ဆန်းစစ်ချက်

element01
အကယ်၍သင်သည် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊အစိုးရစက်မှုလက်မှုသိပ္ပံ၊အစိုးရနည်းပညာအထက်တန်းကျောင်း နှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းပြီးသောသူဖြစ်ပါက အောက်ဖော်ပြပါ မေးခွန်းများကို ဖြေဆို၍ နည်းပညာနှင့် သက်မွေးပညာကဏ္ဍအား ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် မေးခွန်းအားလုံးဖြေဆိုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။ ဖြေဆိုပေးမှုအတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သင့်အား ကျေးဇူးအထူးတင်ရှိပါသည်-
element02
၁။ ယခုလက်ရှိ သင့်၏ အလုပ်အကိုင်အခြေအနေ၊ လစာနှုန်းထားနှင့် အချက်အလက်များ ဖော်ပြပေးပါ။
element03
၂။ ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းစေနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် အောက်ဖော်ပြပါ အချက်များနှင့် ပတ်သက်၍ သင်၏ သဘောထားအမြင်ကို ဖော်ပြပေးပါ။
(က)လုပ်ငန်းခွင် လိုအပ်ချက်နှင့် ကိုက်ညီစေသည့် ကျွမ်းကျင်မှု၊ အသိပညာ၊ စိတ်သဘောထား (Skills, Knowledge, Attitude) တို့အား ပုံမှန်/ကာလတို နည်းပညာနှင့် သက်မွေးပညာသင်တန်းများတွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်နိုင်ခြင်းနှင့် စပ်လျဉ်း၍ သင်၏ သဘောထားအမြင်-
(ခ) ဒေသလိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက်ဒေသခံလုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပူးပေါင်းချိတ်ဆက်၍ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ သင်၏ သဘောထားအမြင် -
(ဂ) ပုံမှန်/ ကာလတို နည်းပညာနှင့် သက်မွေးပညာသင်တန်းများတွင် အသုံးပြုသင်ကြားသည့် သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့သင်ခန်းစာများနှင့် လုပ်ငန်းခွင်လက်တွေ့ လေ့လာသင်ယူမှု အစီအစဉ်များနှင့် စပ်လျဉ်း၍ သင်၏ သဘောထားအမြင် -
(ဃ) ပုံမှန်/ကာလတို နည်းပညာနှင့် သက်မွေးပညာသင်တန်းများတွင် အသုံးပြုသင်ကြားသည့် သင်ထောက်ကူပစ္စည်းများ၊ ကုန်ဆုံးလွယ်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ သင်၏ သဘောထားအမြင် -
element04
၃။ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များကို ပိုမိုအောင်မြင်တိုးတက်စေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို သင်၏ သဘောထားအမြင်ကို ဖော်ပြပေးပါ။