန်းမျိုး ရှောင်ရှားရမည်ဖြစ် သည်။ ပြဿနာတွေ့တိုင်း အပြုသဘောဖြင့် ဘယ်လို ကောင်းအောင် ကြိုးစားလုပ်ဆောင်ရမည်။ မိမိသာမက မိသားစုဝင်များ၊ မိတ်ဆွေ အပေါင်းအသင်းများအား ကောင်းသည့်အကြံဉာဏ်များ၊ လမ်းကြောင်းမှန်သို့ ရောက်စေရန်အတွက်ပါ လမ်းပြ ကူညီနိုင်ရ မည်ဖြစ်သည်။
ကြီးပွား တိုးတက် လိုသူတိုင်း တစ်နေ့ ထက် တစ်နေ့ ပိုမို တိုးတက်ပြောင်းလဲလာရေး အလေးထား ရမည်ဖြစ်သည်။ သူများကို ပြိုင်ရန်မလိုဘဲ မိမိကိုယ်သာ ပြိုင်ရမည်ဖြစ်ကာ ‘‘မနေ့ကငါနှင့် ဒီနေ့ငါ’’ နှိုင်းယှဉ်ပြီး အသိပညာ၊ ဥစ္စာ မည်မျှ တိုးတက် ပြောင်းလဲလာမှု ရှိသည့်အချက်နှင့် အကဲဖြတ်ရမည်ဖြစ်သည်။ တစ်နေ့တာ ကုန်ဆုံးတိုင်း ယခင်က မသိသေးသည့် အသိပညာ နှင့်ကျွမ်းကျင်မှု၊ တိုးလာသည့်ဝင်ငွေ၊ ပတ်ဝန်းကျင်သစ်နှင့် မိတ်ဆွေကောင်း စသည်တို့ ရှိရ မည်ဖြစ်သည်။
တစ်ဦးချင်း တိုးတက်မှုမှ တစ်ဆင့် မိသားစု တစ်စုချင်း တိုးတက်မှု၊ ယင်းမှတစ်ဆင့် တစ်ပြည်လုံး တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ စွမ်းဆောင် ရည်ရှိသည့် ပြည်သူများ ဖြစ်လာဖို့ ယေဘုယျအားဖြင့် အသိပညာခေတ် (Knowledge era ) တွင် နိုင်ငံတစ် နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှု ကို အဓိက ပြဋ္ဌာန်းနေသည်မှာ နိုင်ငံသားများ၏ အသိပညာ ြွကယ်ဝမှုနှင့် ကျွမ်းကျင်တတ်မြောက်မှုပင်ဖြစ်သည်။
မြေ၊ သဘာဝ သယံဇာတများ အရင်းအနှီး မည်မျှပင် ရှိစေကာမူ အရည်အသွေး ရှိသည့်သူများ မရှိလျှင် ရေရှည် တိုးတက် ဖွံ့ဖြိုးမှုကို မမျှော်လင့်နိုင်ပေ။ ယနေ့ ကမ႓ာ့ အချမ်းသာဆုံး နိုင်ငံများတွင်လည်း အရည်အသွေးပြည့်ဝသည့် နိုင်ငံသား များလေ နိုင်ငံဖွံ့ဖြိုးလေဖြစ်သည်။ ထို့အတွက် ပြည်သူ အများစု၏ စွမ်းဆောင်ရည် သိသိသာသာ မြင့်တက်လာရေး အထူး အရေးကြီး လာပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် အဓိကစိန်ခေါ်နေ သည့်အချက်မှာ လည်း နိုင်ငံသားများ၏ အသိပညာ၊ ကျွမ်းကျင်မှု အရည်အသွေးနိမ့်ကျနေမှုပင်ဖြစ်သည်။
ယခင် အစိုးရလက်ထက် တံခါးဖွင့်လိုက်သည့် အချိန်တွင် နိုင်ငံခြား ရင်းနှီးမြုပ် နှံမှုများ ပိုမိုဝင်ရောက်လာ သလို ကုန်သွယ်မှု အခွင့်အလမ်းများလည်း ပိုမိုပွင့်လာမှု များ ရှိခဲ့သည်။ သို့သော် အဆိုပါ အခွင့်အလမ်းများ ထိထိ ရောက်ရောက် အသုံးမပြုနိုင်ခဲ့သည် ့အတွက်လည်း မျှော်မှန်း သလောက် တိုးတက်မှု မရခဲ့ပေ။
နိုင်ငံခြား လုပ်ငန်းရှင်များ အမြဲပြောလေ့ရှိသည့် စကားမှာ လူသား အရင်းအမြစ ်များစွာရှိသော် လည်း ထိုက်သင့်သည့် ကျွမ်းကျင်မှု မရှိခြင်းပင်ဖြစ်သည်။ သတိပြု ရမည့် အချက်မှာလည်း ကြိုးစားမှုရှိပြီး ကျွမ်းကျင်မှုရှိသည့် မြန်မာ့လူငယ်အချို့ နိုင်ငံတကာ လုပ်ငန်းကြီးများတွင် မြင့်မားသည့် လစာများဖြင့် ဝင်ရောက် လုပ်ကိုင်နေကြပြီ ဖြစ်သည်။ အရည်အချင်းရှိသည့်သူများ အတွက် အလုပ် မရှားသည့် ခေတ် ရောက်ရှိနေပြီဖြစ်သည်။
အသိပညာြ ွကယ်ဝသူနှင့် ကျွမ်းကျင် တတ်မြောက် စေရန်အတွက် မည်သို့ ပြင်ဆင်ရမည်ဆိုသည့်အချက်က ပို၍ အရေးကြီးပါသည်။ တက္ကသိုလ်ဘွဲ့ရများ များစွာရှိ သော်လည်း ရှိရမည့် အရည်အချင်း မပြည့်မီခြင်းက လက်တွေ ့ရင်ဆိုင် နေရသည့် ပြဿနာ ဖြစ်သည်။
၁၉၆၂ မတိုင်မီ မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ် နိုင်ငံတကာ အဆင့်မီခဲ့သော်လည်း ၁၉၆၂ နောက်ပိုင်း အစမ်းသပ်ခံ ပညာရေး စနစ်များကြောင့် အဆင့်နိမ့်ကျ လာ မှုနှင့်အတူ ကျောင်းသား အရေး အခင်းများကြောင့် နယ် အသီးသီးတွင် တက္ကသိုလ်များဖွင့်လှစ်လိုက်သည့် အခါ ဘွဲ့ရများ၏ အရည်အသွေးသည် လက်ရှိပြိုင်ဆိုင်မှု ပြင်းထန်သည့် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်ချက် များစွာ ရှိနေပြီဖြစ်သည်။
တက္ကသိုလ်ပညာရေးစနစ် စတင်ပြောင်းလဲရန် လုပ်ဆောင်နေပြီဖြစ်သော်လည်း အချိန်စောင့်ရဦးမည် ဖြစ်သည်။ ကျွမ်းကျင်မှု ( Skill ) အခြေပြု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရန် လက်တွေ့ကျကျ အမြန်ဆုံး ဖြေရှင်းနိုင်သည့် နည်းလမ်းမှာ လုပ်ငန်း နယ် ပါယ် ကဏ္ဍအသီးသီး အတွက် သက်မွေး ပညာသင်တန်း ( Technical and Vocational Training ) များ ရွေးချယ် တက်ရောက် စေခြင်း ပင်ဖြစ်သည်။ ယနေ့ခေတ် မည်သည့် လုပ်ငန်း လုပ်ကိုင် သည်ဖြစ်စေ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ် မဖြစ်မနေ တတ်မြောက်ရမည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ မိမိ ဝါသနာ ပါသည့် လုပ်ငန်း သို့မဟုတ် မိမိ လုပ်ကိုင် နေသည့်လုပ်ငန်းနှင့် ပတ်သက်သည့် သက်မွေးပညာ သင်တန်းများ စူးစူးစိုက်စိုက် လေ့လာသင် ကြားရမည်ဖြစ်သည်။ ယခုအခါ ဝန်ကြီးဌာန အသီးသီးမှာ ဖွင့်လှစ် ထားသည့် သက်မွေးပညာသင်တန်း များရှိနေပြီ ဖြစ်သလို သင်တန်းများ တိုးပွားရေးနှင့် နယ် အနှံ့ဖွင့်လှစ် နိုင်ရန်လည်း ဝိုင်းဝန်း လုပ်ဆောင် ရဦးမည်ဖြစ်သည်။
ထိရောက်သည့် အသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်တွင် ဆင့်ပွား သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့် ပေသည်။ ယနေ့ခေတ် လုပ်ငန်းတိုင်း ပြိုင်ဆိုင်မှုပြင်းထန် သည့်အတွက် လုပ်ငန်းအဆင့်တိုင်း အောက်ခြေမှစ၍ ကိုယ်လုပ်သည့် အလုပ်နှင့် ပတ်သက်သည့် လိုအပ်သော ကျွမ်းကျင်မှု ( Skill ) ၊ တာဝန်ယူမှု (Responsibility ) ရှိရမည်ဖြစ်သည်။