IR 4.0 Applications to Enhance Teaching and Learning Through Cloud Services

နိဒါန်း

၁။       စက်မှုပြောင်းလဲမှုအဆင့်(၄) သို့ ပြောင်းလဲရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေ နိုင်မည့် သင်ကြားမှုသင်ယူမှုနှင့် လေ့ကျင့်ရေးဆိုင်ရာနည်းပညာများအား လေ့လာသိရှိနားလည် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ ဤဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါသည်။

 

ရည်ရွယ်ချက်

၂။       နိုင်ငံတကာတွင် ခေတ်နှင့်အညီပြောင်းလဲနေသော စက်မှုပြောင်းလဲမှုအဆင့် (၄) IR 4.0 ပြောင်း လဲနေသည့်အချိန်တွင် စက်မှုနှင့်သက်မွေးပညာရပ်များ၏ သင်ကြား၊ သင်ယူ၊ လေ့ကျင့်ရေးအပိုင်း၌ ပြောင်းလဲရန် လိုအပ်မည့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုနိုင်သော နည်းပညာရပ်များကို လေ့လာသိရှိနိုင်စေရန်၊ လက်တွေ့ပြုလုပ်ရာတွင် ဖြုတ်ပြရန်ခက်ခဲသော ပစ္စည်းများအား သင်ကြားရာတွင် Parts by parts တစ်ခုခြင်း ဖြုတ်ခြင်း/တပ်ဆင်ခြင်းများကို အစီအစဉ်တကျ Virtual Reality ပြုလုပ်ပြ နိုင်ခြင်းဖြင့် သင်ကြားရေးကို အဆင့်မြှင့်တင်နိုင်စေရန် ရည်ရွယ်ပါသည်။

 

နည်းပညာသစ်၏အကြောင်းအရာ/Trend များ

၃။       Cloud Based Application တစ်ခုဖြစ်သော EON-XR Platform အသုံးပြု၍ Course တစ်ခုတည် ဆောက်နိုင်ပါသည်။ EON-XR Library ကိုအသုံးပြုပြီး 3D Models များ၊ 360° ဓာတ်ပုံများ ရယူ၍ Xperiences များကို ဖန်တီးရပါသည်။ ၎င်း Xperiences များသည် မိမိတို့ပြုလုပ်မည့် သင်ရိုးတွင်သင်ကြား လိုသောအရာများကို 3D Asset / 360 Asset / Input from Sketchfeb ဟူသော အမျိုးအစားသုံးမျိုးဖြင့် စတင်ဖန်တီးနိုင်ပါသည်။ Xperiences များပြုလုပ်ရန်အတွက် EON-XR Library တွင် Register ပြုလုပ်ရန် လိုအပ်ပါသည်။ လိုင်စင်ကြေးအား သက်တမ်းအလိုက်ဝယ်ယူရပါသည်။ Free (အခမဲ့) စမ်းသပ်အသုံးပြုရန် အတွက်လည်း Xperiences အရေအတွက် (၅) ခုထိ Create ပြုလုပ်နိုင်ပါသည်။ Cloud based ဖြစ်သဖြင့် Internet Connection လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိစမ်းသပ်ကြည့်ရာ VPN ဖွင့်မှသာ အလုပ် လုပ်သည်ကိုတွေ့ရပါသည်။

ပုံ(၁) EON-XR Platform

 

    EON-XR Release Notes 9.8 Update 1 - EON ...

ပုံ(၂) EON-XR Platform

 

၄။       Course တစ်ခုကိုစတင်တည်ဆောက်မည်ဆိုပါက အဖွဲ့တစ်ဖွဲ့ အရင်ဆုံးဖွဲ့စည်း၍ လုပ်ငန်း တာဝန် များ ခွဲဝေလုပ်ဆောင်ကြရပါသည်။ ပထမဦးဆုံး Content ကိုစတင်ရေးဆွဲရာတွင် Canva, FigJam, Lucidspark, Miro အစရှိသော Online Whiteboard တစ်ခုခုကိုအသုံးပြု၍ အဖွဲ့ဝင်များ အတူတကွ ဆွေးနွေးရေးသားရပါသည်။ ထို့နောက် Xperience ကိုရေးသားရန် 3D Assets သို့မဟုတ် 360° Assets များ စတင်ရွေးချယ်၍ 3D Model တည်ဆောက်ရပါသည်။ 3D Model တည်ဆောက်ရာတွင် EON-XR Library မှ အသင့်ဆွဲပြီးသားများကို လုပ်ငန်းနှင့်ကိုက်ညီပါက ယူသုံး၍ရပါသည်။ Sketchfab မှလည်း Import လုပ် အသုံးပြုနိုင်ပါသည်။

၅။       3D Model များတည်ဆောက်ရာတွင် Exploration Tools များအသုံးပြု၍ Course တွင်ပါဝင်သော အပိုင်းများတစ်ခုစီကို ဖန်တီးနိုင်ပါသည်။ AR Mode, Touch Mode ပြောင်းလဲကြည့်ရှုနိုင်ပါသည်။ Explode  ပြုလုပ်၍ Parts တစ်ခုချင်းစီအတွက် Point များထောက်၍ Annotation များရေးနိုင်ပါသည်။ ပုံများ၊ ဗီဒီယိုဖိုင်များ၊ စာဖိုင်များ၊ အသံဖိုင်များလည်း တွဲနိုင်ပါသည်။ ပစ္စည်းများ ဖြုတ်/တပ် ပြုလုပ်ပါက အစီအစဉ် မှန်/မမှန် Record ပြုလုပ်ထားနိုင်ပါသည်။ MCQ မေးခွန်းများ တည်ဆောက်၍ မေးမြန်း စစ်ဆေးနိုင်ပါ သည်။

 

 

 

ပုံ(၃) Online Whiteboard Using Miro, FigJam, etc

 

၆။       အားလုံးပြင်ဆင်ပြီးပါက Build လုပ်၍ Xperience အသစ်တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါသည်။ ကြည့်ရှုလိုပါက Start Xperience နှိပ်၍ မိမိကြည့်လိုသော Xperience ကို ရွေးချယ် ကြည့်ရှုနိုင်ပါသည်။ Android, iPad, Computer များဖြင့် အသေးစိတ်ကြည့်နိုင်ပါသည်။ VR Mode ဖြင့် Oculus Quest Headsets များအသုံးပြု၍လည်း Virtual Reality အဖြစ် ကြည့်ရှုလေ့လာနိုင်ပါသည်။ ၎င်း Xperiences ကို LMS နှင့်တွဲဖက်ချိတ်ဆက်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။       

 

နည်းပညာသစ်မှ TVET ကဏ္ဍ သင်ကြားသင်ယူမှုတွင် အသုံးဝင်ပုံ

၇။       နည်းပညာသစ်ဖြစ်သော EON-XR Platform သည် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိ သေးသည့် နေရာတွင် Android ဖုန်းများ၊ iPad များ၊ Tablet များ မှတစ်ဆင့် Virtual Reality အနေဖြင့် လက်တွေ့သင်ခန်းစာများကို အသေးစိတ်သင်ကြားနိုင်မည်ဖြစ်သည်။ ဖြုတ်ပြရန်ခက်ခဲသည့် ပစ္စည်းများ (ဥပမာ Solar ပြားများတည်ဆောက်ပုံကို Parts by parts ပြသနိုင်ခြင်း) အား သင်ကြားရာတွင် ထိရောက် မှုရှိမည်ဟုထင်ပါသည်။ LMS များနှင့် တွဲဖက်အသုံးပြုနိုင်ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ပြီး နေရာဒေသ မရွေး၊ အင်တာနက်ဆက်သွယ်မှုရှိသည့်နေရာတွင် သင်ခန်းစာများကို လေ့လာနိုင်မည်ဖြစ်ပြီး Quiz များ Assessment များကိုယ်တိုင်ဖြေဆို၍ မှန်/မမှန် သိရှိနိုင်သဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အထောက်အကူဖြစ်စေမည်ဟု ထင်မြင်ယူဆရပါသည်။

 

အကျိုးကျေးဇူးများနှင့် အခြားထည့်သွင်းဖော်ပြလိုသည့် အကြောင်းအရာများ

၈။       EON-XR Software သည် Hardware များ Instruments များမရှိသေးသည့်အချိန်တွင် Virtual သင်ကြားနိုင်မည်ဖြစ်ပါသည်။ ဖြုတ်ပြရန်ခက်ခဲသောပစ္စည်းများကို သင်ကြားရေးတွင်အသုံးပြုခြင်းဖြင့် ပစ္စည်းများအလုပ်လုပ်ပုံ Concept ကိုနားလည်လွယ်မည်ဖြစ်ပါသည်။ ပစ္စည်းများဖြုတ်ခြင်း/တပ်ခြင်း ပြုလုပ်ရာတွင် အစီအစဉ်အတိုင်း ဖြစ်မဖြစ်ကိုလည်း ကျောင်းသား/ကျောင်းသူများ တစ်ယောက်ချင်းစီကို စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ယခင် သင်ရိုးများရေးဆွဲစဉ်က အသုံးပြုရန်လျာထားသော DACUM နှင့် CUDBAS တို့ကဲ့သို့ Task analysis ပြုလုပ်ထားသော အစီအစဉ်အတိုင်း ကျောင်းသားများအား Assessment စစ်ဆေးနိုင်မည် ဖြစ်သည်။ ကျောင်းသားများသည်လည်း Mobile Phone, Tablet, Laptop တို့မှတစ်ဆင့် လွယ်ကူစွာ လေ့လာနိုင်မည်ဖြစ်သည်။ လောလောဆယ်လုံလောက်မှုမရှိသော ပစ္စည်းများ (ဥပမာ ကွန်ပျူတာ) ကို သင်ကြားရာတွင် ကျောင်းသားတစ်ဦးချင်းစီ လွယ်ကူစွာကြည့်ရှုနိုင် အသုံးပြုနိုင် သဖြင့် သင်ကြားရာတွင် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါသည်။

                                                                                                                                           (ကိုကိုမောင်)

                                                                                                                                          တွဲဖက်ပါမောက္ခ

                                                                                                                            အီလက်ထရောနစ်အင်ဂျင်နီယာဌာန

                                                                                                                           အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)

 

ဆောင်းပါးတွင်ထည့်သွင်းရေးသားထားသည့် နည်းပညာနှင့်သက်ဆိုင်သည့် website links များ/ Resources များ

၁.   https://docs.eon-xr.com/HTML/Desktop/xperiencePage.html

၂.   https://docs.eon-xr.com/HTML/Desktop/3dXperience.html

၃.   https://docs.eon-xr.com/HTML/Desktop/library.html

၄.   https://core.eon-xr.com/Library/Index_V2

၅.   https://youtu.be/7Cvs1CecZvw?list=PLK_aHpRgmfUeGsr8l5e7MV2MHZ8KYSOAY

၆.   https://youtu.be/SbB2su6es-0

၇.   https://youtu.be/-TIQriZLP_Q

၈.   https://youtu.be/qNr-S2xdvcE

၉.   https://youtu.be/WM8bpFMGU00

၁၀. https://www.youtube.com/@EONReality