နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ပီတီတီအီးပီအင်တာနေၡင်နယ်လီမိတက် (ရန်ကုန်ရုံးခွဲ) ရတနာစီမံကိန်းတို့ပူးပေါင်း၍ ဂဟေဆက်သင်တန်း အမှတ်စဉ် (၁၃) အတွက် သင်တန်းသားများ ခေါ်ယူခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနနှင့် ပီတီတီအီးပီ အင်တာနေၡင်နယ်လီမိတက် (ရန်ကုန်ရုံးခွဲ) ရတနာစီမံကိန်းတို့ပူးပေါင်း၍   ဂဟေဆက်သင်တန်းအမှတ်စဉ် (၁) အား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်-

သင်တန်းဖွင့်လှစ်မည်ရက်  - ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂ ) ရက်

သင်တန်းဖွင့်လှစ်မည့်နေရာ- ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)၊

                                   အောက်မင်္ဂလာဒုံလမ်းမကြီး၊  စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်။

                                        ဖုန်း - ၀၁-၆၄၅၇၅၉၊ ၀၉-၇၇၇၃၈၇၃၆၉

သင်တန်းကာလ         - ရက်သတ္တပတ် (၁၂) ပတ်

၂။  သင်တန်းသား (၁၅) ဦး လက်ခံ သင်ကြားပေးပါမည်။

၃။ လျှောက်ထားသူသည် အခြေခံပညာအလယ်တန်းအောင်မြင်ထားပြီး အ‌ခြေခံ အင်္ဂလိပ်စာ နားလည်သူဖြစ်ရမည်။ နည်းပညာနှင့် သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး ဂဟေဆက်လက်တွေ့လုပ်ငန်းအား အမှန် တကယ် လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမည်။ သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် (၁၈) နှစ်ပြည့် ပြီး အသက် (၃၅) နှစ်ထက် မကြီးသူ ဖြစ်ရပါမည်။ Interview ဖြေဆိုရမည်ဖြစ်ပါသည်။

တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေး အခမဲ့ဖြစ်ပြီး၊ သင်တန်းတက် ရောက်နေစဉ် ကာလ အတွင်း လစဉ်ငွေကျပ်(၃၀,၀၀၀)ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ သင်တန်း သားအတွက်လိုအပ်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ်မှ ငွေကျပ် (၀,၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည် ဖြစ်ပြဳး ကျန်ပမာဏကို သင်တန်းသားမှ ကိုယ်တိုင်ကျခံရမည်ဖြစ်ပါသည်

။ သင်တန်းလျှောက်လွှာများကို ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် (၃-၁-၂၀၂၂) ရက်နေ့မှစတင်၍ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၀၀ နာရီ အတွင်း ထုတ်ယူနိုင်ပြီး  လျှောက်လွှာများအား ပတ်စ်ပို့ဆိုဒ် ရောင်စုံဓာတ်ပုံ () ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ မွေးသက္ကရာဇ်နှင့် ပညာအရည်အချင်းအတွက် ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် တို့နှင့်အတူ အဆိုပါ သင်တန်းကျောင်းတွင် (၁၄-၁-၂၀၂၂) ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အထက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။