
နိဒါန်း
ခေတ်သစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေးနယ်ပယ်တွင်လည်း နည်းပညာများကို အသုံးပြု၍ သင်ကြားသင်ယူမှုပုံစံများ ပြောင်းလဲလာခဲ့ပါသည်။ အပြန်အလှန်လုပ်ဆောင်နိုင်သော သင်ကြား သင်ယူမှု (Interactive Learning) နှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် သက်မွေးပညာများ သင်ကြားပေးနိုင်သော (Digital TVET) စနစ်တို့သည် သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် များစွာအထောက်အကူပြုလျက် ရှိပါသည်။ ဤဆောင်းပါးတွင် ၎င်းနည်းပညာများ၏ အရေးပါမှုနှင့်အသုံးပြု၍ မည်သို့ထိရောက်စွာ သင်ကြားသင်ယူခြင်းများပြုလုပ်နိုင်ပါကြောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှု နည်းပညာ (Interactive Learning)
၁။ အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှု၏ အဓိပ္ပာယ်
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှု (Interactive Learning) ဆိုသည်မှာ ဆရာနှင့် ကျောင်းသားအကြား၊ ကျောင်းသားအချင်းချင်းအကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများကို အခြေခံသည့် သင်ကြားသင်ယူမှုပုံစံဖြစ်ပါသည်။ Snipping tool အသုံးပြု၍ Image capture ပြုလုပ်ခြင်း၊ paint.net application အသုံးပြု၍ image editing ပြုလုပ်ခြင်း၊ OBS studio application အသုံးပြု၍ Screen recording and live streaming ပြုလုပ်ခြင်း၊ Audacity အသုံးပြု၍ အသံဖမ်းခြင်း၊ Shortcut application အသုံးပြု၍ Video editing ပြုလုပ်ခြင်း၊ Synfig application အသုံးပြု၍ animation ပြုလုပ်ခြင်း၊ Lumi-interactive content with H5P အသုံးပြု၍ အပြန်အလှန်လုပ်ဆောင်နိုင်သော သင်ခန်းစာများပြုလုပ်ခြင်း စသည့်နည်းပညာများသည် သင်ထောက်ကူများဖန်တီးရာတွင် များစွာ အထောက်အကူဖြစ်စေပါသည်။ ဤ နည်းပညာများသည် သင်ကြား၊သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသားများကို တက်ကြွစွာ ပါဝင်လာစေပြီး ပိုမို ထိရောက်မှုရှိပါသည်။
ပုံ(၁) အပြန်အလှန်လုပ်ဆောင်နိုင်သော သင်ကြားသင်ယူမှု (Interactive Learning)
ပုံ(၂) Audacity Software ပုံ(၃) Snipping Tool ပုံ(၄) Shortcut Application
၂။ အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှု၏ အကျိုးကျေးဇူးများ
ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ပေးခြင်း
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားမှုပုံစံသည် ကျောင်းသားများကို စာသင်ခန်းထဲတွင် ပိုမိုတက်ကြွစွာ ပါဝင်လာစေပါသည်။ ထိုသို့ပါဝင်ခြင်းဖြင့် ကျောင်းသားများ၏ စိတ်ဝင်စားမှုနှင့် အာရုံစူးစိုက်မှုကို မြှင့်တင် ပေးနိုင်ပါသည်။
သင်ယူမှုဖြစ်စဉ်ကိုပိုမိုထိရောက်စေခြင်း
ကျောင်းသားများသည် သင်ယူနေသည့် သင်ခန်းစာများကို အပြန်အလှန်လုပ်ဆောင်ခြင်းဖြင့် ပိုမိုထိရောက်စွာ နားလည်သဘောပေါက်လာနိုင်ပါသည်။
ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကိုမြှင့်တင်ပေးခြင်း
ကျောင်းသားများသည် အဖွဲ့လိုက်လုပ်ဆောင်မှုများဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို မြှင့်တင် လာနိုင်စေပါသည်။
ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ (Digital TVET)
၁။ ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ၏ အဓိပ္ပာယ်
ဒစ်ဂျစ်တယ် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး (Digital TVET) ဆိုသည်မှာ နည်းပညာနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြု၍ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training - TVET) ကို ပိုမိုထိရောက်စွာ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။
ပုံ(၅) ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ (Digital TVET)
၁။ ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ၏ အဓိပ္ပာယ်
ဒစ်ဂျစ်တယ် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး (Digital TVET) ဆိုသည်မှာ နည်းပညာနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြု၍ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training - TVET) ကို ပိုမိုထိရောက်စွာ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။
၂။ ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ၏ အကျိုးကျေးဇူးများ
သင်ယူမှုကိုလွယ်ကူစေခြင်း
ကျောင်းသားများသည် အင်တာနက်ရရှိသည့်မည်သည့်နေရာမှမဆို ဒစ်ဂျစ်တယ်ပလက်ဖောင်းများအသုံးပြု၍ လွယ်ကူစွာ လေ့လာသင်ယူနိုင်ပါသည်။
သင်ကြားမှုကိုပိုမိုထိရောက်စေခြင်း
ဆရာ/ဆရာမများသည် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ သင်ခန်းစာများကို ပိုမိုထိရောက်စွာ ပို့ချနိုင်ပြီး ကျောင်းသားများ၏ သင်ကြားတတ်မြောက်မှုကို လွယ်ကူစွာ စောင့်ကြည့်သုံးသပ်နိုင်ပါသည်။
အချိန်နှင့်ငွေကြေးကိုသက်သာနိုင်ခြင်း
ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ သင်ကြားသင်ယူခြင်းဖြင့် ကျောင်းသားများသည် အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်ပြီး စာသင်ခန်းသို့ သွားရောက်ရန် မလိုအပ်တော့သည့်အတွက် အချိန်နှင့်ငွေကြေးသက်သာပါသည်။
၂။ ဒစ်ဂျစ်တယ် နည်းပညာနှင့်သက်မွေးပညာ၏ အကျိုးကျေးဇူးများ
သင်ယူမှုကိုလွယ်ကူစေခြင်း
ကျောင်းသားများသည် အင်တာနက်ရရှိသည့်မည်သည့်နေရာမှမဆို ဒစ်ဂျစ်တယ်ပလက်ဖောင်းများအသုံးပြု၍ လွယ်ကူစွာ လေ့လာသင်ယူနိုင်ပါသည်။
သင်ကြားမှုကိုပိုမိုထိရောက်စေခြင်း
ဆရာ/ဆရာမများသည် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ သင်ခန်းစာများကို ပိုမိုထိရောက်စွာ ပို့ချနိုင်ပြီး ကျောင်းသားများ၏ သင်ကြားတတ်မြောက်မှုကို လွယ်ကူစွာ စောင့်ကြည့်သုံးသပ်နိုင်ပါသည်။
အချိန်နှင့်ငွေကြေးကိုသက်သာနိုင်ခြင်း
ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ သင်ကြားသင်ယူခြင်းဖြင့် ကျောင်းသားများသည် အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်ပြီး စာသင်ခန်းသို့ သွားရောက်ရန် မလိုအပ်တော့သည့်အတွက် အချိန်နှင့်ငွေကြေးသက်သာပါသည်။
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ပေါင်းစပ်အသုံးပြုခြင်း
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှုနှင့်ဒစ်ဂျစ်တယ်နည်းပညာများကို ပေါင်းစပ်အသုံးပြု၍ သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့်၊ အွန်လိုင်းပလက်ဖောင်းများပေါ်တွင် အပြန်အလှန်လုပ်ဆောင်နိုင်သော သင်ခန်းစာများကို ဖန်တီးခြင်း၊ ဗီဒီယို သင်ခန်းစာများနှင့် အွန်လိုင်းဆွေးနွေးပွဲများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကျောင်းသားများသည်လည်း ပိုမို တက်ကြွစွာ သင်ကြားသင်ယူမှုများပြုလုပ်နိုင်ပါသည်။ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာ အတတ်သင်ကောလိပ်(ဘယ်လင်း)တွင်သာမက အခြားသောတက္ကသိုလ်များနှင့် ပြင်ပကျောင်းများတွင်လည်း Learning Management System အသုံးပြု၍ သင်ကြားသင်ယူမှုများပြုလုပ်လျက်ရှိပါသည်။
ပုံ(၆) Learning Management System
နိဂုံး
အပြန်အလှန်လုပ်ဆောင်နိုင်သောသင်ကြားသင်ယူမှု နည်းပညာနှင့် ဒစ်ဂျစ်တယ် နည်းပညာများသည် ခေတ်သစ်ပညာရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုနည်းပညာများကို အသုံးပြု၍ သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး ကျောင်းသားများ၏ သက်မွေး ပညာအရည်အသွေးကို မြှင့်တင်နိုင်သည့်အပြင် အနာဂတ်လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် အသင့် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး နယ်ပယ်တွင် ဤနည်းပညာများကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ပါကြောင်းနှင့် https://www.getpaint.net၊ https://obsproject.com၊ https://www.audacityteam.org၊ https://www.shotcut.org၊ https://www.synfig.org၊ https://lumi.education စသည့် Website များတွင် ဝင်ရောက် လေ့လာစမ်းသပ် အသုံးပြုနိုင်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ဆောင်းပါး ရေးသားသူ - ဉာဏ်လ (TVET)