မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာနည်းပညာ

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာဘာသာရပ်

Automotive Technology (Maintenance)

ဘာသာရပ်မိတ်ဆက်

မော်တော်ယာဉ်တစ်စီး၏ အခြေခံ လုပ်ဆောင်ချက်များကို ကျွမ်းကျင် ပိုင်နိုင်စွာ သိရှိပြီး မော်တော်ယာဉ် ၏ Power Train, Chassis နှင့် Electric ပိုင်းများကို ပုံမှန် Inspection ပြုလုပ်ခြင်းနှင့် ပြစ်ချက်များကို ပြုပြင်နိုင်ရန် ရည်ရွယ်ပါသည်။

သင်တန်းကာလ

(၃) နှစ်

ပေးအပ်မည့် Certificate/Diploma/ Bachelor

A.G.T.I Diploma ( မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ)

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်၀င်တန်းစာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင် ပြီး အင်္ဂလိပ်နှင့် သင်္ချာဘာသာ နှစ်ခုပေါင်း ရမှတ်များမှာ ကောင်း မွန်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာဒီပလိုမာ သင်တန်းပြီးမြောက်အောင်မြင်ပါက မော်တော်ယာဉ်ထုတ်လုပ် သည့် စက်ရုံများနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းသည့် Workshopများတွင် Automotive Technician များအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာ ဘာသာရပ်အား

ဖွင့်လှစ်သင်ကြားလျက်ရှိသောကျောင်းများ

ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း(ရန်ကုန်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ပြင်ဦးလွင်)

 

priority
8