တင်ဒါ ခေါ်ယူခြင်း ( ၄ )
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊မတ်လအထိ (၆လ)ဘဏ္ဍာရေးနှစ်
ငွေလုံးငွေရင်းအသုံးစရိတ်(အခြား)မှ
အကြိုအင်ဂျင်နီယာလုပ်ငန်း (၆)ခုအတွက် ဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ များ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သင်တန်းကျောင်းများအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း အသုံးစရိတ် (အခြား)တွင်ပါဝင်သော အကြိုအင်ဂျင်နီယာလုပ်ငန်း(၆)ခုအား လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို (၁၃.၁၂.၂၀၂၁)ရက်နေ့မှစ၍ အစိုးရနည်းပညာကောလိပ် (နေ ပြည်တော်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)တို့တွင် ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၁၃.၁.၂၀၂၂) ရက်နေ့၊ ညနေ(၄း၀၀) နာရီ နောက်ဆုံးထား၍ မိမိတို့တင်ဒါပုံစံဝယ်ယူခဲ့သောကျောင်းများတွင် တင်ဒါပုံစံများအား ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန် အတွင်းဖုန်းနံပါတ် ၀၆၇၃၄၀၄၀၂၀၊ ၀၆၇၃၄၀၄၄၈၀ နှင့် Website ဖြစ်သော www.tvet.edu.mm တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန