နိုင်ငံတကာအဆင့်သို့တိုင် ထွန်းတောက်လာတော့မည့် GTI ပညာရေးနှင့် လူငယ်များအနာဂတ်

နိုင်ငံတကာအဆင့်သို့တိုင် ထွန်းတောက်လာတော့မည့် GTI ပညာ​ရေးနှင့် လူငယ်များအနာဂတ်

ဒေါက်တာစိုင်း(နည်းပညာ)

            နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေဖို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ နိုင်ငံတော်၏ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ် ငန်းတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် နည်းပညာကျွမ်းကျင်သူတွေနဲ့ နည်းပညာရှင်တွေ ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေးဟာ အရေးကြီးလှပါတယ်။ ဒါကြောင့် နည်းပညာကျွမ်းကျင်သူတွေကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါ တဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ 

            နိုင်ငံတော်ရဲ့ GTI ပညာရေးဟာ GTI (အင်းစိန်)မှ စတင်ခဲ့ပါတယ်။   GTI (အင်းစိန်) ဟာ ၁၈၉၅ ခုနှစ်၊ ဧပြီ()ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ်(၂၉၇)မှာ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး နောင်အခါမှာ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှု သိပ္ပံကျောင်း(၁၂)ကျောင်းအနက် အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ စက်မှုလက်မှုသိပ္ပံဖြစ်လာခဲ့ပါတယ်။

            ၁၉၅၀ ပြည့်နှစ်မှာ GTI (အင်းစိန်) အနေနဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေက ကူညီပေးခဲ့တဲ့ ကိုလံဘိုစီမံကိန်းရဲ့ အထောက်အပံ့တွေဖြစ်တဲ့ စက်မှုလက်မှုဆိုင်ရာ အကူအညီတွေ၊ ကျွမ်းကျင်ပါရဂူတွေနဲ့ ငွေကြေးအကူအညီတွေ ရရှိခဲ့ပြီး အင်းစိန်ဂျီတီအိုင်က ဆရာ၊ ဆရာမတွေကို ပြည်ပနိုင်ငံတွေဆီ စေလွှတ် ပြီး သင်ကြား၊ သင်ယူမှုဆိုင်ရာ အရည်အသွေး မြှင့်တင်မှုတွေနဲ့ စတင်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ၁၉၅၄ခုနှစ်မှာ အမေရိကန်နိုင်ငံ Ford Foundation ရဲ့ အကူအညီနဲ့ William Hood Dunwoody Industrial Institute of Minneapolis U.S.A မှ စက်မှုနည်းပညာဆိုင်ရာ အကူအညီအဖြစ် နိုင်ငံခြားသား အကြံပေးပုဂ္ဂိုလ်()ဦး ထောက်ပံ့ရရှိခဲ့ပြီး သင်ကြား၊ စီမံကိစ္စရပ်တွေအတွက် နိုင်ငံခြားပညာ တော်သင်တွေလည်း ထပ်မံစေလွှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် GTI(အင်းစိန်)  အနေနဲ့ လူမှုအကျိုးပြု တီထွင် ဖန်တီးမှု အစီအစဉ်တွေ ဆောင်ရွက်နိုင်ခဲ့တယ်။ ဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံ တွေထဲက ထင်ရှားတဲ့ GTI အဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ()ရက်မှာ GTI(အင်းစိန်) ကျောင်းတော်ဟာ နှစ်ပေါင်း (၁၂၅)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

GTI (အင်းစိန်)က အစပြုပြီး မြန်မာနိုင်ငံမှာ စက်မှုလက်မှုသိပ္ပံ(မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်) တွေကို ဆက်လက်ဖွင့်လှစ် သင်ကြား လေ့ကျင့်ပြီး နည်းပညာကျွမ်းကျင်သူတွေကို မွေးဖွားပေးနိုင်ခဲ့ပါတယ်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ အထူးလိုအပ်နေတဲ့ အရည်အသွေးမြင့်မားတဲ့ နည်းပညာရှင် တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင်ဖို့ ဒီလို GTI ကျောင်းတွေရဲ့ အရည်အသွေးမြင့်မားဖို့ဟာ အထူးလိုအပ်လှပါတယ်။ 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုဖို့အတွက် ပြည်တွင်းလိုအပ်ချက်နဲ့ ကိုက်ညီ၍ ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ နည်းပညာနဲ့သက်မွေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တွေကို  စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးဖို့ ရည်မှန်းချက်ထား ဦးတည် ဆောင်ရွက်လျက် ရှိပါတယ်။

လက်ရှိအချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေနဲ့ အစိုးရနည်းပညာကောလိပ်()ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(၂၄)ကျောင်း၊ အစိုးရနည်း ပညာ အထက်တန်းကျောင်း (၃၅)ကျောင်း၊ သက်မွေးပညာသင်တန်းကျောင်း () ကျောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် ()ကျောင်း စုစုပေါင်းကျောင်း(၇၀) ဖွင့်လှစ် ပြီး AGTI ဒီပလိုမာသင်တန်းတွေ၊ GTHS Certificate သင်တန်းတွေနဲ့ ဒေသလိုအပ်ချက်အရ ဖွင့်လှစ်တဲ့ ကာလတိုသက်မွေးပညာ သင်တန်းတွေကို တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။ အစိုးရစက်မှုလက်မှုသိပ္ပံတွေကနေ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နှစ်စဉ် မွေးထုတ် ပေးလျက်ရှိပြီး  လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့တဲ့ A.G.T.I ဒီပလိုမာ  သင်တန်းဆင်း ကျောင်းသားများဟာ ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်စွာ ဝင်ရောက် လုပ်ကိုင်‌ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် GTI ကျောင်းတွေရဲ့ ကျောင်းဥပဓိရုပ်တွေ သာယာလှပကောင်းမွန်စေရေး၊ သင်ကြား သင်ယူမှုအရည်အသွေးတွေ ပိုမို တိုးတက်စေရေး၊ ခေတ်မီသင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းနိုင်ရေး၊ သင်ရိုးညွှန်းတမ်းတွေ နိုင်ငံတကာအဆင့်မီ ဖြစ်စေရေး၊ အရည်အသွေးပြည့်ဝတဲ့ နည်းပညာကျွမ်းကျင် ပညာရှင်တွေမွေးထုတ်နိုင်ရေးနဲ့ ဒေသတွင်း စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေ အပြည့်အဝ ဖြည့်ဆည်း နိုင်ရေး စတာတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်လျက်ရှိပါတယ်။

GTI ကျောင်းတွေကနေ ပို့ချလျက်ရှိတဲ့ AGTI ဒီပလိုမာသင်တန်းအမျိုးအစားပေါင်း (၉)မျိုး ရှိပါ တယ်။ AGTI ဒီပလိုမာ သင်တန်းကာလဟာ (၃) နှစ်ဖြစ်ပြီးတော့ သင်တန်းတွေကို စာတွေ့သင်ခန်းစာ (၄၀)ရာခိုင်နှုန်း၊ လက်တွေ့သင်ခန်းစာ (၆၀) ရာခိုင်နှုန်းနဲ့ သင်ကြားပို့ချပေးလျက်ရှိပါတယ်။ သင်တန်း ကာလ(၃)နှစ် တက်ရောက်ပြီးစီးပါက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ အထူးပြုတဲ့ သင်တန်းနဲ့ ဆက်နွယ်တဲ့ စက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လက်တွေ့လုပ်ငန်းခွင် (Internship) ကာလ (၃)လကြာ ဝင်ရောက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို သင်တန်းကာလ (၃)နှစ်အတွင်း World Youth Skills Day ကဲ့သို့ နိုင်ငံတကာ အထိမ်း အမှတ်နေ့တွေမှာ သတ်မှတ်ထားတဲ့ GTI တွေမှာ Skills Competition and Innovation Award ပြိုင်ပွဲတွေ ကျင်းပပြုလုပ်စေပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘာသာရပ်ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ အဖွဲ့လိုက်ဆောင်ရွက်တတ်မှု၊ စီမံခန့်ခွဲမှု၊ သတင်းအချက်အလက်နည်းပညာနဲ့ ဒစ်ဂျစ်တယ် စွမ်းရည်တွေ အသုံးချနိုင်မှု စတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသ ယှဉ်ပြိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

 AGTI သင်ရိုးညွှန်းတမ်းတွေ နိုင်ငံတကာအဆင့်မီရေးအတွက် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု အနေနဲ့ Industrial ရဲ့ ကျွမ်းကျင်မှု လိုအပ်ချက်၊ အသိပညာလိုအပ်ချက်၊ အရည်အချင်းလိုအပ်ချက်တွေကို အခြေခံပြီး နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အထူးပြုဘာသာရပ်နယ်ပယ်အလိုက် သေချာစွာ ထည့်သွင်း ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေက TVET သင်တန်းကျောင်းတွေမှာ သင်ကြားပို့ချလျက်ရှိတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ နှိုင်းယှဉ်ရေးဆွဲ (Benchmarking) ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း အမှန် တစ်ကယ် သင်ယူတတ်မြောက်မှုနဲ့ ကျွမ်းကျင်မှုတွေ ရှိလာအောင်   ဦးစားပေး လေ့ကျင့်သင်ကြားနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 လက်ရှိအချိန်မှာ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Electrical Power Engineeringနဲ့ Industrial Engineering၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)မှာ Electronic Engineeringနဲ့ Mechanical Engineering စတဲ့ Diploma in Engineering သင်တန်းတွေကို နိုင်ငံတကာ အင်ဂျင်နီယာ မဟာမိတ်အဖွဲ့ရဲ့ ထင်ရှားတဲ့ သဘောတူညီချက် တစ်ခုဖြစ်တဲ့ Dublin Accord ပါ စံသတ်မှတ်ချက်တွေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (MEC) က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ  အရည် အသွေးအာမခံမှုအား အသိအမှတ်ပြုမှုရရှိရေး လျာထားဆောင်ရွက်လျက်ရှိပါတယ်။

GTI တွေမှာ ပို့ချလျက်ရှိတဲ့ A.G.T.I ဒီပလိုမာ သင်တန်းတွေကို Dublin Accord ပါ စံသတ်မှတ်ချက် တွေနဲ့အညီ အသိအမှတ်ပြုမှုရရှိပြီးပါက GTI ကျောင်းဆင်းတွေအနေနဲ့ အင်ဂျင်နီယာနည်းပညာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဂုဏ်ရည်(၁၁)ရပ်ဖြစ်သည့် (၁) အင်ဂျင်နီယာအသိပညာဗဟုသုတ၊ (၂) ပြဿနာ ခွဲခြမ်းစိတ်ဖြာခြင်း၊ (၃)ဒီဇိုင်းရေးဆွဲခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း၊ (၄) စုံစမ်းစစ်ဆေးခြင်း၊ (၅) ခေတ်မီကိရိယာတွေအသုံးပြုခြင်း၊ (၆) အင်ဂျင်နီယာနဲ့ကမ္ဘာ၊ (၇) ကျင့်ဝတ်၊ (၈) တစ်ဦးချင်းနဲ့ အဖွဲ့လိုက် ဆောင်ရွက်ခြင်း၊ (၉) ဆက်သွယ်ခြင်း၊ (၁၀) စီမံကိန်း စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေး၊ (၁၁) ဘဝတစ်သက်တာ သင်ယူခြင်းတို့နဲ့ ပြည့်စုံလာစေမည် ဖြစ်ပါတယ်။ Dublin Accord အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဩစတြေးလျနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တောင်အာဖရိက၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ မလေးရှားနိုင်ငံစတဲ့ နိုင်ငံတွေရဲ့ အင်ဂျင် နီယာဒီပလိုမာတွေနဲ့ တန်းတူအဆင့်မီ ဒီပလိုမာတွေ ပေးအပ်ချီးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် AGTI ဒီပလိုမာသင်တန်းဆင်းတွေအနေနဲ့ ကမ္ဘာ့နိုင်ငံအတော်များများကို အင်ဂျင်နီယာ ကျွမ်းကျင်အဆင့်ဆိုင်ရာ အလုပ်အကိုင်တွေ လွယ်ကူစွာ သွားရောက် လုပ်ကိုင်နိုင်မှာ ဖြစ်သလို AGTI ဒီပလိုမာသင်တန်းတက်ရောက်ဆဲ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာကျောင်းတွေမှာ Credit Transfer ပုံစံနဲ့ သက်ဆိုင်ရာ နိုင်ငံခြားကျောင်းတွေရဲ့ တူညီတဲ့ သတ်မှတ်အဆင့်တွေကနေ တစ်ဆင့် တိုက်ရိုက် ဆက်လက်တက်ရောက်ခွင့်တွေ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ကနဦး အစီအစဉ်တစ်ရပ်အဖြစ် ရွေးချယ်ထားတဲ့ GTI ကျောင်းတွေနဲ့ အာဆီယံဒေသတွင်းရှိ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေ ချိတ်ဆက်ပြီး လေ့လာရေးအစီအစဉ်တွေ၊ သင်ကြားသင်ယူမှုအစီအစဉ်တွေ ပူးပေါင်းဆောင်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့ကြောင့် အနာဂတ်မှာ နိုင်ငံအတွင်းရှိ GTI ကျောင်းတွေက ကျောင်းသူကျောင်းသားတွေ၊ သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့ အာဆီယံဒေသတွင်းရှိ သတ်မှတ်ထားတဲ့ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေမှာ လေ့လာရေးအစီအစဉ်တွေ သွားရောက်လေ့လာနိုင်ခြင်း၊ စာတမ်းဖတ်ပွဲတွေနဲ့ အလုပ်ရုံအစည်းအဝေးတွေ တက်ရောက်နိုင်ခြင်းစတာတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အလားတူ အာဆီယံဒေသတွင်းရှိ သတ်မှတ်ထားတဲ့ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေက ကျောင်းသူကျောင်းသားတွေ၊ သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရှိတဲ့ သတ်မှတ်ထားတဲ့ GTI ကျောင်းတွေမှာ လေ့လာရေးလုပ်ငန်းတွေ၊  သင်ကြားသင်ယူမှုအထောက်ကူပြု လုပ်ငန်းတွေနဲ့ အသိပညာဗဟုသုတတွေ ဖလှယ်နိုင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

AGTI ဒီပလိုမာ (၃)နှစ် သင်တန်း အောင်မြင်စွာ ပြီးဆုံးရင် သင်တန်းဆင်းတွေ အနေနဲ့ နိုင်ငံအတွင်း မှာရှိတဲ့ စက်မှုနဲ့စီးပွားရေးလုပ်ငန်းတွေမှာ Supervisory Level သို့မဟုတ် Technician Level အဆင့်နဲ့ အင်ဂျင်နီယာ ကျွမ်းကျင်ပညာရှင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ပညာရည်ထူးချွန်မှုအလျောက် နိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်တွေက ပို့ချလျက်ရှိတဲ့ အင်ဂျင်နီယာ ဘွဲ့ (B.E) သင်တန်းတွေနဲ့ အစိုးရနည်းပညာကောလိပ်တွေမှာ မကြာခင်ဖွင့်လှစ်တော့မဲ့ အင်ဂျင်နီယာ နည်းပညာဘွဲ့ (B.Tech) သင်တန်းတွေကို ကျောင်းတွေက သတ်မှတ်ထားတဲ့ ဝင်ခွင့်စံသတ်မှတ်ချက်တွေနဲ့ ပြည့်မီပါက ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

            နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်  ဒေသတွင်း စက်မှုနဲ့စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကကျတဲ့ ကဏ္ဍကနေ ပါဝင်နေသလို ဒီစက်မှုနဲ့စီးပွားရေး လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ဆိုတာ နည်းပညာကျွမ်းကျင်သူနဲ့ နည်းပညာရှင် လူ့စွမ်းအားအရင်း အမြစ်တွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးတဲ့ GTI ပညာရေးဟာ များစွာ အရေးပါလျက်ရှိပါတယ်။ အရည်အသွေးပြည့်ဝတဲ့ GTI ပညာရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားရေးဆရာတွေရဲ့ သင်ကြားသင်ယူမှုအရည်အသွေးတွေ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းတွေ၊ ကောင်းမွန်တဲ့ အလုပ်ရုံနဲ့ စာသင်ခန်းတွေ၊ စက်မှုလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခရာ ကျလှပါတယ်။

ဒါကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ GTI ပညာရေး အရည်အသွေးပိုမို တိုးတက်ကောင်းမွန်ဖို့အတွက် အာဆီယံဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ နည်းပညာ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေနဲ့လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။  GTI တွေမှာ တက်ရောက်ပညာသင်ယူမယ့် AGTI ဒီပလိုမာ ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ဟာ မိမိတို့ ဒေသတွင်းသာမက နိုင်ငံတကာအဆင့်သို့တိုင် အစဉ်ထွန်းတောက်လာတော့မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

 

A picture containing sky, outdoor, grass, building

Description automatically generated

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)

အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)

 

A picture containing person, indoor, hospital room, room

Description automatically generated

အီလက်ထရောနစ်အင်ဂျင်နီယာကျောင်းသားများ လက်တွေ့ပြုလုပ်နေပုံ

A picture containing indoor, person

Description automatically generated

စက်မှုအင်ဂျင်နီယာ ကျောင်းသားများ လက်တွေ့ပြုလုပ်နေပုံ

A picture containing text, person, yellow, holding

Description automatically generated 

မြို့ပြအင်ဂျင်နီယာ ကျောင်းသားများ လက်တွေ့ပြုလုပ်နေပုံ

A picture containing text, table, indoor, person

Description automatically generated

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာကျောင်းသားများ လက်တွေ့ပြုလုပ်နေပုံ