ရေရှည် တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သည့် Green TVET ဆီသို့

ရေရှည် တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သည့် Green TVET ဆီသို့”

ယနေ့ ကမ္ဘာကြီးမှာ Global Warming နှင့် Climate Change တို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးမှုများကို စိန်ခေါ်သည့်အချက်များ တွေ့ကြုံလာရပြီဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင် (၁၇) ချက်ကို ချမှတ်အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်လျက်ရှိကြပါတယ်-

A screenshot of a computer screen

Description automatically generated

Sustainable Development Goals

ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် (၁၇) ချက်ကို အချုပ်အားဖြင့်  People ၊ Prosperity ၊ Planet ၊ Peace ၊ Partnership-(5P) ဖြင့် လူမှုရေး (Social)၊ စီးပွားရေး (Economic) ၊  သဘာဝ ပတ်ဝန်းကျင် (Environment)၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု (Fostering Peace and Partnerships) စတဲ့ ကဏ္ဍ() ခုနဲ့ ဖော်ပြကြပါတယ်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ဆောင်ရွက်လာရာ Green TVET သည်လည်း အရေးပါတဲ့ ပညာရေးနှင့် လေ့ကျင့်ရေးစနစ်တစ်ခု ဖြစ်လာပါတယ်။ ယခင် TVET (Skills, Knowledge, Attitude) မှသည် ယနေ့ခေတ် Green TVET(Skills, Knowledge, Attitude  with 6R) ဆိုပြီး ပြောင်းလဲ အသုံးပြုလာကြပါတယ်။  6R နဲ့ ပတ်သက်ပြီး သိရှိရုံသာမက လိုက်နာဖို့ ကျင့်သုံးရန်အတွက် ဆိုလိုရင်းတွေကိုလည်း Stakeholders များ အားလုံး သိရှိနေဖို့လိုပါတယ်။ အဲဒါတွေကတော့-

ကုန်ကြမ်းပစ္စည်းများ၊ စွမ်းအင်နှင့်အရင်း အမြစ်များကို လျှော့ချအသုံးပြုခြင်း

ဥပမာ - ပလတ်စတစ်အိတ်အစား ပြန်လည် အသုံးပြုနိုင်သော အိတ်များကို အသုံးပြု ခြင်း၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် LED မီးလုံးများ အသုံးပြုခြင်း။

 

အသုံးပြုပြီးသော ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း

ဥပမာ-ဖျက်စီးရန် မလိုသော ပစ္စည်း များကို ပြန်လည်အသုံးပြုခြင်း၊ ရေသန့်ဘူးများကို ပြန်လည်သန့်စင် ပြီး အသုံးပြုခြင်း။

အသုံးပြုပြီးပစ္စည်းများကို အသစ်ပြန်လည် ထုတ်လုပ်ခြင်း 

ဥပမာ - ပလတ်စတစ်ဘူးများကို ပြန်လည် သန့်စင်ပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း။

 

ပြင်ဆင်အသုံးပြုခြင်း

ဥပမာ-ပစ္စည်းများကို ပြင်ဆင်၍ ပြန်လည်အသုံးပြုခြင်း။

ပြန်လည်စဉ်းစားခြင်း

ဥပမာ-ထုတ်ကုန်များကို သဘာဝပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်အောင် ပြန်လည်ဒီဇိုင်း ဆွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် နည်းလမ်းများကို စဉ်းစားခြင်း။

 

ငြင်းပယ်ခြင်း

ဥပမာ - ပလတ်စတစ်အိတ်များကို ငြင်းပယ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်စေသော ထုတ်ကုန်များ ကို မဝယ်ယူခြင်း။

          ယနေ့ ကမ္ဘာကြီးမှာ အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ နည်းပညာပိုင်းသာမက Future Job Opportunities များဟာလည်း ခေတ်နှင့်အညီ ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ အလုပ် အကိုင်၏အခွင့်အလမ်းများအရ Green TVET ၏ အခန်းကဏ္ဍဟာ အရေးပါလာသလို နောင်အနာဂတ် Job Opportunities များဟာလည်း ပြောင်းလဲလာမှာဖြစ်ပါတယ်။ နောင်တွင် Demand ဖြစ်လာမည့် High-Priority Green Sectors (၅)မျိုးကတော့-

A logo of a solar panel

Description automatically generated

၁။ Renewable Energy Technology

Solar Energy Systems: နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ တပ်ဆင်သည့် ကျွမ်းကျင်သူ များ၊ ဒီဇိုင်းရေးဆွဲသူများ။

Wind Energy Systems: လေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ တပ်ဆင်သည့် ကျွမ်းကျင် သူများ၊ ဒီဇိုင်းရေးဆွဲသူများ။

Bioenergy and Biogas: ဇီဝစွမ်းအင်ထုတ်လုပ်သည့် စနစ်အတွက် ဒီဇိုင်းရေးဆွဲသူများ။

A logo of a building

Description automatically generated

၂။ Build Environment

Building Energy Efficiency: အဆောက်အဦးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် စွမ်းအင် သုံးစွဲမှု ထိရောက်စေရန် ဒီဇိုင်းရေးဆွဲခြင်း၊ ပြုပြင်ခြင်း စသည့်အလုပ်အကိုင်များအတွက် ကျွမ်းကျင်သူ များ လိုအပ်လာခြင်း။

၃။ Sustainable Farming

Smart Farm Technology: စိုက်ပျိုးရေးလုပ်ငန်းများတွင် Digitization အသုံးပြု ဆောင်ရွက်နိုင်သည့် ကျွမ်းကျင်သူများ လိုအပ်လာခြင်း။

၄။ Electric Mobility

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့် Electric Vehicle များ သုံးစွဲမှုများပြားလာမည်ဖြစ် သဖြင့် Electric Vehicle Repair and Maintainence ကျွမ်းကျင်သူများ လိုအပ်လာခြင်း။

A logo of a trash can

Description automatically generated

၅။ Waste Management

စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ်ခြင်း စနစ်များ ဒီဇိုင်းရေးဆွဲသူ ကျွမ်းကျင် သူများ လိုအပ်လာခြင်း။

အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ပြောင်းလဲလာသလို သက်မွေးပညာကျောင်းများအနေဖြင့် လည်း Green TVET ပြောင်းလဲစေရေးအတွက် အောက်ဖော်ပြပုံပါ အဓိက ကျောရိုး (၅) ခုဖြစ်တဲ့ Greening the Campus Greening the Curriculum and Training ၊ Greening Research၊ Greening the Community and Workplace နှင့် Greening the Institutional Culture ဖြစ်ဖို့လိုပါတယ်။

အချုပ်အားဖြင့် Green TVET သည် အနာဂတ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာ မည့်နယ်ပယ်တစ်ခု ဖြစ်လာမှာဖြစ်တဲ့အတွက် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းရန် ပညာရှင်များ၊ နည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် စီမံခန့်ခွဲသူများ လိုအပ်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Green TVET နှင့် ဆက်စပ်သည့် ပညာရပ်များကို လေ့လာခြင်းဖြင့် အနာဂတ်တွင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

 

References: https://rise.articulate.com/share/WfIzPw2-qvWwQkeASGg8z11X9LFglHQq#/

                                                                                                              

                                                                                        ဆောင်းပါး ရေးသားသူ -   လင်း (TVET)