Home Page တွင် ပေါ်ရန်

အစိုးရနည်းပညာကောလိပ်များတွင် B.Tech ပထမနှစ် (ပထမနှစ်ဝက်) ဝင်ခွင့်ရသူများ စာရင်းအား ထုတ်ပြန် ကြေညာခြင်း

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာ ကောလိပ်များတွင် B.Tech ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

အစိုးရနည်းပညာကောလိပ်/သိပ္ပံ/ကျောင်းများတွင် လစ်လပ် လျက်ရှိသော အမှုထမ်း ရာထူးနေရာများအတွက် လျှောက်လွှာ ခေါ်ယူခြင်း

တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ အတွက် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ ပြီး လျှောက်ထားလိုသူများသည် လျှောက်လွှာများကို မိမိနှင့် နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်/နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျောင်းများတွင်  လျှောက်လွှာတင်သွင်းနိုင်ပါသည်။ လျှောက်ထားသူများတွင် ရှိရမည့် သတ်မှတ်

စာရင်းကိုင်-၄ ရာထူးနှင့် အငယ်တန်းစာရေးရာထူး နေရာများအတွက် ရေးဖြေ စာမေးပွဲ အောင်မြင်သူ များစာရင်း

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ကျောင်းနှင့်ဌာန များတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်-၄ ရာထူးနေရာ (၇၅) နေရာနှင့် အငယ် တန်းစာရေး ရာထူးနေရာ (၁၅၇) နေရာ၊ စုစုပေါင်း (၂၃၂) နေရာ ရွေးချယ်ခန့်ထားနိုင်ရေး အတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို သက်ဆိုင်ရာ ကျောင်း၊ ဌာနအသီးသီး၌ (၂၃-၇-၂၀၂၂) ရက်နေ့နှင့် (၂၄-၇-၂၀၂၂) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အရည်အချင