အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသားများနှင့် လေ့ကျင့်သင်ကြားပေးခဲ့ကြသည့် Electrical Assessor များအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကျင်းပ

Asean Skills Competition

၂၀၂၃ ခုနှစ်တွင် (၁၃)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (ASEAN Skills Competition)တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသားများနှင့် မြန်မာ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကျောင်းသားများအား အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပါဝင်ကူညီ လေ့ကျင့်ပေးခဲ့ကြသည့် Electrical Assessor နည်းပြ များအား “ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနား” ား (၁၃-၈-၂၀၂၃) ရက်နေ့နေ့လယ်(၂:၃၀)တွင် နည်းပညာ၊ သက်မွေး ပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲကို ၂၂-၇-၂၀၂၃ ရက်နေ့မှ ၂၇-၇-၂၀၂၃ ရက်နေ့အထိ စင်ကာပူ နိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူ၍ ကျွမ်းကျင်မှုနယ်ပယ် (၂၂)မျိုးတွင် နိုင်ငံ(၉)နိုင်ငံမှ ပြိုင်ပွဲဝင် စုစုပေါင်း (၁၈၇)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ Electrical Installation နယ်ပယ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ စက်မှု လက်မှုသိပ္ပံ (ပူတာအို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တို့မှ တတိယနှစ်ကျောင်းသား(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ကျောင်းသားများအား အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်အောင် နည်းပြများ၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA)မှ တာဝန်ရှိသူ များ၊ လျှပ်စစ်နယ်ပယ်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ လေ့ကျင့်ဆေင်ရွက်မှုမှသည် သွား ရေက်ယှဉ်ပြိုင်နိုင်သည်အထိ ဝင်ကူညီဆေင်ရွက်ပေခဲ့ကြကြေင်သိရှိရပသည်

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား(၂)ဦးအနက် အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)မှ မောင်အင်ငန်းထင်ဆိုင်းအောင်သည် Medallion for Excellence ဆု နှင့် Best of Nation ဆု၊ စုစုပေါင်း ဆု (၂)ဆုကိုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ား ဆောင်ကျဉ်းပေးနိုင်ခဲ့ပကြေင်နှင့် မောင် ဇွဲမင်းထက်သည်လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ပေးနိုင်ခဲ့ပါ ကြောင်း သိရှိရပါသည်။

 ထိုကဲ့သို့ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသားများနှင့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည် အထိ ကျောင်းသားများအား အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပါဝင်ကူညီ လေ့ကျင့်ပေးခဲ့ကြသည့် Electrical Assessor နည်းပြများအား “ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနား” သို့ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ညွှန်ကြားရေးမှုူးချုပ်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ ပြိုင်ပွဲဝင် ကျောင်းသားများ၊ Electrical Assessor နည်းပြများ၊ ဌာနခွဲအသီး သီးမှ တာဝန်ခံများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ နှင့် Online မှတစ်ဆင့် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ တက်ရေက်အားပေးခဲ့ကြေင်သိရှိရပသည်